အမ်ိဳးသမီးတစ္ဦးဟာ ကမ္းေျခတစ္ေနရာမွာ ပင္လယ္ထဲဆင္းဖို႔ ၾကိဳးစားေနတဲ့ လိပ္ၾကီးတစ္ေကာင္ကို အံ့ၾသဖြယ္ေတြ႔ရွိခဲ့ပါတယ္။ သူမေတြ႔ရတဲ့လိပ္ၾကီးဟာ အဆမတန္ၾကီးမားလွတဲ့ ပင္လယ္လိပ္ၾကီးတစ္ေကာင္ျဖစ္ပါတယ္။ ၄င္းအျဖစ္ကို ဗီဒီယိုရိုက္ကူးထားရာမွာ ၄င္းအမ်ိဳးသမီးဟာ ေရထဲဆင္းဖို႔ ၾကိဳးစားေနတဲ့ ဧရာမလိပ္ၾကီးကို တအ့ံတၾသၾကည့္ေနသလို အမ်ိဳးသားတစ္ဦးကေတာ့ လိပ္ၾကီးကို စိတ္၀င္တစားနဲ႔ ဓာတ္ပံုလိုက္ရိုက္ေနတာကို ျမင္ေတြ႔ရပါတယ္။ ေလးစားစရာတစ္ခုကေတာ့ ပင္လယ္ကမ္းစပ္မွာ ရွိေနတဲ့လူေတြဟာ လိပ္ၾကီးကို ခပ္လွမ္းလွမ္းကေနပဲ ၾကည့္ေနၾကၿပီး တစ္စံုတစ္ရာ အႏ ၱရယ္မေပးၾကတာပဲ ျဖစ္ပါတယ္။

လိပ္ၾကီးဟာ တေရြ႕ေရြ႕တြားသြားရင္းနဲ႔ပဲ ပင္လယ္ထဲေရာက္ၿပီး ေရလိႈင္းေတြထဲမွာ ေပ်ာက္ကြယ္သြားပါေတာ့တယ္။ ဗီဒီယိုရိုက္ကူးရာ ေနရာကိုေတာ့ မသိရပဲ ဗီဒီယိုကို Detroit DJ Robin Michael ဆိုသူက သူေတြ႔ဖူးသမွ်ထဲ အၾကီးဆံုးလိပ္ၾကီးဆိုၿပီး ေဖ့စ္ဘုတ္ေပၚမွာ ပို႔စ္တင္ခဲ့တာ ျဖစ္ပါတယ္။

အခုေတြ႔ရတဲ့ လိပ္ၾကီးဟာ Leatherback Sea Turtle လို႔ေခၚတဲ့ ဧရာမပင္လယ္လိပ္ၾကီး ျဖစ္ပါတယ္။ ၄င္းလိပ္မ်ိဳးေတြဟာ ကမာၻေပၚမွာ အၾကီးဆံုးလိပ္ၾကီးေတြ ျဖစ္ၿပီး (၇) ေပအရွည္နဲ႔ ေပါင္(၂,၀၀၀) ေက်ာ္ အေလးခ်ိန္ထိ ရွိႏိုင္ပါတယ္။ ဒါ့အျပင္ ၄င္းလိပ္ၾကီးေတြဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း(၁၀၀) ေက်ာ္ခန္႔တုန္းက ရွိခဲ့ဖူးတဲ့ ဧရာမလိပ္ၾကီးေတြရဲ႕ အႏြယ္၀င္ေတြလည္း ျဖစ္ပါတယ္။ Leatherback ပင္လယ္လိပ္ၾကီးေတြကို အာတိတ္နဲ႔ ေတာင္၀င္ရိုးစြန္း သမုဒၵရာေတြက လြဲရင္ သမုဒၵရာတိုင္းလိုလိုမွာ ေတြ႔ရတတ္ေပမယ့္ အခုေတာ့ ပင္လယ္လိပ္ၾကီးေတြရဲ႕ လိပ္ေကာင္ေရဟာ ေလ်ာ့နည္းလာေနၿပီ ျဖစ္ပါတယ္။

ပင္လယ္လိပ္ေကာင္ေရ ေလ်ာ့နည္းက်ဆင္းမႈနဲ႔ ပတ္သက္လို႔ တစ္ကမာၻလံုးက ပညာရွင္ေတြဟာ ပတ္၀န္းက်င္ထိန္းသိမ္းေရး ဥပေဒေတြကို တင္းတင္းၾကပ္ၾကပ္ ျပဌာန္းဖို႔ စီစဥ္ေနၾကပါတယ္။ လိပ္ေတြဟာ အီေကြတာနဲ႔ နီးတဲ့ အတၱလႏိၱတ္နဲ႔ ပစိဖိတ္သမုဒၵရာေတြမွာ အဓိကမွီတင္း ေနထိုင္ၾကၿပီး ၄င္းတို႔ကို အေမရိကန္အလယ္ပိုင္း ကမ္းရိုးတန္းဘက္မွာလည္း ေတြ႔ရတတ္ပါတယ္။ ပင္လယ္လိပ္ေတြဟာ ဥဥမယ့္ အခ်ိန္ေရာက္လာရင္ ကုန္းေပၚတက္လာၿပီး သဲတြင္းတူးကာ ေဂါ့ဖ္ေဘာလံုးအရြယ္အစားခန္႔ရွိတဲ့ ဥေတြကို ဥခ်ေလ့ရွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

အမျိုးသမီးတစ်ဦးဟာ ကမ်းခြေတစ်နေရာမှာ ပင်လယ်ထဲဆင်းဖို့ ကြိုးစားနေတဲ့ လိပ်ကြီးတစ်ကောင်ကို အံ့သြဖွယ်တွေ့ရှိခဲ့ပါတယ်။ သူမတွေ့ရတဲ့လိပ်ကြီးဟာ အဆမတန်ကြီးမားလှတဲ့ ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်။ ၎င်းအဖြစ်ကို ဗီဒီယိုရိုက်ကူးထားရာမှာ ၎င်းအမျိုးသမီးဟာ ရေထဲဆင်းဖို့ ကြိုးစားနေတဲ့ ဧရာမလိပ်ကြီးကို တအံ့တသြကြည့်နေသလို အမျိုးသားတစ်ဦးကတော့ လိပ်ကြီးကို စိတ်ဝင်တစားနဲ့ ဓာတ်ပုံလိုက်ရိုက်နေတာကို မြင်တွေ့ရပါတယ်။ လေးစားစရာတစ်ခုကတော့ ပင်လယ်ကမ်းစပ်မှာ ရှိနေတဲ့လူတွေဟာ လိပ်ကြီးကို ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေကြပြီး တစ်စုံတစ်ရာ အန ္တရယ်မပေးကြတာပဲ ဖြစ်ပါတယ်။

လိပ်ကြီးဟာ တရွေ့ရွေ့တွားသွားရင်းနဲ့ပဲ ပင်လယ်ထဲရောက်ပြီး ရေလှိုင်းတွေထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။ ဗီဒီယိုရိုက်ကူးရာ နေရာကိုတော့ မသိရပဲ ဗီဒီယိုကို Detroit DJ Robin Michael ဆိုသူက သူတွေ့ဖူးသမျှထဲ အကြီးဆုံးလိပ်ကြီးဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ လိပ်ကြီးဟာ Leatherback Sea Turtle လို့ခေါ်တဲ့ ဧရာမပင်လယ်လိပ်ကြီး ဖြစ်ပါတယ်။ ၎င်းလိပ်မျိုးတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလိပ်ကြီးတွေ ဖြစ်ပြီး (၇) ပေအရှည်နဲ့ ပေါင်(၂,၀၀၀) ကျော် အလေးချိန်ထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် ၎င်းလိပ်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၁၀၀) ကျော်ခန့်တုန်းက ရှိခဲ့ဖူးတဲ့ ဧရာမလိပ်ကြီးတွေရဲ့ အနွယ်ဝင်တွေလည်း ဖြစ်ပါတယ်။ Leatherback ပင်လယ်လိပ်ကြီးတွေကို အာတိတ်နဲ့ တောင်ဝင်ရိုးစွန်း သမုဒ္ဒရာတွေက လွဲရင် သမုဒ္ဒရာတိုင်းလိုလိုမှာ တွေ့ရတတ်ပေမယ့် အခုတော့ ပင်လယ်လိပ်ကြီးတွေရဲ့ လိပ်ကောင်ရေဟာ လျော့နည်းလာနေပြီ ဖြစ်ပါတယ်။

ပင်လယ်လိပ်ကောင်ရေ လျော့နည်းကျဆင်းမှုနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေကို တင်းတင်းကြပ်ကြပ် ပြဌာန်းဖို့ စီစဉ်နေကြပါတယ်။ လိပ်တွေဟာ အီကွေတာနဲ့ နီးတဲ့ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေမှာ အဓိကမှီတင်း နေထိုင်ကြပြီး ၎င်းတို့ကို အမေရိကန်အလယ်ပိုင်း ကမ်းရိုးတန်းဘက်မှာလည်း တွေ့ရတတ်ပါတယ်။ ပင်လယ်လိပ်တွေဟာ ဥဥမယ့် အချိန်ရောက်လာရင် ကုန်းပေါ်တက်လာပြီး သဲတွင်းတူးကာ ဂေါ့ဖ်ဘောလုံးအရွယ်အစားခန့်ရှိတဲ့ ဥတွေကို ဥချလေ့ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top