စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကယားျပည္နယ္ ျပည္နယ္ခန္းမတြင္ ျပဳလုပ္ေသာ ဗိုလ္ခ်ဳပ္ေမြးေန႔အခမ္းအနားတြင္ စတုဒိသာေကၽြးရာမွ အစာအဆိပ္သင့္ၿပီး လူအခ်ဳိ႕ ေဆးရံုေရာက္ကယားျပည္နယ္ ျပည္နယ္ခန္းမတြင္ ျပဳလုပ္ေသာ ဗိုလ္ခ်ဳပ္ေမြးေန႔အခမ္းအနားတြင္ စတုဒိသာေကၽြးရာမွ အစာအဆိပ္သင့္ၿပီး လူအခ်ဳိ႕ ေဆးရံုတက္ေရာက္ခဲ့ရေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ လိြဳင္ေကာ္ၿမိဳ႔ ျပည္နယ္ခန္းမတြင္က်င္းပေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ၁၀၄ ႏွစ္ေျမာက္ ေမြးေန႔ႏွင့္ ကေလးမ်ားေန႔ ဂုဏ္ျပဳအထိမ္းအမွတ္အခမ္းအနားမွ ေကၽြးေမြးေသာ အစာမ်ားစားမိသျဖင့္ လူ ၅၀ ခန္႔ အစာအဆိပ္သင့့္ခဲ့ျခင္းျဖစ္သည္ ။

”၁၂ နာရီနဲ႔ ၁ နာရီၾကားမွာ တစ္ေယာက္စ၊ ႏွစ္ေယာက္စ အန္တယ္။ ဖ်ားလည္းဖ်ားတယ္။ မူးလည္းမူးတယ္ဆိုၿပီးေတာ့။ အဲဒီအခ်ိန္မွာပဲ ဆရာတို႕ျပည္သူ႔က်န္းမာေရးက လက္ေထာက္ညႊန္ၾကားေရးမႈးဦးေဆာင္တဲ့အဖြဲ႕ ခ်က္ခ်င္း အဲဒီမွာခ်ထားတဲ့ ေဆးအဖြဲ႕နဲ႔ သြားၾကည့္ေတာ့ သူတို႔အန္တာေတြ ၾကည့္ရတာ Food Poison ဆိုတဲ့ အစာအဆိပ္သင့္တာျဖစ္ဖို႔မ်ားတယ္။

တစ္ေယာက္စ ႏွစ္ေယာက္စကျဖစ္လိုက္တာ ၂ နာရီလည္းထိုးလည္းထိုးေကာ လူ၂၀ ေလာက္အန္လာတယ္။ ေသခ်ာၿပီ အစာအဆိပ္သင့္တာ။ ဆရာတို႕ေနာက္ဆံုး စက္ရပ္သတင္းအရဆိုရင္ အားလံုး ၄၉ ေယာက္ ျဖစ္သြားၿပီ ။ ၄၉ ေယာက္မွာ အတြင္းလူနာ ၁၁ ေယာက္ ျပင္ပလူနာ ၃၈ ေယာက္ ။

အတြင္းလူနာ ၁၁ ေယာက္ ကလည္းအန္တာလည္း နည္းနည္းမ်ားတယ္ ။ ေရဓာတ္ဆံုးရႈံးမႈလည္းရွိတယ္။ ဖ်ားလည္းဖ်ားတဲ့အတြက္ အစာအဆိပ္သင့္တာေသခ်ာတယ္။ သို႔ေသာ္စိုးရိမ္ရတဲ့ လူတစ္ေယာက္မွမရွိဘူး ”ဟု ျပည္နယ္က်န္းမာေရးဦးစီးဌာန ညႊန္ၾကားေရးမႈးေဒါက္တာ ခင္ေမာင္ရင္ကေျပာၾကားသည္။

အခမ္းအနားသို႕ မူႀကိဳ၊ အေျခခံပညာမူလတန္း၊ အလယ္တန္းပညာေရးေကာလိပ္၊ စိုက္ပ်ိဳးေရးသိပၸံ၊ အားကာသိပၸံ၊ ကြန္ပ်ဴတာတကၠသိုလ္စသည္တို႕မွ ေက်ာင္းသားေက်ာင္းသူမ်ားတက္ေရာက္ၾကၿပီး အစာအဆိပ္သင့္သူမ်ားတြင္ ကေလးငယ္မ်ားလည္း ပါဝင္ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ေက်ြးေမြးသည့္အစားအေသာက္မ်ားကို နမူနာရယူကာ ဓာတ္ခြဲစစ္ေဆးေနၿပီး အခ်ဳိ႕အား ရန္ကုန္တြင္ စစ္ေဆးႏိုင္ရန္ ခ်က္ခ်င္းပို႔ေဆာင္ထားေၾကာင္း သိရသည္။

”ေသခ်ာတာကေတာ့ ဒီမနက္ေက်ြးေသာအထုပ္ ၇၀၀ ေသာ ေခါက္ဆြဲေၾကာ္။ ၾကာဇံေၾကာ္။ ထမင္းေၾကာ္ထဲကျဖစ္ဖို႕မ်ားတယ္ ။ Food Sample ေတြအကုန္ယူထားတယ္။ ဓာတ္ခြဲခန္းလည္းေလာေလာဆယ္ ဒီမွာစစ္လို႔ရတာစစ္တယ္။

ရန္ကုန္ကိုလည္း ခ်က္ခ်င္းပို႕ လိုက္ၿပီး ။ အေျဖကေတာ့ေနာက္ေန႕မွသိရမယ္”ဟု ျပည္နယ္က်န္းမာေရးဦးစီးဌာန ညႊန္ၾကားေရးမႈးေဒါက္တာ ခင္ေမာင္ရင္က ဆက္လက္ ေျပာၾကားသည္။

အခမ္းအနားကို နံနက္ ၉ နာရီမွ ညေန ၄ နာရီက်င္းပရာ တက္ေရာက္လာေသာ ေက်ာင္းသားေက်ာင္းသူမ်ားအား တီရွပ္ႏွင့္ ဦးထုပ္မ်ားလည္း ေဝငွေၾကာင္ းသိရသည္။

အခမ္းအနားသို႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အစိုးရ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာမ်ား၊ NLD ပါတီဝင္မ်ား၊ ဖိတ္ၾကားထားေသာဧည့္ သည္ေတာ္မ်ားတက္ေရာက္ၾကေၾကာင္းသိရသည္ ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media Group
#Unicode Version#
ကယားပြည်နယ် ပြည်နယ်ခန်းမတွင် ပြုလုပ်သော ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွင် စတုဒိသာကျွေးရာမှ အစာအဆိပ်သင့်ပြီး လူအချို့ ဆေးရုံရောက်ကယားပြည်နယ် ပြည်နယ်ခန်းမတွင် ပြုလုပ်သော ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွင် စတုဒိသာကျွေးရာမှ အစာအဆိပ်သင့်ပြီး လူအချို့ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၄ နှစ်မြောက် မွေးနေ့နှင့် ကလေးများနေ့ ဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနားမှ ကျွေးမွေးသော အစာများစားမိသဖြင့် လူ ၅၀ ခန့် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည် ။

”၁၂ နာရီနဲ့ ၁ နာရီကြားမှာ တစ်ယောက်စ၊ နှစ်ယောက်စ အန်တယ်။ ဖျားလည်းဖျားတယ်။ မူးလည်းမူးတယ်ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ဆရာတို့ပြည်သူ့ကျန်းမာရေးက လက်ထောက်ညွှန်ကြားရေးမှုးဦးဆောင်တဲ့အဖွဲ့ ချက်ချင်း အဲဒီမှာချထားတဲ့ ဆေးအဖွဲ့နဲ့ သွားကြည့်တော့ သူတို့အန်တာတွေ ကြည့်ရတာ Food Poison ဆိုတဲ့ အစာအဆိပ်သင့်တာဖြစ်ဖို့များတယ်။

တစ်ယောက်စ နှစ်ယောက်စကဖြစ်လိုက်တာ ၂ နာရီလည်းထိုးလည်းထိုးကော လူ၂၀ လောက်အန်လာတယ်။ သေချာပြီ အစာအဆိပ်သင့်တာ။ ဆရာတို့နောက်ဆုံး စက်ရပ်သတင်းအရဆိုရင် အားလုံး ၄၉ ယောက် ဖြစ်သွားပြီ ။ ၄၉ ယောက်မှာ အတွင်းလူနာ ၁၁ ယောက် ပြင်ပလူနာ ၃၈ ယောက် ။

အတွင်းလူနာ ၁၁ ယောက် ကလည်းအန်တာလည်း နည်းနည်းများတယ် ။ ရေဓာတ်ဆုံးရှုံးမှုလည်းရှိတယ်။ ဖျားလည်းဖျားတဲ့အတွက် အစာအဆိပ်သင့်တာသေချာတယ်။ သို့သော်စိုးရိမ်ရတဲ့ လူတစ်ယောက်မှမရှိဘူး ”ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုးဒေါက်တာ ခင်မောင်ရင်ကပြောကြားသည်။

အခမ်းအနားသို့ မူကြို၊ အခြေခံပညာမူလတန်း၊ အလယ်တန်းပညာရေးကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံ၊ အားကာသိပ္ပံ၊ ကွန်ပျူတာတက္ကသိုလ်စသည်တို့မှ ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး အစာအဆိပ်သင့်သူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။

အခမ်းအနားတွင် ကျွေးမွေးသည့်အစားအသောက်များကို နမူနာရယူကာ ဓာတ်ခွဲစစ်ဆေးနေပြီး အချို့အား ရန်ကုန်တွင် စစ်ဆေးနိုင်ရန် ချက်ချင်းပို့ဆောင်ထားကြောင်း သိရသည်။

”သေချာတာကတော့ ဒီမနက်ကျွေးသောအထုပ် ၇၀၀ သော ခေါက်ဆွဲကြော်။ ကြာဇံကြော်။ ထမင်းကြော်ထဲကဖြစ်ဖို့များတယ် ။ Food Sample တွေအကုန်ယူထားတယ်။ ဓာတ်ခွဲခန်းလည်းလောလောဆယ် ဒီမှာစစ်လို့ရတာစစ်တယ်။

ရန်ကုန်ကိုလည်း ချက်ချင်းပို့ လိုက်ပြီး ။ အဖြေကတော့နောက်နေ့မှသိရမယ်”ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုးဒေါက်တာ ခင်မောင်ရင်က ဆက်လက် ပြောကြားသည်။

အခမ်းအနားကို နံနက် ၉ နာရီမှ ညနေ ၄ နာရီကျင်းပရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား တီရှပ်နှင့် ဦးထုပ်များလည်း ဝေငှကြောင် းသိရသည်။

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NLD ပါတီဝင်များ၊ ဖိတ်ကြားထားသောဧည့် သည်တော်များတက်ရောက်ကြကြောင်းသိရသည် ။
ဖိုးသူတော်(www.phothutaw.com)

Credit:Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top