အသက္ ၁၂ ႏွစ္အရြယ္သာ ရွိေသးတဲ့ ခ်ာတိတ္တစ္ဦးဟာ သူ႔ရဲ့ လိင္အဂၤါထဲကို သံလိုက္ေဂၚလီလုံး ၃၉ လုံးကို အတြဲလိုက္ ထည့္ခဲ့တာေၾကာင့္ ဆီးလမ္းေၾကာင္း ပိတ္ဆို႔ၿပီး အေရးေပၚ ေဆး႐ုံတင္ခဲ့ရပါတယ္။

တ႐ုတ္နိုင္ငံ ဟူေဘျပည္နယ္ ဝူဟန္ၿမိဳ႕က ၁၂ သားေလးကို ဇန္ဝါရီလ ၁၃ ရက္ေန႔က ေဆး႐ုံပို႔ခဲ့ရပါတယ္။ ဆရာဝန္ေတြက ဘာျဖစ္တာလဲလို႔ ေမးတဲ့အခါ သူက တစ္ခုခုကိုမ်ိဳခ်မိခဲ့တယ္လို႔ ျပန္ေျဖပါတယ္။ ဒါနဲ႔ပဲ ဆီးလမ္းေၾကာင္းဆိုင္ရာ ဆရာဝန္ ေဒါက္တာဝမ္ဂၽြန္က ဓာတ္မွန္ရိုက္ စစ္ေဆးၾကည့္တဲ့အခါ ေပၚလာတဲ့ အေျဖေၾကာင့္ သူကိုယ္တိုင္ ထိတ္လန႔္သြားခဲ့ပါတယ္။

ကေလးရဲ့ လိင္တံထဲမွာ ပုတီးေစ့အရြယ္ သံလိုက္ေဂၚလီလုံးေတြ ယူပုံစံအတိုင္း ေတြ႕ခဲ့ရလိုျဖစ္ပါတယ္။ အဲဒီေနာက္ ခြဲစိတ္ၿပီး ျပန္ထုတ္ေပးခဲ့ရာမွာ ေဂၚလီ ၃၉ လုံး ရွိတာကို ထပ္မံအံ့ၾသခဲ့ရျပန္ပါတယ္။ ဒီတစ္ခါ ထပ္ေမးေတာ့မွ သူက စူးစမ္းလိုစိတ္နဲ႔ သူ႔ရဲ့ လိင္တံထဲကို ေဂၚလီေလးေတြ တစ္လုံးၿပီးတစ္လုံး ကိုယ္တိုင္ထည့္ခဲ့တယ္လို႔ ဆိုပါတယ္။

ခြဲစိတ္ၿပီးေနာက္ ျပန္လည္က်န္းမာလာၿပီး ယခုဆိုရင္ ပုံမွန္အတိုင္း ဆီးသြားနိုင္ၿပီျဖစ္ေၾကာင္း သိရွိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#

အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ချာတိတ်တစ်ဦးဟာ သူ့ရဲ့ လိင်အင်္ဂါထဲကို သံလိုက်ဂေါ်လီလုံး ၃၉ လုံးကို အတွဲလိုက် ထည့်ခဲ့တာကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး အရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့က ၁၂ သားလေးကို ဇန်ဝါရီလ ၁၃ ရက်နေ့က ဆေးရုံပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက ဘာဖြစ်တာလဲလို့ မေးတဲ့အခါ သူက တစ်ခုခုကိုမျိုချမိခဲ့တယ်လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ပဲ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန် ဒေါက်တာဝမ်ဂျွန်က ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တဲ့အခါ ပေါ်လာတဲ့ အဖြေကြောင့် သူကိုယ်တိုင် ထိတ်လန့်သွားခဲ့ပါတယ်။

ကလေးရဲ့ လိင်တံထဲမှာ ပုတီးစေ့အရွယ် သံလိုက်ဂေါ်လီလုံးတွေ ယူပုံစံအတိုင်း တွေ့ခဲ့ရလိုဖြစ်ပါတယ်။ အဲဒီနောက် ခွဲစိတ်ပြီး ပြန်ထုတ်ပေးခဲ့ရာမှာ ဂေါ်လီ ၃၉ လုံး ရှိတာကို ထပ်မံအံ့သြခဲ့ရပြန်ပါတယ်။ ဒီတစ်ခါ ထပ်မေးတော့မှ သူက စူးစမ်းလိုစိတ်နဲ့ သူ့ရဲ့ လိင်တံထဲကို ဂေါ်လီလေးတွေ တစ်လုံးပြီးတစ်လုံး ကိုယ်တိုင်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ပြီးနောက် ပြန်လည်ကျန်းမာလာပြီး ယခုဆိုရင် ပုံမှန်အတိုင်း ဆီးသွားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top