ခ်စ္သူ ဘဝႏွင့္ အိမ္ေထာင္သည္ဘဝ ျခားနားခ်က္

(၁) ခ်စ္သူ ဘ၀ ။ ။ အလကားေနရင္း အႀကည္႔ခ်င္း ဆံု၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ အႀကည္႔ခ်င္း ဆံုလွ်င္လည္း အလကား ၿဖစ္၏။

(၂) ခ်စ္သူ ဘ၀ ။ ။ အလကားေနရင္း ခ်စ္သူကို တမ္းတ၏။
အိမ္ေထာင္သည္ဘ၀ ။ ။ ခ်စ္သူကို တမ္းတေသာ္လည္း အလကားၿဖစ္၏။

(၃) ခ်စ္သူ ဘ၀ ။ ။ ကေလး ဘယ္ႏွစ္ေယာက္ ယူလိုက္မယ္ဟု စိတ္ကူး၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ စိတ္ကူးသည္႔ အတိုင္း ကေလး မယူၿဖစ္ခဲ႔ရင္ အေကာင္းသားဟု ေတြး၏။

(၄) ခ်စ္သူ ဘ၀ ။ ။ ကိုယ္ ပိုင္ဆိုင္သမွ် သူ႔အား ေပးလို၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ ကိုယ္ ပိုင္ဆိုင္သမွ် ဘဏ္တြင္ တိတ္တိတ္ေလး ထားလို၏။

(၅) ခ်စ္သူဘ၀ ။ ။ မႊန္ေနေသာ္လည္း ကိစၥ မရွိဟု ဆို၏။
အိမ္ေထာင္သည္ဘ၀ ။ ။ကိစၥရွိမွ မႊန္၏။

(၆) ခ်စ္သူဘ၀ ။ ။ တစ္ေယာက္ႏွင္႔ တစ္ေယာက္ ဖုန္းေၿပာပါက တိုးတိုးေလးေၿပာ၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ ဖုန္းထဲမွ ေအာ္လိုက္ရ သည္ကိုပင္ အားမရ။

(၇) ခ်စ္သူ ဘ၀ ။ ။ ခ်စ္သူ႔ အေႀကာင္း ကဗ်ာ ေရးဖြဲ႔၏။
အိမ္ေထာင္သည္ ဘ၀။ ။ ကဗ်ာေရးသူ ငစႏူ။

(၈) ခ်စ္သူ ဘ၀ ။ ။ သူငိုလွ်င္ ကိုယ္လိုက္ငို၏။
အိမ္ေထာင္သည္ဘ၀ ။ ။ သူငိုလွ်င္ တီဗီ အစီအစဥ္ေတြ ေကာင္းၿပီ။

(၉) ခ်စ္သူဘ၀ ။ ။ လူေတာထဲတြင္ လက္ခ်င္း ခ်ိတ္၍ သြားေလ႔ ရွိ၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ လူေတာထဲတြင္ မ်က္ေစာင္းခ်င္း ခ်ိတ္၍ သြားေလ့ ရွိ၏။

(၁၀) ခ်စ္သူဘ၀ ။ ။ခ်စ္သူအေႀကာင္းသာေၿပာ၏။
အိမ္ေထာင္သည္ဘ၀ ။ ။ သံသရာမွ လြတ္ေၿမာက္ရာအေႀကာင္းသာေတြး၏။

(၁၁) ခ်စ္သူ ဘ၀ ။ ။ ခ်စ္သူလုပ္သမွ် စိတ္၀င္စား၏။
အိမ္ေထာင္သည္ ဘ၀ ။ ။ လူေပါင္း မွားခဲ႔သည္႔ အတြက္ ရင္ထုမနာ ၿဖစ္၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မခ်ိဳမခ်ဥ္ ဟာသမ်ား

#Unicode Version#

ချစ်သူ ဘဝနှင့် အိမ်ထောင်သည်ဘဝ ခြားနားချက်

(၁) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်း ဆုံ၏။
အိမ်ထောင်သည် ဘ၀ ။ ။ အကြည့်ချင်း ဆုံလျှင်လည်း အလကား ဖြစ်၏။

(၂) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏။
အိမ်ထောင်သည်ဘ၀ ။ ။ ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။

(၃) ချစ်သူ ဘ၀ ။ ။ ကလေး ဘယ်နှစ်ယောက် ယူလိုက်မယ်ဟု စိတ်ကူး၏။
အိမ်ထောင်သည် ဘ၀ ။ ။ စိတ်ကူးသည့် အတိုင်း ကလေး မယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏။

(၄) ချစ်သူ ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ သူ့အား ပေးလို၏။
အိမ်ထောင်သည် ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။

(၅) ချစ်သူဘ၀ ။ ။ မွှန်နေသော်လည်း ကိစ္စ မရှိဟု ဆို၏။
အိမ်ထောင်သည်ဘ၀ ။ ။ကိစ္စရှိမှ မွှန်၏။

(၆) ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့် တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည် ဘ၀ ။ ။ ဖုန်းထဲမှ အော်လိုက်ရ သည်ကိုပင် အားမရ။

(၇) ချစ်သူ ဘ၀ ။ ။ ချစ်သူ့ အကြောင်း ကဗျာ ရေးဖွဲ့၏။
အိမ်ထောင်သည် ဘဝ။ ။ ကဗျာရေးသူ ငစနူ။

(၈) ချစ်သူ ဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ ။ ။ သူငိုလျှင် တီဗီ အစီအစဉ်တွေ ကောင်းပြီ။

(၉) ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်း ချိတ်၍ သွားလေ့ ရှိ၏။
အိမ်ထောင်သည် ဘ၀ ။ ။ လူတောထဲတွင် မျက်စောင်းချင်း ချိတ်၍ သွားလေ့ ရှိ၏။

(၁၀) ချစ်သူဘ၀ ။ ။ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏။

(၁၁) ချစ်သူ ဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည် ဘ၀ ။ ။ လူပေါင်း မှားခဲ့သည့် အတွက် ရင်ထုမနာ ဖြစ်၏။

ဖိုးသူတော် (www.phothutaw.com)

Credit: မချိုမချဉ် ဟာသများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top