iMyanmarHouse.com - Best Property Website for Myanmar
×

ေခတ္ကလည္း ၊ ‘‘ အင္တာနက္ေခတ္’’ ဆိုေတာ ့ျမန္တယ္ေလ။ အိမ္၊ ၿခံ၊ ေျမထက္ လယ္ေျမေတြ အေရာင္းသြက္တယ္ ၾကားေတာ့ ရန္ကုန္ကေန နယ္ဆင္းၿပီး လယ္ေျမေတြဝယ္ဖို ့စုံစမ္းၾက ျပန္တယ္။

အခ်ိဳ ့ကလည္း လယ္ေျမေတြဝယ္ထားၿပီးမွ၊ ခိုင္ခိုင္ မာမာ စာရြတ္စာတမ္းေတြကိုုင္ထားခ်င္လို ့ပါဆိုၿပီး ‘‘အေရာင္းအဝယ္ စာခ်ဳပ္အျပင္ ဘာေတြကိုင္ထားဖို ့ လိုပါသလဲ’’ ဆိုၿပီး စာေရးသူထံ လာေရာက္ေတြ ့ဆုံ ေမးျမန္းတဲ့ သူေတြလဲရွိျပန္တယ္။

“အိမ္ၿခံေျမ အမည္ေျပာင္းပုံ ၃ မ်ိဳး”

လယ္ေျမနဲ ့အိမ္ၿခံေျမ ေဆာင္ရြက္ပုံ မတူဘူးေလ ။
အိမ္ ၿခံ ေျမကေတာ့

– ေျမခ် ပါမစ္ ျဖစ္ခ်င္ျဖစ္မယ္၊
– အႏွစ္ ၆၀ ဂရန္ ျဖစ္ခ်င္ျဖစ္မယ္၊
– ဘိုးဘြားပိုင္ေျမ ျဖစ္ခ်င္ျဖစ္မယ္၊ ဒါကိုေတြ ့ရမယ္။

ေျမခ်ပါမစ္ ၀ယ္ၿပီး၊ အႏွစ္၆၀ ဂရန္လုပ္ၿပီး ၊ ကိုယ့္အမည္ေပါက္ ဂရန္ လုပ္လို ့ရတယ္။ အခြန္ေဆာင္စရာမလိုဘူး။ ေဟာ… သူမ်ား အမည္ေပါက္ အႏွစ္၆၀ ဂရန္ဆိုရင္ ၊ အခြန္ေဆာင္ၿပီးမွ ကိုယ္ ့အမည္ေပါက္ ေျပာင္းလို ့ရတယ္။ ထို ့အတူပဲ…. ဘိုးဘြားပိုင္ေျမဝယ္ရင္လည္း အခြန္ေဆာင္ၿပီးမွ ကိုုယ့္အမည္ေပါက္ ေျပာင္းလို ့ရတယ္ေလ။

“လယ္ယာေျမ”

လယ္ယာေျမကေတာ ့ဒီလိုမဟုတ္ဘူး။ လယ္ယာေျမလုပ္ပိုင္ခြင္ ့လက္မွတ္ (ပုံစံ-၇) ကို ၿမိဳ ့နယ္႐ုံးမွာပဲ မွတ္ပုံတင္ စာခ်ဳပ္ လို ့ရတယ္။ လယ္ယာေျမ လုပ္ပိုင္ခြင္ ့လက္မွတ္ (ပုံစံ-၇) ရွိသူထံက ၀ယ္ရင္း၊ အဲဒီ လယ္ယာေျမရွိတဲ့ ေၾကးတိုုင္ႏွင့္ ေျမစာရင္းဦးစီး ဌာန ႐ုံးမွာ မွတ္ပုံတင္ စာခ်ဳပ္ ရတယ္။

အဲဒီၿမိဳ ့နယ္ အခြန္ဦးစီးဌာန ႐ုံးကဘဲ တန္ဖိုးျဖတ္ေပးတဲ ့အတိုင္း အခြန္ေဆာင္ရတယ္။ၿပီးေတာ့ မွဝယ္သူရဲ ့အမည္နဲ ့
လယ္ယာေျမလုပ္ပိုင္ခြင္ ့လက္မွတ္ (ပုံစံ-၇) ကိုအဲဒီၿမိဳ ့ ရဲ ့ေၾကးတိုင္နဲ ေျမစာရင္း႐ုံးမွာ ယူလုပ္ ရတယ္။ ၿမိဳ ့နယ္ေျမ ေတြမွာေတာ့ ” ၿမိဳ ့နယ္ေျမစာရင္းဦးစီးမွူးနဲ ့ ၿမိဳ႕နယ္စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာရွိ တာဝန္ ႏွစ္ခုအတြက္ ဦးစီး အရာရွိ
တစ္ဦးထဲကို လုပ္ပို္င္ခြင္ ့ေပးထား တယ္” လို ့သိရပါတယ္။

လယ္ေျမအမည္ မေျပာင္းခ်င္ရင္ ေရာင္းသူထံ ကပါ၀ါယူထားေပါ့။ ဒီေတာ့ ‘‘လယ္ယာေျမပိုင္ဆိုင္ခြင္ ့လုပ္ပိုင္ခြင္ ့လက္မွတ္ (ပုံစံ-၇)၊ ကိုအမည္ မေျပာင္းခ်င္ေသးဘူး။ အိမ္ၿခံေျမလိုပဲ ၀ယ္ေရာင္းလုပ္ခ်င္တယ္ဆိုရင္ေတာ ့ အဲဒီလယ္ယာေျမ လုပ္ပို္င္ခြင့္ ရွိသူေတြထဲက အေထြေထြ ကိုုယ္စားလွယ္ လြဲစာ ယူထားလိုက္ေပါ ့။

အဲဒီအေထြေထြ ကိုယ္စားလွယ္ လြဲစာကလဲ အဲဒီလယ္ယာေျမရွိတဲ ့ၿမိဳ ့နယ္ေၾကးတိုင္နဲ ့ေျမစာရင္း႐ုံးမွာပဲ လုပ္လို႔ ရပါတယ္။ အဲဒီလို လယ္ယာေျမအမည္ေပါက္ထံက General Power (အေထြေထြ ကိုယ္စားလွယ္လႊဲစာ)ယူထားၿပီးၿပီ
ဆိုရင္ ေတာ ့အျခားဝယ္သူေတြကို ပါ၀ါ နဲ ့ျပန္ေရာင္းေပါ ့။ အမည္ေပါက္ ကိုယ္စား လက္မွတ္ထိုးေပးလို ့ ရတယ္.။”

နယ္ၿမိဳ ့ေတြမွာ အေထြေထြ ကိုယ္စလွယ္ လႊဲစာတို ့၊ အထူးကိုယ္စားလွယ္ လႊဲစာတို ့ကို တံဆိပ္ေခါင္းကပ္ၿပီး
အဆင္သင့္ ေရာင္းတာမ်ိဳးေတာ ့သိပ္မရွိၾကဘူး။ ဒီေတာ့လည္း ရန္ကုန္ၿမိဳ ့ဘားလမ္း (မဟာဗႏၶဳလ ပန္းၿခံလမ္း)က
အဆင့္သင္ ့ေရာင္းတဲ ့ပါ၀ါေတြ ၀ယ္ထားလိုက္ေပါ ့။

လက္ႏွိပ္စက္ေရးဖို ့လိုရင္ေတာ့၊ ၿမိဳ ့နယ္တရား႐ုံးေတြမွာ စာသြားရိုက္လို ့ရပါတယ္။ လက္ရွိအေနအထားမွာေတာ ့
လယ္ယာေျမ လုပ္ပိုင္ခြင္ ့လက္မွတ္ (ပုံစံ-၇) အေရာင္းအဝယ္ လုပ္ေပးတဲ ့အဆင္ ့ကိုေက်းရြာ အုပ္ခ်ဳပ္ေရးမွူးနဲ ့
ေတာရြာ ေျမစာရင္းဦးစီးဌာန က တာဝန္ရွိသူေတြနဲ ့အဲဒီ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး႐ုံးမွာပဲ ေဆာင္ရြက္လို႔ ရေၾကာင္းၾကား သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ
#Unicode Version#
ခေတ်ကလည်း ၊ ‘‘ အင်တာနက်ခေတ်’’ ဆိုတော့မြန်တယ်လေ။ အိမ်၊ ခြံ၊ မြေထက် လယ်မြေတွေ အရောင်းသွက်တယ် ကြားတော့ ရန်ကုန်ကနေ နယ်ဆင်းပြီး လယ်မြေတွေဝယ်ဖို့စုံစမ်းကြ ပြန်တယ်။

အချို့ကလည်း လယ်မြေတွေဝယ်ထားပြီးမှ၊ ခိုင်ခိုင် မာမာ စာရွတ်စာတမ်းတွေကိုင်ထားချင်လို့ပါဆိုပြီး ‘‘အရောင်းအဝယ် စာချုပ်အပြင် ဘာတွေကိုင်ထားဖို့ လိုပါသလဲ’’ ဆိုပြီး စာရေးသူထံ လာရောက်တွေ့ဆုံ မေးမြန်းတဲ့ သူတွေလဲရှိပြန်တယ်။

“အိမ်ခြံမြေ အမည်ပြောင်းပုံ ၃ မျိုး”

လယ်မြေနဲ့အိမ်ခြံမြေ ဆောင်ရွက်ပုံ မတူဘူးလေ ။
အိမ် ခြံ မြေကတော့

– မြေချ ပါမစ် ဖြစ်ချင်ဖြစ်မယ်၊
– အနှစ် ၆၀ ဂရန် ဖြစ်ချင်ဖြစ်မယ်၊
– ဘိုးဘွားပိုင်မြေ ဖြစ်ချင်ဖြစ်မယ်၊ ဒါကိုတွေ့ရမယ်။

မြေချပါမစ် ဝယ်ပြီး၊ အနှစ်၆၀ ဂရန်လုပ်ပြီး ၊ ကိုယ့်အမည်ပေါက် ဂရန် လုပ်လို့ရတယ်။ အခွန်ဆောင်စရာမလိုဘူး။ ဟော… သူများ အမည်ပေါက် အနှစ်၆၀ ဂရန်ဆိုရင် ၊ အခွန်ဆောင်ပြီးမှ ကိုယ့်အမည်ပေါက် ပြောင်းလို့ရတယ်။ ထို့အတူပဲ…. ဘိုးဘွားပိုင်မြေဝယ်ရင်လည်း အခွန်ဆောင်ပြီးမှ ကိုယ့်အမည်ပေါက် ပြောင်းလို့ရတယ်လေ။

“လယ်ယာမြေ”

လယ်ယာမြေကတော့ဒီလိုမဟုတ်ဘူး။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကို မြို့နယ်ရုံးမှာပဲ မှတ်ပုံတင် စာချုပ် လို့ရတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရှိသူထံက ဝယ်ရင်း၊ အဲဒီ လယ်ယာမြေရှိတဲ့ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန ရုံးမှာ မှတ်ပုံတင် စာချုပ် ရတယ်။

အဲဒီမြို့နယ် အခွန်ဦးစီးဌာန ရုံးကဘဲ တန်ဖိုးဖြတ်ပေးတဲ့အတိုင်း အခွန်ဆောင်ရတယ်။ပြီးတော့ မှဝယ်သူရဲ့အမည်နဲ့
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကိုအဲဒီမြို့ ရဲ့ကြေးတိုင်နဲ မြေစာရင်းရုံးမှာ ယူလုပ် ရတယ်။ မြို့နယ်မြေ တွေမှာတော့ ” မြို့နယ်မြေစာရင်းဦးစီးမှူးနဲ့ မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ တာဝန် နှစ်ခုအတွက် ဦးစီး အရာရှိ
တစ်ဦးထဲကို လုပ်ပိုင်ခွင့်ပေးထား တယ်” လို့သိရပါတယ်။

လယ်မြေအမည် မပြောင်းချင်ရင် ရောင်းသူထံ ကပါဝါယူထားပေါ့။ ဒီတော့ ‘‘လယ်ယာမြေပိုင်ဆိုင်ခွင့်လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)၊ ကိုအမည် မပြောင်းချင်သေးဘူး။ အိမ်ခြံမြေလိုပဲ ဝယ်ရောင်းလုပ်ချင်တယ်ဆိုရင်တော့ အဲဒီလယ်ယာမြေ လုပ်ပိုင်ခွင့် ရှိသူတွေထဲက အထွေထွေ ကိုယ်စားလှယ် လွဲစာ ယူထားလိုက်ပေါ့။

အဲဒီအထွေထွေ ကိုယ်စားလှယ် လွဲစာကလဲ အဲဒီလယ်ယာမြေရှိတဲ့မြို့နယ်ကြေးတိုင်နဲ့မြေစာရင်းရုံးမှာပဲ လုပ်လို့ ရပါတယ်။ အဲဒီလို လယ်ယာမြေအမည်ပေါက်ထံက General Power (အထွေထွေ ကိုယ်စားလှယ်လွှဲစာ)ယူထားပြီးပြီ
ဆိုရင် တော့အခြားဝယ်သူတွေကို ပါဝါ နဲ့ပြန်ရောင်းပေါ့။ အမည်ပေါက် ကိုယ်စား လက်မှတ်ထိုးပေးလို့ ရတယ်.။”

နယ်မြို့တွေမှာ အထွေထွေ ကိုယ်စလှယ် လွှဲစာတို့၊ အထူးကိုယ်စားလှယ် လွှဲစာတို့ကို တံဆိပ်ခေါင်းကပ်ပြီး
အဆင်သင့် ရောင်းတာမျိုးတော့သိပ်မရှိကြဘူး။ ဒီတော့လည်း ရန်ကုန်မြို့ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)က
အဆင့်သင့်ရောင်းတဲ့ပါဝါတွေ ဝယ်ထားလိုက်ပေါ့။

လက်နှိပ်စက်ရေးဖို့လိုရင်တော့၊ မြို့နယ်တရားရုံးတွေမှာ စာသွားရိုက်လို့ရပါတယ်။ လက်ရှိအနေအထားမှာတော့
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) အရောင်းအဝယ် လုပ်ပေးတဲ့အဆင့်ကိုကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့
တောရွာ မြေစာရင်းဦးစီးဌာန က တာဝန်ရှိသူတွေနဲ့အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ဆောင်ရွက်လို့ ရကြောင်းကြား သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top