ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×


ပိုင္တံခြန္ရဲ႕ အဖြားဟာ ဒီေန႔(ေဖေဖာ္ဝါရီ ၂၈ရက္)မွာ ကြယ္လြန္သြားတယ္လို႔သိရပါတယ္။ အဖြားရဲ႕ နာေရးကို မသြားႏိုင္တဲ့အတြက္လည္း ပိုင္တံခြန္တစ္ေယာက္ အရမ္းစိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

သ႐ုုပ္ေဆာင္ ပိုင္တံခြန္ဟာ အဖြားျဖစ္သူရဲ႕ ေနာက္ဆုံးခရီးကို မမီလိုက္တဲ့ စိတ္မေကာင္းျဖစ္လို႔ေနသလို အလုပ္ေတြေၾကာင့္ အဖြားရဲ႕ နားေရးကို မသြားႏိုင္တဲ့အတြက္ ဝမ္းနည္းလို႔ေနပါတယ္။ အဖြားရဲ႕ သတင္းကို ၾကားၿပီး သူ႔အေနနဲ႔ အရမ္းကို စိတ္မေကာင္းျဖစ္ေနသလို အခုခ်ိန္မွာ သူ႔ရဲ႕ မိခင္ ဘယ္လိုမ်ား ခံစားေနရမလဲဆိုတာ ေတြ႕ၿပီး စိတ္ပူလို႔ ေနပါတယ္။

“1:30 ရင္ထဲမွာ ဆို႔နစ္ေအာင္ခံစားရပါတယ္ ဖြားဖြား ခုခ်ိန္အေမ့ ရင္ထဲမွာလည္း ပူေလာင္ေနမွာပါ။ မၿပီးျပတ္ေသးတဲ့အလုပ္ေတြေၾကာင့္ အဖြားနာေရး သားျပန္လာခ်င္လဲ အေရာက္မလာႏိုင္ခဲ့တာ အမ်ိဳးေတြအားလုံးကို နားလည္ေစခ်င္ပါတယ္”လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေဖေဖာ္ဝါရီ(၂၈)ရက္ေန႔က ေရးသားထားပါတယ္။


ပိုင္တံခြန္ရဲ႕ အဖြားဟာ ဒီေန႔မွာ ကြယ္လြန္သြားခဲ့တာပါ။ အဖြားနဲ႔ အတူ ႐ိုက္ထားတဲ့ ပုံေလးေတြကို တင္ၿပီး ပိုင္တံခြန္တစ္ေယာက္ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ အဖြားအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ ပိုင္တံခြန္ကို သူ႔ရဲ႕ ပရိသတ္ေတြကလည္း အားေပးစကားေတြ ေျပာေပးထားၾကပါေသးတယ္။ပိုင္တံခြန္က လက္ရွိမွာ ပြဲေတြ ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ျဖစ္ေနၿပီး အႏုပညာအလုပ္ေတြ ဆက္တိုင္ဆိုသလို လုပ္ေနတာလည္း ေတြ႕ရပါတယ္။ထို႔အျပင္ သူ႔နာမည္နဲ႔ ကိုယ္ပိုင္ Brand တစ္ခု ထြက္ဖို႔ကိုလည္း ျပင္ဆင္ေနပါတယ္။

“ ေလာေလာဆယ္မွာ ေယာက်္ားေလးေရာ၊ မိန္းကေလးေရာ သုံးလို႔ရမယ့္ ပစၥည္းတစ္ခုကို ကြၽန္ေတာ္ ထုတ္ေနတယ္။ သိပ္မၾကာခင္မွာ ပရိသတ္လက္ထဲကို ကြၽန္ေတာ္ ထည့္ေပးမယ္။ ဒါေပမယ့္ အဲ့ဒါ ဘာပစၥည္း ဘာ Brand လဲ လို႔ေမးရင္ ကြၽန္ေတာ္ ေျဖလို႔မရေသးဘူး။ Brand နဲ႔ ပတ္သက္ၿပီး မၿပီးေျမာက္ေသးတဲ့ ကိစၥေတြလည္းရွိေနေတာ့ အမွားအယြင္းျဖစ္မွာကိုလည္း ကြၽန္ေတာ္ စိုးရိမ္တယ္''လို႔ Duwun Media သို႔ ေျဖဆိုဖူးပါတယ္။

ေမာ္ဒယ္အလုပ္မွာေအာင္ျမင္သလို၊ သ႐ုပ္ေဆာင္အလုပ္မွာလည္း တျဖည္းျဖည္းနဲ႔ ႐ိုက္ကူးေရးေတြမ်ားလာတဲ့ ပိုင္တံခြန္(Paing Takhon) က ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ ခ်စ္သူ ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ မွာ ထြက္ရွိခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#


ပိုင်တံခွန်ရဲ့ အဖွားဟာ ဒီနေ့(ဖေဖော်ဝါရီ ၂၈ရက်)မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။ အဖွားရဲ့ နာရေးကို မသွားနိုင်တဲ့အတွက်လည်း ပိုင်တံခွန်တစ်ယောက် အရမ်းစိတ်မကောင်းဖြစ်လို့နေပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ဟာ အဖွားဖြစ်သူရဲ့ နောက်ဆုံးခရီးကို မမီလိုက်တဲ့ စိတ်မကောင်းဖြစ်လို့နေသလို အလုပ်တွေကြောင့် အဖွားရဲ့ နားရေးကို မသွားနိုင်တဲ့အတွက် ဝမ်းနည်းလို့နေပါတယ်။ အဖွားရဲ့ သတင်းကို ကြားပြီး သူ့အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေသလို အခုချိန်မှာ သူ့ရဲ့ မိခင် ဘယ်လိုများ ခံစားနေရမလဲဆိုတာ တွေ့ပြီး စိတ်ပူလို့ နေပါတယ်။

“1:30 ရင်ထဲမှာ ဆို့နစ်အောင်ခံစားရပါတယ် ဖွားဖွား ခုချိန်အမေ့ ရင်ထဲမှာလည်း ပူလောင်နေမှာပါ။ မပြီးပြတ်သေးတဲ့အလုပ်တွေကြောင့် အဖွားနာရေး သားပြန်လာချင်လဲ အရောက်မလာနိုင်ခဲ့တာ အမျိုးတွေအားလုံးကို နားလည်စေချင်ပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့က ရေးသားထားပါတယ်။


ပိုင်တံခွန်ရဲ့ အဖွားဟာ ဒီနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ အဖွားနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပြီး ပိုင်တံခွန်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အဖွားအတွက် စိတ်မကောင်းဖြစ်နေတဲ့ ပိုင်တံခွန်ကို သူ့ရဲ့ ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောပေးထားကြပါသေးတယ်။ပိုင်တံခွန်က လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်တိုင်ဆိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ထို့အပြင် သူ့နာမည်နဲ့ ကိုယ်ပိုင် Brand တစ်ခု ထွက်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။

“ လောလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်''လို့ Duwun Media သို့ ဖြေဆိုဖူးပါတယ်။

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top