ၿပည္တြင္း ႐ုပ္ရွင္ရိုက္ကူးထုတ္လုပ္သူမ်ားအေနျဖင့္ Line Walker 2 ကဲ့သို႔ လက္နက္အစစ္မ်ားကိုအသံုးျပဳ၍ ႐ုပ္ရွင္ ရိုက္ကူးရန္မည္သို႔ ခြင့္ျပဳခ်က္ေလွ်ာက္တင္ရမည္ကို မသိပါက မိမိထံတြင္ အကူအညီေတာင္းနိုင္ေၾကာင္း အကယ္ဒမီေဒေဆြဇင္ထိုက္က ေျပာသည္။

“ေသနတ္မွာ ႏွစ္မ်ိဳးရွိတယ္။ army လိုင္စင္ရယ္၊ အရပ္ဘက္လိုင္စင္ရယ္ ဆိုတာရွိတယ္။လက္နက္နဲ႔ လက္နက္ နဲ႔သက္ဆိုင္တဲ့ပစၥည္းေတြကို အရပ္ဘက္သမားကသုံးမယ္ဆိုရင္ အရပ္ဘက္လိုင္စင္လုပ္ရတယ္။။ ကၽြန္မတို႔ကအခု ယာယီိလိုင္စင္လုပ္ၿပီေတာ့ သြင္းတာျဖစ္ပါတယ္။ သူတို႔မွ(ျပည္တြင္း႐ုပ္ရွင္ထုတ္လုပ္ရိုက္ကူးသူမ်ား) လိုင္စင္မေလၽွာက္တာကိုး၊ ေလၽွာက္ရင္ ရ ရမွာေပါ့။ ဒီလိုရိုက္ခ်င္တယ္ဆိုလဲ ဒီလိုသက္ဆိုင္ရာ၀န္ႀကီးဌာနကို ေလၽွာက္ရမယ္ေလ။ မေလၽွာက္ပဲနဲ႔ခိုးရိုက္တာေတာ့ ဘယ္ျဖစ္မလဲ။ ဘယ္လိုေလၽွာက္ရမလဲဆိုတာ မသိရင္ ကၽြန္မကိုလာေတြ႕ ကၽြန္မရွင္းျပလိုက္မယ္”ဟု ၄င္းကေျပာသည္။

Line walker 2 ႐ုပ္ရွင္ဇာတ္ကားကို ျမန္မာျပည္တြင္ရိုက္ကူးရန္ ျမန္မာက်ပ္ေငြ ၁ ဘီလီယံအသုံးျပဳရိုက္ကူး ၍ လူအင္အားမွာ ၁၄၀ေက်ာ္ပါ၀င္ေၾကာင္း၊ ေနစာရိတ္၊ ဒစားစရိတ္၊ သြားလာရန္ေမာ္ေတာ္ကားဌားရမ္းစရိတ္၊ စက္ပစၥည္းဌားစရိတ္မ်ားကုန္က်ၿပီ၊ ၄င္းတို႔ယူေဆာင္လာသည့္ ပစၥည္းမ်ားအတြက္ နိုင္ငံေတာ္သို႔ အခြန္အခ ေပးေဆာင္ရေၾကာင္း၊ ယင္းအျပင္ ၄င္းတို႔ျပန္ထြက္ခြာသြားသည့္အခါ က်န္ရစ္ခဲ့သည့္ပစၥည္းမ်ားအတြက္လည္း အခြန္ေဆာင္ရေၾကာင္း၊ ယင္း႐ုပ္ရွင္ကားရိုက္ကူးေသာေၾကာင့္ နိုင္ငံ၏ပံုရိပ္ႏွင့္ တည္ေနရာကိုကမၻာမွ သိရွိမည္ ျဖစ္ကာ ယခုကဲ့သို႔ ျမန္မာနိုင္ငံအတြင္း ရိုက္ကူးရန္နည္းလမ္းသိရွိသြားပါက ကမၻာတြင္လုပ္အားခနည္းေသာ နိုင္ငံျဖစ္သည့္အတြက္ အျခားကမၻာေက်ာ္႐ုပ္ရွင္ကားမ်ား လာေရာက္ရိုက္ကူးရန္စိတ္၀င္စားနိုင္ေၾကာင္း ေဒၚေဆြဇင္ထိုက္က ဆက္လက္ေျပာၾကားသည္။

Line walker 2 ႐ုပ္ရွင္ဇာတ္ကားကို ေဟာေကာင္အေျခဆိုက္ Shaw Brother International ကုမၸဏီမွ ရိုက္ ကူးျခင္းျဖစ္သည္။ ယင္းဇာတ္ကားရိုက္ကို ေဖေဖာ္ဝါရီ ၂၂ရက္ေန႔မွ စတင္ကာ ၂၆ရက္ေန႔အထိ မနက္၆နာရီမွ ည၆နာရိအထိ ဆူးလဘုးရားလမ္းအား အေနာ္ရထားလမ္းလူကူးခုံးေက်ာ္တံတားမွ ဆူးေလးဘုရားလူကူး မ်ဥ္းက်ား၊ မီးသတ္ဖက္ျခမ္းကို လမ္းပိတ္လမ္းလြဲျပဳလုပ္ကာ ရဟက္ယာဥ္မ်ား၊ ေမာ္ေတာ္ကားမ်ား၊ ေသနတ္ အစစ္မ်ားအသုံးျပဳ၍ အက္ရွင္ခန္းမ်ားကို ရိုက္ကူးလၽွက္ရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:News Watch

#Unicode Version#
 ပြည်တွင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် Line Walker 2 ကဲ့သို့ လက်နက်အစစ်များကိုအသုံးပြု၍ ရုပ်ရှင် ရိုက်ကူးရန်မည်သို့ ခွင့်ပြုချက်လျှောက်တင်ရမည်ကို မသိပါက မိမိထံတွင် အကူအညီတောင်းနိုင်ကြောင်း အကယ်ဒမီဒေဆွေဇင်ထိုက်က ပြောသည်။

“သေနတ်မှာ နှစ်မျိုးရှိတယ်။ army လိုင်စင်ရယ်၊ အရပ်ဘက်လိုင်စင်ရယ် ဆိုတာရှိတယ်။လက်နက်နဲ့ လက်နက် နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကို အရပ်ဘက်သမားကသုံးမယ်ဆိုရင် အရပ်ဘက်လိုင်စင်လုပ်ရတယ်။။ ကျွန်မတို့ကအခု ယာယီလိုင်စင်လုပ်ပြီတော့ သွင်းတာဖြစ်ပါတယ်။ သူတို့မှ(ပြည်တွင်းရုပ်ရှင်ထုတ်လုပ်ရိုက်ကူးသူများ) လိုင်စင်မလျှောက်တာကိုး၊ လျှောက်ရင် ရ ရမှာပေါ့။ ဒီလိုရိုက်ချင်တယ်ဆိုလဲ ဒီလိုသက်ဆိုင်ရာဝန်ကြီးဌာနကို လျှောက်ရမယ်လေ။ မလျှောက်ပဲနဲ့ခိုးရိုက်တာတော့ ဘယ်ဖြစ်မလဲ။ ဘယ်လိုလျှောက်ရမလဲဆိုတာ မသိရင် ကျွန်မကိုလာတွေ့ ကျွန်မရှင်းပြလိုက်မယ်”ဟု ၎င်းကပြောသည်။

Line walker 2 ရုပ်ရှင်ဇာတ်ကားကို မြန်မာပြည်တွင်ရိုက်ကူးရန် မြန်မာကျပ်ငွေ ၁ ဘီလီယံအသုံးပြုရိုက်ကူး ၍ လူအင်အားမှာ ၁၄၀ကျော်ပါဝင်ကြောင်း၊ နေစာရိတ်၊ ဒစားစရိတ်၊ သွားလာရန်မော်တော်ကားဌားရမ်းစရိတ်၊ စက်ပစ္စည်းဌားစရိတ်များကုန်ကျပြီ၊ ၎င်းတို့ယူဆောင်လာသည့် ပစ္စည်းများအတွက် နိုင်ငံတော်သို့ အခွန်အခ ပေးဆောင်ရကြောင်း၊ ယင်းအပြင် ၎င်းတို့ပြန်ထွက်ခွာသွားသည့်အခါ ကျန်ရစ်ခဲ့သည့်ပစ္စည်းများအတွက်လည်း အခွန်ဆောင်ရကြောင်း၊ ယင်းရုပ်ရှင်ကားရိုက်ကူးသောကြောင့် နိုင်ငံ၏ပုံရိပ်နှင့် တည်နေရာကိုကမ္ဘာမှ သိရှိမည် ဖြစ်ကာ ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ရိုက်ကူးရန်နည်းလမ်းသိရှိသွားပါက ကမ္ဘာတွင်လုပ်အားခနည်းသော နိုင်ငံဖြစ်သည့်အတွက် အခြားကမ္ဘာကျော်ရုပ်ရှင်ကားများ လာရောက်ရိုက်ကူးရန်စိတ်ဝင်စားနိုင်ကြောင်း ဒေါ်ဆွေဇင်ထိုက်က ဆက်လက်ပြောကြားသည်။

Line walker 2 ရုပ်ရှင်ဇာတ်ကားကို ဟောကောင်အခြေဆိုက် Shaw Brother International ကုမ္ပဏီမှ ရိုက် ကူးခြင်းဖြစ်သည်။ ယင်းဇာတ်ကားရိုက်ကို ဖေဖော်ဝါရီ ၂၂ရက်နေ့မှ စတင်ကာ ၂၆ရက်နေ့အထိ မနက်၆နာရီမှ ည၆နာရိအထိ ဆူးလဘုးရားလမ်းအား အနော်ရထားလမ်းလူကူးခုံးကျော်တံတားမှ ဆူးလေးဘုရားလူကူး မျဉ်းကျား၊ မီးသတ်ဖက်ခြမ်းကို လမ်းပိတ်လမ်းလွဲပြုလုပ်ကာ ရဟက်ယာဉ်များ၊ မော်တော်ကားများ၊ သေနတ် အစစ်များအသုံးပြု၍ အက်ရှင်ခန်းများကို ရိုက်ကူးလျှက်ရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top