အခုလက္႐ွိအခ်ိန္မွာ လူငယ္ေတြ ပရိသတ္ေတြၾကားမွာ အရမ္းေရပန္းစားေနၿပီး အထူးသျဖင့္ မိန္းကေလးပရိသတ္ေတြရဲ႕ၾကားမွာ အရမ္းကုိ Hot ျဖစ္ေနတဲ့ သ႐ုပ္ေဆာင္ေဒါင္းကေတာ့ သူေပးတဲ့ လက္ေဆာင္ကုိ တန္ဖုိးထားတဲ့ လူေတြကုိ လက္ေဆာင္ေတြ ေပးျဖစ္ေပမယ့္ တန္ဖုိးမထားရင္ အေႏွာက္အယွက္ျဖစ္မွာဆုိးလုိ႔ မေပးတတ္ဘူးဆုိၿပီး အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေဒါင္းက “အဓိကေတာ့ ခ်စ္သူမ်ားေန႔က တစ္ေယာက္ကုိ တစ္ေယာက္ တန္ဖုိးထားတယ္ တစ္ေယာက္ကုိတစ္ေယာက္ေလးနက္တယ္။ ဒီႏွစ္ခ်စ္သူမ်ားေန႔ ျဖတ္သန္းၿပီး ေနာက္ေန႔ ခ်စ္သူမ်ားေန႔မွာ တစ္ႏွစ္စာအတြက္ဆုိတဲ့ ေလးနက္မႈေလးေတြအတြက္ေတာ့ တစ္ကမၻာလုံးက ဒီလုိေန႔ေလးကုိ သတ္မွတ္ထားတယ္ေပါ့ေနာ္။ ကြၽန္ေတာ္တုိ႔ ႏုိင္ငံ ႐ုိးရာနဲ႔ကေတာ့ ဒီကုိ ေရာက္လာတာသိပ္မၾကာေသးဘူးေပါ့ေနာ္ ဒီရက္ေတြက။ အဲ့ေတာ့ တစ္ေယာက္ကုိတစ္ေယာက္ ေလးေလးနက္နက္နဲ႔ ျဖတ္သန္းရင္ေတာ့ ခ်စ္သူမ်ားေန႔မွ မဟုတ္ဘူး ဘယ္ေန႔မဆုိ ေပ်ာ္စရာေကာင္းပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။


Valentine’s Day အစီအစဥ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း “ဘာမွမ႐ွိဘူး။ ကြၽန္ေတာ္ ၁၃ရက္ေန႔ကေတာ့ ကေလးေတြကုိ ကေလးေဆး႐ုံမွာ အလွဴလုပ္ဖုိ႔႐ွိတယ္။ ကြၽန္ေတာ္က တစ္စုံတစ္ေယာက္အတြက္မွ မဟုတ္ဘူး ကြၽန္ေတာ္ေပးတဲ့ လက္ေဆာင္ကုိ တန္ဖုိးထားတဲ့လူတုိင္းကုိ လက္ေဆာင္ေပးေလ့႐ွိတယ္။ တန္ဖုိးမထားဘူးဆုိရင္ေတာ့ သူ႔အတြက္လည္း အေႏွာက္အယွက္ျဖစ္တယ္ ကုိယ့္အတြက္လည္း အေႏွာက္အယွက္ျဖစ္တယ္ အဲ့လုိမ်ိဳးအခ်ိန္အခါမ်ိဳးဆုိရင္ေတာ့ မေပးျဖစ္ဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Surprise လုပ္ခံရတာကုိ သေဘာက်လားလုိ႔ ေမးျမန္းလုိက္ရာ “သေဘာက်ပါတယ္ ဘာလုိ႔သေဘာက်တာလဲဆုိေတာ့ Surprise ဆုိတာက လူတစ္ေယာက္အတြက္ အျမဲတမ္း ၾကဳံေလၾကဳံထ႐ွိတဲ့ အရာမ်ိဳး မဟုတ္ဘူးေလ။ အဲ့တာေၾကာင့္လည္း Surprise လုိ႔လည္း ေခၚတာကုိ။ မေမွ်ာ္လင့္ထားတဲ့ အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ ဝမ္းသာမႈဝမ္းနည္းမႈ အရာအားလုံးက Surpriseပဲ အဲ့ေတာ့ ဘယ္လုိအရာပဲ ၾကဳံၾကဳံ စိတ္လႈပ္႐ွားစရာေကာင္းတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။


ဆက္လက္ၿပီးေတာ့ ပရေလာကကုိ ယုံလားလုိ႔ ေမးျမန္းရာ “ပရေလာကဆုိတာ ႐ွိပါတယ္။ ႐ွိတယ္လုိ႔ ဘာလုိ႔ေျပာလဲဆုိေတာ့ ကြၽန္ေတာ္တုိ႔က ဗုဒၶဘာသာဆုိရင္ေတာ့ ဘုရားလက္ထက္ကတည္းက တရားသေဘာအေနနဲ႔ ျဖစ္ျဖစ္ အေၾကာင္းအရာအေနနဲ႔ ျဖစ္ျဖစ္ ႐ွိခဲ့တာပဲေလ ႐ွိခဲ့လုိ ျပန္ၿပီးေတာ့ ေသခ်ာေတြးၾကည့္မယ္ဆုိရင္ ကြၽန္ေတာ္တုိ႔ရဲ႕ စိတ္ခြန္အားကုိ ေတြးၾကည့္တယ္။ စိတ္ခြန္အားအရမ္းထက္ျမက္တဲ့သူက ပစၥည္းတစ္ခုကုိေတာင္ ေရႊ႔ႏုိင္တယ္ဘာတယ္။

အရာအားလုံးက ေလ့က်င့္လုိ႔ရတဲ့ အပုိင္းေတြမွာ႐ွိတယ္။ အဲ့သေလာပဲေပါ့ အရမ္းျပင္းထန္တဲ့ အရာတစ္ခုကုိ စြဲလန္းမိသြားရင္ အဲ့အရာေပၚမွာ လူတစ္ေယာက္က ေဇာကပ္သြားတာေပါ့ေနာ္။ ေသခါနီးမွာ ေဇာကပ္သြားရင္ အဲ့ေသခါနီးေဇာက ကြၽန္ေတာ္တုိ႔ ႐ုိး႐ုိးသာမန္စိတ္ထက္ပုိၿပီး ျပင္းထန္တယ္ေပါ့ေလ။ “လုိ႔ ေျပာသြားခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

အခုလက်ရှိအချိန်မှာ လူငယ်တွေ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေပြီး အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ကြားမှာ အရမ်းကို Hot ဖြစ်နေတဲ့ သရုပ်ဆောင်ဒေါင်းကတော့ သူပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားတဲ့ လူတွေကို လက်ဆောင်တွေ ပေးဖြစ်ပေမယ့် တန်ဖိုးမထားရင် အနှောက်အယှက်ဖြစ်မှာဆိုးလို့ မပေးတတ်ဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။


ဒေါင်းက “အဓိကတော့ ချစ်သူများနေ့က တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားတယ် တစ်ယောက်ကိုတစ်ယောက်လေးနက်တယ်။ ဒီနှစ်ချစ်သူများနေ့ ဖြတ်သန်းပြီး နောက်နေ့ ချစ်သူများနေ့မှာ တစ်နှစ်စာအတွက်ဆိုတဲ့ လေးနက်မှုလေးတွေအတွက်တော့ တစ်ကမ္ဘာလုံးက ဒီလိုနေ့လေးကို သတ်မှတ်ထားတယ်ပေါ့နော်။ ကျွန်တော်တို့ နိုင်ငံ ရိုးရာနဲ့ကတော့ ဒီကို ရောက်လာတာသိပ်မကြာသေးဘူးပေါ့နော် ဒီရက်တွေက။ အဲ့တော့ တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက်နဲ့ ဖြတ်သန်းရင်တော့ ချစ်သူများနေ့မှ မဟုတ်ဘူး ဘယ်နေ့မဆို ပျော်စရာကောင်းပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

Valentine’s Day အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း “ဘာမှမရှိဘူး။ ကျွန်တော် ၁၃ရက်နေ့ကတော့ ကလေးတွေကို ကလေးဆေးရုံမှာ အလှူလုပ်ဖို့ရှိတယ်။ ကျွန်တော်က တစ်စုံတစ်ယောက်အတွက်မှ မဟုတ်ဘူး ကျွန်တော်ပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားတဲ့လူတိုင်းကို လက်ဆောင်ပေးလေ့ရှိတယ်။ တန်ဖိုးမထားဘူးဆိုရင်တော့ သူ့အတွက်လည်း အနှောက်အယှက်ဖြစ်တယ် ကိုယ့်အတွက်လည်း အနှောက်အယှက်ဖြစ်တယ် အဲ့လိုမျိုးအချိန်အခါမျိုးဆိုရင်တော့ မပေးဖြစ်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

Surprise လုပ်ခံရတာကို သဘောကျလားလို့ မေးမြန်းလိုက်ရာ “သဘောကျပါတယ် ဘာလို့သဘောကျတာလဲဆိုတော့ Surprise ဆိုတာက လူတစ်ယောက်အတွက် အမြဲတမ်း ကြုံလေကြုံထရှိတဲ့ အရာမျိုး မဟုတ်ဘူးလေ။ အဲ့တာကြောင့်လည်း Surprise လို့လည်း ခေါ်တာကို။ မမျှော်လင့်ထားတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဝမ်းသာမှုဝမ်းနည်းမှု အရာအားလုံးက Surpriseပဲ အဲ့တော့ ဘယ်လိုအရာပဲ ကြုံကြုံ စိတ်လှုပ်ရှားစရာကောင်းတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ပရလောကကို ယုံလားလို့ မေးမြန်းရာ “ပရလောကဆိုတာ ရှိပါတယ်။ ရှိတယ်လို့ ဘာလို့ပြောလဲဆိုတော့ ကျွန်တော်တို့က ဗုဒ္ဓဘာသာဆိုရင်တော့ ဘုရားလက်ထက်ကတည်းက တရားသဘောအနေနဲ့ ဖြစ်ဖြစ် အကြောင်းအရာအနေနဲ့ ဖြစ်ဖြစ် ရှိခဲ့တာပဲလေ ရှိခဲ့လို ပြန်ပြီးတော့ သေချာတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ခွန်အားကို တွေးကြည့်တယ်။ စိတ်ခွန်အားအရမ်းထက်မြက်တဲ့သူက ပစ္စည်းတစ်ခုကိုတောင် ရွှေ့နိုင်တယ်ဘာတယ်။

အရာအားလုံးက လေ့ကျင့်လို့ရတဲ့ အပိုင်းတွေမှာရှိတယ်။ အဲ့သလောပဲပေါ့ အရမ်းပြင်းထန်တဲ့ အရာတစ်ခုကို စွဲလန်းမိသွားရင် အဲ့အရာပေါ်မှာ လူတစ်ယောက်က ဇောကပ်သွားတာပေါ့နော်။ သေခါနီးမှာ ဇောကပ်သွားရင် အဲ့သေခါနီးဇောက ကျွန်တော်တို့ ရိုးရိုးသာမန်စိတ်ထက်ပိုပြီး ပြင်းထန်တယ်ပေါ့လေ။ “လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top