စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ျမစ္ႀကီးနားၿမိဳ႕တြင္း လမ္းဆုံေနရာတြင္ သိန္းငါးေထာင္ခန္႔ တန္ဖိုး႐ွိသည့္ ေက်ာက္စိမ္းတုံးႀကီးကုိ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ စိုက္ထူခဲ့ေၾကာင္း သိရသည္။သိန္းငါးေထာင္ေက်ာ္တန္ ေက်ာက္စိမ္းတုံးကုိ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ ျမစ္ႀကီးနားၿမိဳ႕လယ္တြင္ စိုက္ထူအဆိုပါ ေက်ာက္စိမ္းတုံးကုိ ေဖေဖာ္ဝါရီ ၁၂ ရက္ နံနက္ ၉ နာရီတြင္ ျမစ္ႀကီးနားၿမိဳ႕၊ ဧရာရပ္ကြက္အတြင္း႐ွိ ဆြမ္ပရာဘြမ္လမ္းမႀကီးႏွင့္ ဆမားလမ္းဆုံေပၚတြင္ ၇၂ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ အမွတ္တရ စိုက္ထူခဲ့ေၾကာင္း ယင္းေက်ာက္စိမ္းတုံးကုိ လွဴဒါန္းခဲ့သူ ဘန္လြန္ဒူဝါ ေဒါက္တာ ဘြန္ယြန္က ေျပာသည္။

“ကြၽန္ေတာ့ရဲ႕က်င္းကေနရ႐ွိတဲ့ ေက်ာက္စိမ္းတုံးကုိ မိမိရဲ႕ေဒသ မိမိရဲ႕လူမ်ဳိးျပည္နယ္တိုင္းျပည္အတြက္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ ေက်းဇူးဆပ္လွဴဒါန္းခြင့္ရတာကုိ ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္လည္း လွဴဒါန္းသြားဖို႔႐ွိပါတယ္။ အေလးခ်ိန္ကေတာ့ ၉.၉၈ ႐ွိတယ္။ ဒါကုိပန္းပုထုမယ္ဆိုရင္ သိန္းေပါင္းေသာင္းေက်ာ္ ေလာက္ေတာ့တန္မယ္” ဟု ၎က ေျပာသည္။


၇၁ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ကုိ ဂုဏ္ျပဳေသာအားျဖင့္ ယခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ နံနက္ပိုင္းတြင္ ျမစ္ႀကီးနားေလဆိပ္အဝင္ ေပါက္တြင္လည္း အေလးခ်ိန္တန္ ၆တန္ေက်ာ္႐ွိသည့္အလားတူေက်ာက္စိမ္းတုံးမ်ဳိးကုိ ယခုေက်ာက္စိမ္းတုံးအလွဴ႐ွင္ ဘန္လြန္ဒူဝါေဒါက္တာဘြန္ယြန္ႏွင့္ ဇနီးေဒၚေဂ်ပီေခါန္စင္မိသားစုတို႔ကလွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

မြစ်ကြီးနားမြို့တွင်း လမ်းဆုံနေရာတွင် သိန်းငါးထောင်ခန့် တန်ဖိုးရှိသည့် ကျောက်စိမ်းတုံးကြီးကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ကြောင်း သိရသည်။သိန်းငါးထောင်ကျော်တန် ကျောက်စိမ်းတုံးကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့လယ်တွင် စိုက်ထူအဆိုပါ ကျောက်စိမ်းတုံးကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ ဆွမ်ပရာဘွမ်လမ်းမကြီးနှင့် ဆမားလမ်းဆုံပေါ်တွင် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ စိုက်ထူခဲ့ကြောင်း ယင်းကျောက်စိမ်းတုံးကို လှူဒါန်းခဲ့သူ ဘန်လွန်ဒူဝါ ဒေါက်တာ ဘွန်ယွန်က ပြောသည်။


“ကျွန်တော့ရဲ့ကျင်းကနေရရှိတဲ့ ကျောက်စိမ်းတုံးကို မိမိရဲ့ဒေသ မိမိရဲ့လူမျိုးပြည်နယ်တိုင်းပြည်အတွက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျေးဇူးဆပ်လှူဒါန်းခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းသွားဖို့ရှိပါတယ်။ အလေးချိန်ကတော့ ၉.၉၈ ရှိတယ်။ ဒါကိုပန်းပုထုမယ်ဆိုရင် သိန်းပေါင်းသောင်းကျော် လောက်တော့တန်မယ်” ဟု ၎င်းက ပြောသည်။

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ယခုနှစ် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်အဝင် ပေါက်တွင်လည်း အလေးချိန်တန် ၆တန်ကျော်ရှိသည့်အလားတူကျောက်စိမ်းတုံးမျိုးကို ယခုကျောက်စိမ်းတုံးအလှူရှင် ဘန်လွန်ဒူဝါဒေါက်တာဘွန်ယွန်နှင့် ဇနီးဒေါ်ဂျေပီခေါန်စင်မိသားစုတို့ကလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top