iMyanmarHouse.com - Best Property Website for Myanmar
×

 ဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ ခင္ပြန္းျဖစ္သူ ဘုဏ္းသိုက္နဲ႔ လမ္းခြဲျပီးေနာက္ပိုင္း သမီးေလးနဲ႔အတူ ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနပါတယ္။ အေဖ့ေမတၱာ ငတ္ရတဲ့ သမီးေလး မျဖစ္ေအာင္ အေဖတစ္လွည့္ အေမတစ္လွည့္ ေစာင့္ေရွာက္ခြင့္ကိုေတာ့ ခ်မ္းခ်မ္းက အျပည့္အဝ ခြင့္ျပဳထားပါတယ္။ အိမ္ေထာင္ေရးနဲ႕ ပတ္သက္လို႕ ခံစားခ်က္ေတြ ရွိခဲ့တဲ့ ခ်မ္းခ်မ္းက လတ္တေလာမွာ က်န္းမာေရး သိပ္မေကာင္းဘူးလို႔ သိရပါတယ္။

“အမွန္အတိုင္း ေျပာရရင္ေတာ့ က်န္းမာေရး သိပ္မေကာင္းဘူး။ အမက အာရံုေၾကာနဲ႔ ပတ္သက္တာမ်ိဳး ေရာဂါရွိတဲ့ အခါက်ေတာ့ ႏွလံုးကလည္း မေကာင္းဘူး ။ အခုေလာေလာဆယ္ အလုပ္လည္း လုပ္ပါတယ္။ ဒါေပမဲ့ သမီးနဲ႕ ပိုေနျဖစ္တယ္။ ေလာကမွာ ကိုယ္ဘယ္ေလာက္ထိ ေနရမယ္ ဆိုတာ ကိုယ္အသိဆံုးပဲေလ။ ကိုယ့္က်န္းမာေရး အေျခအေနေပၚ မူတည္ျပီး ကိုယ္လုပ္ႏိုင္ မလုပ္ႏိုင္ဆိုတာ ရွိတယ္။ အမ အရင္ကေလာက္ ေလာဘ သိပ္မၾကီးေတာ့ဘူး။ အလုပ္ေတြလည္း သိပ္မလုပ္ျဖစ္ေတာ့ဘူး။ ခ်မ္းသာလို႕ရယ္ေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ စားႏိုင္ေသာက္ႏိုင္ရင္ ေတာ္ျပီဆိုတဲ့ စိတ္ပဲ ေမြးလိုက္တယ္။ အမ သမီးအတြက္ လံုေလာက္ျပီဆိုရင္ ရျပီ။ အမဝါသနာပါတာေလးေတြ လုပ္ျဖစ္တယ္။ သီခ်င္းေရးျဖစ္တယ္။ ဒါေပမဲ့ ဟိုလိုမ်ိဳးၾကီး ကိုယ္တိုင္ ပါဝင္ျပီး အေသးစိပ္က အစ မလုပ္ႏိုင္ေသးဘူး။ သမီးေလးတစ္ဖက္နဲ႕ ဆိုေတာ့။” ဆိုျပီး ေျပာျပသြားပါတယ္။

ခုေနာက္ပိုင္း စိတ္ခ်မ္းသာေနတဲ့ အေၾကာင္းရင္းကိုလည္း ခ်မ္းခ်မ္းက ခုလို ေျပာသြားပါတယ္။“အဓိကက ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ေနျဖစ္ေတာ့တာပဲ။ ျပီးေတာ့ ကိုယ္ခ်စ္တဲ့ သူေတြနားမွာေနတယ္။ ကိုယ္ခ်စ္ရတဲ့သူ အနားမွာ ေနရတာ ေတာ္ေတာ္ပင္ပန္းတယ္။ ဆိုေတာ့ က်န္ရွိတဲ့ ဘဝမွာ အမကို ခ်စ္တဲ့သူေတြအနားမွာပဲ ေနမယ္။ အမ ဘာပဲျဖစ္ျဖစ္ ရယ္ဒီလုပ္ေပးမယ္ဆိုတဲ့ စိတ္ရွိသူေတြေပါ့။” လို႕ ဆိုပါတယ္။

အခ်စ္သစ္ရွာမွာလားဆိုတဲ့ ေမးခြန္းကိုေတာ့ ခ်မ္းခ်မ္းက ခုလို ေျပာသြားပါတယ္။

“မိန္းကေလးပဲျဖစ္ျဖစ္ ေယာက်္ားေလးပဲ ျဖစ္ျဖစ္ ကိုယ့္အေပၚ ေကာင္းေနတယ္ဆိုရင္ ဘယ္သူမဆို ေပ်ာ္တာပဲ။ ဝမ္းသာတာပဲ။ ကိုယ္စိတ္ညစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ ထြက္ေပါက္အေနနဲ႕ ကိုယ့္ေဘးမွာ သူငယ္ခ်င္းေတြ မိတ္ေဆြေတြ ရွိရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမဲ့ အမ ယူဖို႕အထိေတာ့ ဘယ္သူ႕ကိုမွ မစဥ္းစားထားပါဘူး။ အမ သမီးကို ပေထြးလည္း မထားခ်င္ဘူး။ မိေထြးလည္း မလိုဘူး။ ဒါေပမဲ့ အမတို႕သည္ လူျဖစ္တဲ့အတြက္ ေသြးနဲ႔သားနဲ႕ တည္ေဆာက္ထားတာ ျဖစ္တဲ့အတြက္ ကိုယ္ဝမ္းနည္းတဲ့ အခ်ိန္မ်ိဳးမွာ ကိုယ့္ကို ေဖးမမယ့္ မိသားစု အသိုင္းအဝိုင္း မိတ္ေဆြနည္းနဲ႕ပဲ သြားမွာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆိုတော် ချမ်းချမ်းကတော့ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ လမ်းခွဲပြီးနောက်ပိုင်း သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ အဖေ့မေတ္တာ ငတ်ရတဲ့ သမီးလေး မဖြစ်အောင် အဖေတစ်လှည့် အမေတစ်လှည့် စောင့်ရှောက်ခွင့်ကိုတော့ ချမ်းချမ်းက အပြည့်အဝ ခွင့်ပြုထားပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ခံစားချက်တွေ ရှိခဲ့တဲ့ ချမ်းချမ်းက လတ်တလောမှာ ကျန်းမာရေး သိပ်မကောင်းဘူးလို့ သိရပါတယ်။

“အမှန်အတိုင်း ပြောရရင်တော့ ကျန်းမာရေး သိပ်မကောင်းဘူး။ အမက အာရုံကြောနဲ့ ပတ်သက်တာမျိုး ရောဂါရှိတဲ့ အခါကျတော့ နှလုံးကလည်း မကောင်းဘူး ။ အခုလောလောဆယ် အလုပ်လည်း လုပ်ပါတယ်။ ဒါပေမဲ့ သမီးနဲ့ ပိုနေဖြစ်တယ်။ လောကမှာ ကိုယ်ဘယ်လောက်ထိ နေရမယ် ဆိုတာ ကိုယ်အသိဆုံးပဲလေ။ ကိုယ့်ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ကိုယ်လုပ်နိုင် မလုပ်နိုင်ဆိုတာ ရှိတယ်။ အမ အရင်ကလောက် လောဘ သိပ်မကြီးတော့ဘူး။ အလုပ်တွေလည်း သိပ်မလုပ်ဖြစ်တော့ဘူး။ ချမ်းသာလို့ရယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ စားနိုင်သောက်နိုင်ရင် တော်ပြီဆိုတဲ့ စိတ်ပဲ မွေးလိုက်တယ်။ အမ သမီးအတွက် လုံလောက်ပြီဆိုရင် ရပြီ။ အမဝါသနာပါတာလေးတွေ လုပ်ဖြစ်တယ်။ သီချင်းရေးဖြစ်တယ်။ ဒါပေမဲ့ ဟိုလိုမျိုးကြီး ကိုယ်တိုင် ပါဝင်ပြီး အသေးစိပ်က အစ မလုပ်နိုင်သေးဘူး။ သမီးလေးတစ်ဖက်နဲ့ ဆိုတော့။” ဆိုပြီး ပြောပြသွားပါတယ်။

ခုနောက်ပိုင်း စိတ်ချမ်းသာနေတဲ့ အကြောင်းရင်းကိုလည်း ချမ်းချမ်းက ခုလို ပြောသွားပါတယ်။“အဓိကက ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေဖြစ်တော့တာပဲ။ ပြီးတော့ ကိုယ်ချစ်တဲ့ သူတွေနားမှာနေတယ်။ ကိုယ်ချစ်ရတဲ့သူ အနားမှာ နေရတာ တော်တော်ပင်ပန်းတယ်။ ဆိုတော့ ကျန်ရှိတဲ့ ဘဝမှာ အမကို ချစ်တဲ့သူတွေအနားမှာပဲ နေမယ်။ အမ ဘာပဲဖြစ်ဖြစ် ရယ်ဒီလုပ်ပေးမယ်ဆိုတဲ့ စိတ်ရှိသူတွေပေါ့။” လို့ ဆိုပါတယ်။

အချစ်သစ်ရှာမှာလားဆိုတဲ့ မေးခွန်းကိုတော့ ချမ်းချမ်းက ခုလို ပြောသွားပါတယ်။

“မိန်းကလေးပဲဖြစ်ဖြစ် ယောကျ်ားလေးပဲ ဖြစ်ဖြစ် ကိုယ့်အပေါ် ကောင်းနေတယ်ဆိုရင် ဘယ်သူမဆို ပျော်တာပဲ။ ဝမ်းသာတာပဲ။ ကိုယ်စိတ်ညစ်နေတဲ့ အချိန်မျိုးမှာ ထွက်ပေါက်အနေနဲ့ ကိုယ့်ဘေးမှာ သူငယ်ချင်းတွေ မိတ်ဆွေတွေ ရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အမ ယူဖို့အထိတော့ ဘယ်သူ့ကိုမှ မစဉ်းစားထားပါဘူး။ အမ သမီးကို ပထွေးလည်း မထားချင်ဘူး။ မိထွေးလည်း မလိုဘူး။ ဒါပေမဲ့ အမတို့သည် လူဖြစ်တဲ့အတွက် သွေးနဲ့သားနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကိုယ်ဝမ်းနည်းတဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဖေးမမယ့် မိသားစု အသိုင်းအဝိုင်း မိတ်ဆွေနည်းနဲ့ပဲ သွားမှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top