ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံမွာလာေရာက္႐ိုက္ကူးတဲ့ “Line Walker 2” ႐ုပ္ရွင္ဇာတ္ကားမွာပါဝင္ဖို ့ သ႐ုပ္ေဆာင္အခ်ိဳ ့က Audition ဝင္တဲ့အခါမွာ ေ႐ြးခ်ယ္ခံရေပမယ့္ ဇာတ္ကားမွာ ပါဝင္ခြင့္မရတာနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္မွာ ေဝဖန္ေျပာဆိုၾကတာေတြရွိခဲ့ပါတယ္။

“တကယ္တမ္းကေတာ့ သ႐ုပ္ေဆာင္ဆိုတာ ေစာေစာစီးစီး ႀကိဳမႂကြားရဘူး။ သိကၡာရွိရွိေနခ်င္ရင္ တကယ္ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီဆိုေတာ့မွ ကိုယ္ပါတဲ့အေၾကာင္းကို ေျပာရမယ္။ စာခ်ဳပ္မခ်ဳပ္မခ်င္းကေတာ့ သ႐ုပ္ေဆာင္က ဘာမွေျပာပိုင္ခြင့္မရွိဘူး”လို ့ ယင္းဇာတ္ကားအတြက္ ျမန္မာဘက္မွ ကူညီပံ့ပိုးေပးတဲ့ ဝါရင့္သ႐ုပ္ေဆာင္ ေဒၚေဆြဇင္ထိုက္က ေျပာၾကားပါတယ္။
ေဆြဇင္ထိုက္

ဇာတ္ကားအတြက္ သ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္တဲ့အဖြဲ႔က စာခ်ဳပ္ မခ်ဳပ္မခ်င္း ျငင္းပိုင္ခြင့္ရွိၿပီး၊ ကိုယ္ပါဝင္ခြင့္ မရခဲ့ဘူးဆိုရင္လည္း ကိုယ့္မွာ ဘယ္လို လိုအပ္ခ်က္ေတြ ရွိေနလို႔လဲဆိုတာကို ျမင္ေအာင္ၾကည့္ၿပီး ျပင္ဆင္ႏိုင္ ေအာင္ႀကိဳးစားသင့္ေၾကာင္း ေဒၚေဆြဇင္ထိုက္ ကေျပာၾကားပါတယ္။

“သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ Audition မွာ မေအာင္တာက တစ္သက္စာ ဝမ္းနည္းစရာမဟုတ္ပါဘူး။ ဒီတစ္ခါမေအာင္ရင္ ေနာက္တစ္ခါေအာင္ေအာင္ ႀကိဳးစားရမွာေပါ့ေနာ္။ ေဟာလိဝုဒ္ရဲ ့နာမည္ေက်ာ္ၾကားလူ ႀကိဳက္မ်ားတဲ့ မင္းသား၊ မင္းသမီးမ်ားလည္း ဒီလိုပဲ Audition ဝင္ရပါတယ္”လို႔ ၎ကဆိုပါတယ္။
ထြန္းကိုကို

ေဒၚလာ၂၀၀နဲ႔ထြန္းကုိကိုနားလည္မႈလြဲမႈကိုလည္း “ ကန္ထ႐ိုက္မွသူကမခ်ဳပ္ထားတာ တကယ္ဆိုလို႔ရိွရင္ ကန္ထ႐ိုက္ခ်ဳပ္ရတယ္ ။ လက္မွတ္ထိုးရတယ္။ အဲ့ဒီလိုလုပ္ထားလို႔မွာ ဒီလိုမ်ိဳျဖစ္ရင္ တရားစြဲရလို႔ရတယ္။ အခုကကန္ထ႐ိုက္မွခ်ဳပ္မထားတာ

ကန္ထ႐ိုက္မခ်ဳပ္မျခင္းကေတာ့ ထုတ္လုပ္သူဘက္ကေန ေရြးခ်ယ္ပိုင္ခြင့္႐ိွတယ္။ ဒါ႐ိုက္တာရဲ႕အျမင္႐ိွတယ္ ၊ ဇာတ္ညြန္းသမားရဲ႕အျမင္႐ိွတဲ့ ၿပီးေတာ့ ကာ႐ိုက္ေတြရဲ႕သရုပ္ေဆာင္ႏိုင္စြမ္းကိုလည္းၾကည့္ၿပီးေနာက္ဆံုးအခ်ိန္က်လို႔႐ိွရင္လည္းအၿပီးသတ္ဆံုးျဖတ္ခ်က္ေပးရပါတယ္ ။ဒါကလည္းႏိုင္ငံတကာအေလ့အက်င့္ပဲ ။

ဒီLine Walker 2 ႐ိုက္ကူးၿပီးသြားတဲ့အခ်ိန္မွာ တ႐ုတ္ ၊ ေတာင္ကိုရီးယား ၊ ဂ်န္ပန္ႏိုင္ငံ တို႔ကလည္းျမန္မာျပည္ကိုလာၿပီး႐ုပ္႐ွင္႐ိုက္ဖို႔ရိွေသးတယ္လို႔ျဖည့္စြက္ေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: The Voice
#Unicode Version#
မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးတဲ့ “Line Walker 2” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ဖို့ သရုပ်ဆောင်အချို့က Audition ဝင်တဲ့အခါမှာ ရွေးချယ်ခံရပေမယ့် ဇာတ်ကားမှာ ပါဝင်ခွင့်မရတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ပြောဆိုကြတာတွေရှိခဲ့ပါတယ်။

“တကယ်တမ်းကတော့ သရုပ်ဆောင်ဆိုတာ စောစောစီးစီး ကြိုမကြွားရဘူး။ သိက္ခာရှိရှိနေချင်ရင် တကယ် စာချုပ်ချုပ်ပြီးပြီဆိုတော့မှ ကိုယ်ပါတဲ့အကြောင်းကို ပြောရမယ်။ စာချုပ်မချုပ်မချင်းကတော့ သရုပ်ဆောင်က ဘာမှပြောပိုင်ခွင့်မရှိဘူး”လို့ ယင်းဇာတ်ကားအတွက် မြန်မာဘက်မှ ကူညီပံ့ပိုးပေးတဲ့ ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ပြောကြားပါတယ်။
ဆွေဇင်ထိုက်

ဇာတ်ကားအတွက် သရုပ်ဆောင်တွေကို ရွေးချယ်တဲ့အဖွဲ့က စာချုပ် မချုပ်မချင်း ငြင်းပိုင်ခွင့်ရှိပြီး၊ ကိုယ်ပါဝင်ခွင့် မရခဲ့ဘူးဆိုရင်လည်း ကိုယ့်မှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲဆိုတာကို မြင်အောင်ကြည့်ပြီး ပြင်ဆင်နိုင် အောင်ကြိုးစားသင့်ကြောင်း ဒေါ်ဆွေဇင်ထိုက် ကပြောကြားပါတယ်။

“သရုပ်ဆောင်တစ်ယောက်အတွက် Audition မှာ မအောင်တာက တစ်သက်စာ ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဒီတစ်ခါမအောင်ရင် နောက်တစ်ခါအောင်အောင် ကြိုးစားရမှာပေါ့နော်။ ဟောလိဝုဒ်ရဲ့နာမည်ကျော်ကြားလူ ကြိုက်များတဲ့ မင်းသား၊ မင်းသမီးများလည်း ဒီလိုပဲ Audition ဝင်ရပါတယ်”လို့ ၎င်းကဆိုပါတယ်။
ထွန်းကိုကို

ဒေါ်လာ၂၀၀နဲ့ထွန်းကိုကိုနားလည်မှုလွဲမှုကိုလည်း “ ကန်ထရိုက်မှသူကမချုပ်ထားတာ တကယ်ဆိုလို့ရှိရင် ကန်ထရိုက်ချုပ်ရတယ် ။ လက်မှတ်ထိုးရတယ်။ အဲ့ဒီလိုလုပ်ထားလို့မှာ ဒီလိုမျိုဖြစ်ရင် တရားစွဲရလို့ရတယ်။ အခုကကန်ထရိုက်မှချုပ်မထားတာ

ကန်ထရိုက်မချုပ်မခြင်းကတော့ ထုတ်လုပ်သူဘက်ကနေ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါရိုက်တာရဲ့အမြင်ရှိတယ် ၊ ဇာတ်ညွန်းသမားရဲ့အမြင်ရှိတဲ့ ပြီးတော့ ကာရိုက်တွေရဲ့သရုပ်ဆောင်နိုင်စွမ်းကိုလည်းကြည့်ပြီးနောက်ဆုံးအချိန်ကျလို့ရှိရင်လည်းအပြီးသတ်ဆုံးဖြတ်ချက်ပေးရပါတယ် ။ဒါကလည်းနိုင်ငံတကာအလေ့အကျင့်ပဲ ။

ဒီLine Walker 2 ရိုက်ကူးပြီးသွားတဲ့အချိန်မှာ တရုတ် ၊ တောင်ကိုရီးယား ၊ ဂျန်ပန်နိုင်ငံ တို့ကလည်းမြန်မာပြည်ကိုလာပြီးရုပ်ရှင်ရိုက်ဖို့ရှိသေးတယ်လို့ဖြည့်စွက်ပြောပြသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top