ဆယ္ႏွစ္အရြယ္ မိန္းကေလး တစ္ေယာက္ကို ေရာင္စံုျခယ္တဲ့ စာအုပ္ခိုးမႈနဲ႔ ေသာ့ပိတ္ၿပီး လူမဆန္စြာ ရိုက္ခဲ့ပါတယ္။ ဒီအၾကမ္းဖက္မႈ ကေတာ့ Sarawak ျပည္နယ္၊ Sibu ၿမိဳ႕က စူပါမားကတ္တစ္ခုမွာ ဇန္နဝါရီလ 28 ရက္ေန႔မွာ ျဖစ္ခဲ့တာပါ။

မိန္းကေလးက ေရာင္စံုျခယ္တဲ့ စာအုပ္ကို ခိုးတယ္ ဆိုၿပီး စူပါမားကတ္က အမ်ိဳးသမီး ဝန္ထမ္းတစ္ေယာက္က စြပ္စြဲခဲ့တယ္ လို႔ Seehu သတင္းစာက ေဖာ္ျပပါတယ္။ ဝန္ထမ္းက ကေလးကို စာအုပ္မယူဖို႔ အဲဒီေနရာမွာပဲ ခ်က္ခ်င္း တားလိုက္တယ္ လို႔လည္း ေျပာပါတယ္။

ဝန္ထမ္းက တာဝန္က် ႀကီးၾကပ္ေရးမႉးဆီ ကေလးကို လႊဲေျပာင္းေပးၿပီး အိမ္ျပန္သြားပါတယ္။ ႀကီးၾကပ္ေရးမႉးက ကေလးကုိ ညေန 5 နာရီေလာက္မွာ ကုန္ေလာင္ရံုခန္း ထဲကို ေခၚသြားၿပီး အျပစ္ေပးတဲ့ အေနနဲ႔ ၾကမ္းျပင္ကို တံျမက္စည္း လွည္းဖို႔ အတင္းအၾကပ္ ခိုင္းပါတယ္။

ကေလးက ထြက္ေျပးဖို႔ ႀကိဳးစားတဲ့အခါ ႀကီးၾကပ္ေရးမႉးက ကေလးရဲ႕ ပါးကို ရိုက္လိုက္ပါတယ္။အက်ႌခ်ိတ္ တစ္ခ်ိတ္ကို သံုးၿပီး သြားကၽြတ္ေအာင္ေတာင္ ရိုက္ခဲ့ပါတယ္။ ကေလးက ေရာင္စံုျခယ္တဲ့ စာအုပ္ကို တကယ္ခိုးဖို႔ ႀကိဳးစားခဲ့တာလား ဆိုတဲ့ ခိုင္လံုတဲ့ သက္ေသကိုေတာ့ မေဖာ္ျပပါဘူး။

ႏွစ္နာရီခြဲ ၾကာၿပီးေနာက္မွာေတာ့ သြားက်ိဳးၿပီး ဘယ္ဖက္ မ်က္လံုးနဲ႔ ဘယ္ဖက္ေျခေထာက္ ေရာင္ကိုင္းေနတဲ့ ကေလးမေလးကို အိမ္ျပန္ခြင့္ ေပးလိုက္ပါတယ္။ အဖြားျဖစ္သူက ကေလးမေလးရဲ႕ အေျခအေနကို ျမင္ၿပီး ထိတ္လန္႔သြားပါတယ္။ ကေလးရဲ႕ အေဖကို အိမ္ျမန္ျမန္ ျပန္လာဖို႔ အဖြားက ေခၚလိုက္ပါတယ္။

သမီးျဖစ္သူရဲ႕ ခႏၶာကိုယ္မွာ ဒဏ္ရာေတြ ျမင္ၿပီးတဲ့အခါ ေဒါသထြက္ေနတဲ့ အေဖက တရားမၽွမၽွတတ ျဖစ္ေစဖို႔ ကေလးကို ရဲစခန္းေခၚသြားပါတယ္။ ရဲေတြက သတင္းရၿပီးတဲ့ ေနာက္မွာေတာ့ စူပါမားကတ္ကို စံုစမ္းဖို ႔သြားပါတယ္။

စူပါမားကတ္မွာ ကေလးရဲ ႕ေသြးေတြလို႔ ယူဆရတဲ့ေသြးစြန္းရာေတြကို ေတြ႕ပါတယ္။ ေနာက္ေန႔မွာေတာ့ ႀကီးၾကပ္ေရးမႉးဟာ ခ်ဳပ္မိန္႔ေပးခံရၿပီး ဆီးလည္း အစစ္ခံရပါတယ္။ အခုအခါမွာေတာ့ ဒီအမႈကို ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ 325 နဲ႔ စစ္ေဆးေနပါတယ္။

ဒီသတင္းက social media မွာ အာရံုစိုက္မႈ အမ်ားအျပားကို ခံရၿပီး အင္တာနက္ အသံုးျပဳသူေတြက ကေလးကို ရိုက္ခဲ့တဲ့ ႀကီးၾကပ္ေရးမႉးကို အျပစ္တင္ ေဝဖန္ေနၾကပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Zombie(Loveshortnotes)
#Unicode Version#
ဆယ်နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ရောင်စုံခြယ်တဲ့ စာအုပ်ခိုးမှုနဲ့ သော့ပိတ်ပြီး လူမဆန်စွာ ရိုက်ခဲ့ပါတယ်။ ဒီအကြမ်းဖက်မှု ကတော့ Sarawak ပြည်နယ်၊ Sibu မြို့က စူပါမားကတ်တစ်ခုမှာ ဇန်နဝါရီလ 28 ရက်နေ့မှာ ဖြစ်ခဲ့တာပါ။

မိန်းကလေးက ရောင်စုံခြယ်တဲ့ စာအုပ်ကို ခိုးတယ် ဆိုပြီး စူပါမားကတ်က အမျိုးသမီး ဝန်ထမ်းတစ်ယောက်က စွပ်စွဲခဲ့တယ် လို့ Seehu သတင်းစာက ဖော်ပြပါတယ်။ ဝန်ထမ်းက ကလေးကို စာအုပ်မယူဖို့ အဲဒီနေရာမှာပဲ ချက်ချင်း တားလိုက်တယ် လို့လည်း ပြောပါတယ်။

ဝန်ထမ်းက တာဝန်ကျ ကြီးကြပ်ရေးမှူးဆီ ကလေးကို လွှဲပြောင်းပေးပြီး အိမ်ပြန်သွားပါတယ်။ ကြီးကြပ်ရေးမှူးက ကလေးကို ညနေ 5 နာရီလောက်မှာ ကုန်လောင်ရုံခန်း ထဲကို ခေါ်သွားပြီး အပြစ်ပေးတဲ့ အနေနဲ့ ကြမ်းပြင်ကို တံမြက်စည်း လှည်းဖို့ အတင်းအကြပ် ခိုင်းပါတယ်။

ကလေးက ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ကြီးကြပ်ရေးမှူးက ကလေးရဲ့ ပါးကို ရိုက်လိုက်ပါတယ်။အင်္ကျီချိတ် တစ်ချိတ်ကို သုံးပြီး သွားကျွတ်အောင်တောင် ရိုက်ခဲ့ပါတယ်။ ကလေးက ရောင်စုံခြယ်တဲ့ စာအုပ်ကို တကယ်ခိုးဖို့ ကြိုးစားခဲ့တာလား ဆိုတဲ့ ခိုင်လုံတဲ့ သက်သေကိုတော့ မဖော်ပြပါဘူး။

နှစ်နာရီခွဲ ကြာပြီးနောက်မှာတော့ သွားကျိုးပြီး ဘယ်ဖက် မျက်လုံးနဲ့ ဘယ်ဖက်ခြေထောက် ရောင်ကိုင်းနေတဲ့ ကလေးမလေးကို အိမ်ပြန်ခွင့် ပေးလိုက်ပါတယ်။ အဖွားဖြစ်သူက ကလေးမလေးရဲ့ အခြေအနေကို မြင်ပြီး ထိတ်လန့်သွားပါတယ်။ ကလေးရဲ့ အဖေကို အိမ်မြန်မြန် ပြန်လာဖို့ အဖွားက ခေါ်လိုက်ပါတယ်။

သမီးဖြစ်သူရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ မြင်ပြီးတဲ့အခါ ဒေါသထွက်နေတဲ့ အဖေက တရားမျှမျှတတ ဖြစ်စေဖို့ ကလေးကို ရဲစခန်းခေါ်သွားပါတယ်။ ရဲတွေက သတင်းရပြီးတဲ့ နောက်မှာတော့ စူပါမားကတ်ကို စုံစမ်းဖို့သွားပါတယ်။

စူပါမားကတ်မှာ ကလေးရဲ့သွေးတွေလို့ ယူဆရတဲ့သွေးစွန်းရာတွေကို တွေ့ပါတယ်။ နောက်နေ့မှာတော့ ကြီးကြပ်ရေးမှူးဟာ ချုပ်မိန့်ပေးခံရပြီး ဆီးလည်း အစစ်ခံရပါတယ်။ အခုအခါမှာတော့ ဒီအမှုကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ 325 နဲ့ စစ်ဆေးနေပါတယ်။

ဒီသတင်းက social media မှာ အာရုံစိုက်မှု အများအပြားကို ခံရပြီး အင်တာနက် အသုံးပြုသူတွေက ကလေးကို ရိုက်ခဲ့တဲ့ ကြီးကြပ်ရေးမှူးကို အပြစ်တင် ဝေဖန်နေကြပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Zombie(Loveshortnotes)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top