iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္ဒမီမ်ားရွင္ မင္းသားေခ်ာၾကီး ရန္ေအာင္ကိုေတ့ာ ပရိသတ္မ်ား အားလံုးလည္း ရင္းႏွီးျပီးသား ျဖစ္သလို ပရိသတ္ေတာ္ေတာ္မ်ားမ်ားလည္း လက္ခံတဲ့ မင္းသားတေယာက္လည္း ျဖစ္ပါတယ္။ ရန္ေအာင္ကေတာ့ သူရထားတဲ့ အကယ္ဒမီရုပ္ထုက ၾကယ္ေတြ အခိုးခံရတဲ့ အေၾကာင္း ေျပာျပခဲ့ျပီး ေနာက္ထပ္လည္း အကယ္ဒမီေတြကို လိုခ်င္ပါေသးတယ္ ၾကိဳးစားသြားပါဦးမယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

MC 7 နဲ႔ အင္တာဗ်ဴးမွာေတာ့ ရန္ေအာင္က “ၾကယ္ေတြကေတာ့ ခိုးယူခ်င္လို႔ လာခိုးသြားတာေပါ့ဗ်ာ။ တခုကို ၁ က်ပ္သားရွိတယ္ဆိုတာ သိလို႔ ေသာ့ခတ္ထားတာကို အဲ့လိုပဲ ဖြင့္ျပီးေတာ့ ခိုးသြားတာေပါ့။ ကြ်န္ေတာ္အဲ့လိုျဖစ္သြားတာကေတာ့ ေတာ္ေတာ္ကို ေဒါသထြက္တယ္။ ကိုယ္တန္ဖိုးထားတဲ့ ပစၥည္းကိုယ္ေတာင္ မထိရက္လို႔ ေသာ့ခတ္ထားတာ။ တခ်ိဳ႔ဆိုခ်က္ခ်င္းကိုၾကယ္ကို ျဖဳတ္ျပီးလွဲလိုက္တယ္ေလ။ သူမ်ားေတြလည္း ေျပာပါတယ္။ ျဖဳတ္ျပီးေတာ့ လွဲလိုက္ပါဆိုျပီးေတာ့။ ေရႊေရစိမ္ထားတဲ့ ၾကယ္တခုကို တပ္ျပီး အဲ့ၾကယ္အစစ္ကို ေရာင္းေရာင္းလွဴလွဴေပါ့ေနာ္. ကြ်န္ေတာ္က်ေတာ့ မျဖဳတ္ပဲနဲ႔ကို ထားထားတာ။ ဒါေပမယ့္လည္း ျပန္ရခဲ့ပါတယ္။ အကုန္ျပန္ရခဲ့ပါတယ္”

“အကယ္ဒမီကေတာ့ လိုခ်င္တာေပါ့ဗ်ာ။ ကိုယ္ကလည္း သရုပ္ေဆာင္ကို တစိုက္မတ္မတ္နဲ႔ လုပ္တတ္တဲ့သူတေယာက္ဆိုေတာ့ လိုခ်င္တာေပါ့။ ဒါက ကိုယ့္ရဲ့ အမွတ္တရ မွတ္တိုင္ေလးတခုေပါ့။ ကြ်န္ေတာ့္မွာဆိုလည္း အကယ္ဒမီ ၆ ဆုရွိတယ္ဆိုတာကုိ ကြ်န္ေတာ့္ဘဝမွတ္တိုင္တခု အျဖစ္ ကြ်န္ေတာ္ေျပာလို႔ရတယ္။ ေနာင္လာေနာက္သားေတြမွာလည္း အကယ္ဒမီက ဘယ္သူအမ်ားဆံုးရထားတာလည္းဆိုတဲ့ အခ်ိန္မွာ ရန္ေအာင္ကေတာ့ ၆ ဆု ရထားတယ္။ ျပီးေတာ့ ဇာတ္ေဆာင္ဆုေတြပဲ ျဖစ္တယ္ဆိုတာကို ေျပာလို႔ရတာေပါ့။ ေနာက္ထပ္ဆုေတြလည္း ထပ္ျပီးေတာ့ လိုခ်င္ပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္လုပ္တဲ့အလုပ္တခုကို အသိအမွတ္ျပဳေပးတဲ့ဟာေလးပါ”

“ကြ်န္ေတာ္တို႔လည္း ဝါသနာပါလို႔ သရုပ္ေဆာင္လုပ္တယ္။ ျပီးေတာ့ ကိုယ့္နာမည္မွာ အကယ္ဒမီပါခ်င္တယ္။ အကယ္ဒမီကေန ထပ္ဆင့္အကယ္ဒမီ ျဖစ္ခ်င္လာတယ္။ အဲ့စိတ္ေၾကာင့္လည္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

အလုပ္အားလံုးကို တကယ္ၾကိဳးစားျပီးေတ့ာမွ ေထာင့္စိေအာင္ ၾကိဳးစားျဖစ္ပါတယ္။ ကိုယ့္မွာ အကယ္ဒမီေတြ အမ်ားၾကီးရွိတာေၾကာင့္ ပိုေကာင္းတာေတြ လုပ္ျဖစ္တယ္။ ျပီးေတာ့ အကယ္ဒမီေတြ အမ်ားၾကီးရွိရဲ့သားနဲ႔ မိန္းမလိုဝတ္တဲ့ကားေတြ ဘာလို႔ရိုက္တာလဲဆိုေတာ့ ဒါကေတာ့ ခြ်င္းခ်က္ေပ့ါဗ်ာ။ လားငွားၾကလို႔ လာျပီးေတာ့ ေတာင္းဆိုၾကလို႔ေပါ့ဗ်ာ။ အမွန္ဆိုရင္ေတာ့ ကိုယ္က အဲ့လိုမ်ိဳး မရိုက္ခ်င္ဘူး။ အဲ့လိုရိုက္ရတာ အရမ္းပင္ပန္းတယ္။ ဒီအဝတ္စားေတြ အသံုးေဆာင္ေတြ ျပင္ဆင္မႈေတြက ကိုယ္က မလုပ္တတ္ဘူး။ ျပီးေတာ့ အကုန္အသစ္ျပန္ဝယ္ရတာေလ။ အဲ့လိုေလာကမွာ ဘယ္လုိေျပာၾက ဆိုၾကလဲဆိုတာကိုလည္း ေလ့လာရပါေသးတယ္” ဟု ေျဖၾကားသြားခဲ့ပါတယ္။

အကယ်ဒမီများရှင် မင်းသားချောကြီး ရန်အောင်ကိုတေ့ာ ပရိသတ်များ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်သလို ပရိသတ်တော်တော်များများလည်း လက်ခံတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ရန်အောင်ကတော့ သူရထားတဲ့ အကယ်ဒမီရုပ်ထုက ကြယ်တွေ အခိုးခံရတဲ့ အကြောင်း ပြောပြခဲ့ပြီး နောက်ထပ်လည်း အကယ်ဒမီတွေကို လိုချင်ပါသေးတယ် ကြိုးစားသွားပါဦးမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

MC 7 နဲ့ အင်တာဗျူးမှာတော့ ရန်အောင်က “ကြယ်တွေကတော့ ခိုးယူချင်လို့ လာခိုးသွားတာပေါ့ဗျာ။ တခုကို ၁ ကျပ်သားရှိတယ်ဆိုတာ သိလို့ သော့ခတ်ထားတာကို အဲ့လိုပဲ ဖွင့်ပြီးတော့ ခိုးသွားတာပေါ့။ ကျွန်တော်အဲ့လိုဖြစ်သွားတာကတော့ တော်တော်ကို ဒေါသထွက်တယ်။ ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းကိုယ်တောင် မထိရက်လို့ သော့ခတ်ထားတာ။ တချို့ဆိုချက်ချင်းကိုကြယ်ကို ဖြုတ်ပြီးလှဲလိုက်တယ်လေ။ သူများတွေလည်း ပြောပါတယ်။ ဖြုတ်ပြီးတော့ လှဲလိုက်ပါဆိုပြီးတော့။ ရွှေရေစိမ်ထားတဲ့ ကြယ်တခုကို တပ်ပြီး အဲ့ကြယ်အစစ်ကို ရောင်းရောင်းလှူလှူပေါ့နော်. ကျွန်တော်ကျတော့ မဖြုတ်ပဲနဲ့ကို ထားထားတာ။ ဒါပေမယ့်လည်း ပြန်ရခဲ့ပါတယ်။ အကုန်ပြန်ရခဲ့ပါတယ်”

“အကယ်ဒမီကတော့ လိုချင်တာပေါ့ဗျာ။ ကိုယ်ကလည်း သရုပ်ဆောင်ကို တစိုက်မတ်မတ်နဲ့ လုပ်တတ်တဲ့သူတယောက်ဆိုတော့ လိုချင်တာပေါ့။ ဒါက ကိုယ့်ရဲ့ အမှတ်တရ မှတ်တိုင်လေးတခုပေါ့။ ကျွန်တော့်မှာဆိုလည်း အကယ်ဒမီ ၆ ဆုရှိတယ်ဆိုတာကို ကျွန်တော့်ဘဝမှတ်တိုင်တခု အဖြစ် ကျွန်တော်ပြောလို့ရတယ်။ နောင်လာနောက်သားတွေမှာလည်း အကယ်ဒမီက ဘယ်သူအများဆုံးရထားတာလည်းဆိုတဲ့ အချိန်မှာ ရန်အောင်ကတော့ ၆ ဆု ရထားတယ်။ ပြီးတော့ ဇာတ်ဆောင်ဆုတွေပဲ ဖြစ်တယ်ဆိုတာကို ပြောလို့ရတာပေါ့။ နောက်ထပ်ဆုတွေလည်း ထပ်ပြီးတော့ လိုချင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ်တခုကို အသိအမှတ်ပြုပေးတဲ့ဟာလေးပါ”

“ကျွန်တော်တို့လည်း ဝါသနာပါလို့ သရုပ်ဆောင်လုပ်တယ်။ ပြီးတော့ ကိုယ့်နာမည်မှာ အကယ်ဒမီပါချင်တယ်။ အကယ်ဒမီကနေ ထပ်ဆင့်အကယ်ဒမီ ဖြစ်ချင်လာတယ်။ အဲ့စိတ်ကြောင့်လည်း အလုပ်အားလုံးကို တကယ်ကြိုးစားပြီးတေ့ာမှ ထောင့်စိအောင် ကြိုးစားဖြစ်ပါတယ်။ ကိုယ့်မှာ အကယ်ဒမီတွေ အများကြီးရှိတာကြောင့် ပိုကောင်းတာတွေ လုပ်ဖြစ်တယ်။ ပြီးတော့ အကယ်ဒမီတွေ အများကြီးရှိရဲ့သားနဲ့ မိန်းမလိုဝတ်တဲ့ကားတွေ ဘာလို့ရိုက်တာလဲဆိုတော့ ဒါကတော့ ချွင်းချက်ပေ့ါဗျာ။ လားငှားကြလို့ လာပြီးတော့ တောင်းဆိုကြလို့ပေါ့ဗျာ။ အမှန်ဆိုရင်တော့ ကိုယ်က အဲ့လိုမျိုး မရိုက်ချင်ဘူး။ အဲ့လိုရိုက်ရတာ အရမ်းပင်ပန်းတယ်။ ဒီအဝတ်စားတွေ အသုံးဆောင်တွေ ပြင်ဆင်မှုတွေက ကိုယ်က မလုပ်တတ်ဘူး။ ပြီးတော့ အကုန်အသစ်ပြန်ဝယ်ရတာလေ။ အဲ့လိုလောကမှာ ဘယ်လိုပြောကြ ဆိုကြလဲဆိုတာကိုလည်း လေ့လာရပါသေးတယ်” ဟု ဖြေကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top