မဂၤလာဒံုၿမိဳ႕နယ္မွာ အသက္ငါးႏွစ္အရြယ္မိန္းကေလး အဓမၼျပဳက်င့္ခံရၿပီး ေရေျမာင္းထဲစြန္႔ပစ္ခံရတဲ့ အမႈမွာ တစ္လၾကာတဲ့အထိတရားခံကုိ ဖမ္းဆီးရမိျခင္း မရွိေသးဘူးလုိ႔ မဂၤလာဒံုၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ကေလးငယ္ဟာ ဇန္န၀ါရီလ ၂၉ ရက္ေန႔ကစျပီး ေပ်ာက္ဆုံးခဲ့တာေၾကာင့္ ေဖေဖာ္၀ါရီ လ ၂၇ ရက္ေန႔အထိ တရားခံကုိဖမ္းမိႏုိင္ေသးတာမရွိေသးပါဘူး။

"တုိင္းရုံးကုိပဲေမးလုိ႔ရမွာပါ။ လွိ်ဳ႕၀ွက္ျပီးစုံစမ္းစစ္ေဆးေနပါတယ္” လုိ႔ မဂၤလာဒံုၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲအရာရွိက Duwun ကုိေျပာပါတယ္။

မဂၤလာဒံုၿမိဳ႕နယ္ သဃၤန္းကၽြန္းႀကီး ေက်းရြာအုပ္စုအတြင္း ျခံစည္းရုိးမရွိတဲ့ ပ်ံက်အိမ္မွာေနထိုင္တဲ့ အသက္ငါးႏွစ္အရြယ္ မိန္းကေလးဟာ ေနအိမ္ကေန ရုတ္တရက္ ေပ်ာက္ဆံုးသြားခဲ့ရာမွ ေနာက္တစ္ေန႔မွေတာ့ အမွတ္ (၃) လမ္းမႀကီးေဘးမွာ ဒဏ္ရာေတြနဲ႔ အဓမၼျပဳက်င့္ခံၿပီး ေသဆံုးလွ်က္ျပန္လည္ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

ဇန္န၀ါရီ ၂၉ ရက္ေန႔ ည ၈ နာရီေလာက္မွာ မိခင္ျဖစ္သူက ေသဆုံးခဲ့သူ မိန္းကေလးကုိ (၂)ႏွစ္အရြယ္ အျခား ကေလးတစ္ဦးနဲ႔အတူ အိမ္မွာသိပ္ထားခဲ့ျပီး အိမ္နားမွာရွိတဲ့ ကေလးရဲ႕အေဖ ခင္ပြန္းျဖစ္သူရဲ႕စက္ဘီးျပင္ဆိုင္ကုိ ေခတၱသြားစဥ္မွာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

မိဘႏွစ္ပါးစလံုး ည ၉ နာရီေလာက္ ေနအိမ္ကုိ ျပန္ေရာက္လာတဲ့အခါမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ မိန္းကေလးဟာ အျခားကေလးနဲ႔အတူ ျခင္ေထာင္ထဲမွာ အိပ္ေနတယ္ထင္ျပီး မၾကည့္ခဲ့မိဘူးလုိ႔ ဆုိပါတယ္။ အဲ့ဒီေနာက္ ဖခင္ျဖစ္သူက မအိပ္ေသးဘဲ သတင္းစာဖတ္ေနရာက ည ၁၂ နာရီေလာက္မွာ သမီးကုိၾကည့္ရာ မေတြ႔ေတာ့ပဲ ေပ်ာက္ဆုံးေနတာေၾကာင့္ ပတ္ဝန္းက်င္ကုိအကူအညီေတာင္းၿပီး လုိုက္ရွာခဲ့တယ္လုိ႔ သိရပါတယ္။

ဇန္န၀ါရီလ ၃၀ ရက္ေန႔ ညေနငါးနာရီေလာက္မွာေတာ့ ေက်ာင္းမွျပန္လာတဲ့ ေက်ာင္းသားေလးေတြက မဂၤလာဒုံၿမိဳ႕နယ္ အမွတ္(၃)လမ္းမႀကီးေဘး ေရေျမာင္းထဲမွာ ေသဆုံးေနတဲ့မိန္းကေလးကုိ ေတြ႔ခဲ့ၾကတာျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက မဂၤလာဒုံမွာ ျဖစ္ပြားခဲ့တဲ့ ေလးေလာင္းျပိဳင္လူသတ္မႈမွာလည္း ေသဆုံးသူေတြထဲက တစ္ေယာက္ျဖစ္တဲ့ အမ်ိဳးသားဟာ စိတ္ေဖာက္ျပီး မိသားစုကုိသတ္ခဲ့တယ္ဆုိျပီးရဲတပ္ဖြဲ႔ကထုတ္ျပန္ခဲ့တာေၾကာင့္ အမ်ားျပည္သူအၾကားေ၀ဖန္စရာျဖစ္ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Verison#
မင်္ဂလာဒုံမြို့နယ်မှာ အသက်ငါးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရပြီး ရေမြောင်းထဲစွန့်ပစ်ခံရတဲ့ အမှုမှာ တစ်လကြာတဲ့အထိတရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့မရဲစခန်းကနေ သိရပါတယ်။

ကလေးငယ်ဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီး ပျောက်ဆုံးခဲ့တာကြောင့် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့အထိ တရားခံကိုဖမ်းမိနိုင်သေးတာမရှိသေးပါဘူး။

"တိုင်းရုံးကိုပဲမေးလို့ရမှာပါ။ လျှို့ဝှက်ပြီးစုံစမ်းစစ်ဆေးနေပါတယ်” လို့ မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုအတွင်း ခြံစည်းရိုးမရှိတဲ့ ပျံကျအိမ်မှာနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် မိန်းကလေးဟာ နေအိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာမှ နောက်တစ်နေ့မှတော့ အမှတ် (၃) လမ်းမကြီးဘေးမှာ ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံပြီး သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ည ၈ နာရီလောက်မှာ မိခင်ဖြစ်သူက သေဆုံးခဲ့သူ မိန်းကလေးကို (၂)နှစ်အရွယ် အခြား ကလေးတစ်ဦးနဲ့အတူ အိမ်မှာသိပ်ထားခဲ့ပြီး အိမ်နားမှာရှိတဲ့ ကလေးရဲ့အဖေ ခင်ပွန်းဖြစ်သူရဲ့စက်ဘီးပြင်ဆိုင်ကို ခေတ္တသွားစဉ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

မိဘနှစ်ပါးစလုံး ည ၉ နာရီလောက် နေအိမ်ကို ပြန်ရောက်လာတဲ့အခါမှာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးဟာ အခြားကလေးနဲ့အတူ ခြင်ထောင်ထဲမှာ အိပ်နေတယ်ထင်ပြီး မကြည့်ခဲ့မိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူက မအိပ်သေးဘဲ သတင်းစာဖတ်နေရာက ည ၁၂ နာရီလောက်မှာ သမီးကိုကြည့်ရာ မတွေ့တော့ပဲ ပျောက်ဆုံးနေတာကြောင့် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး လိုက်ရှာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေငါးနာရီလောက်မှာတော့ ကျောင်းမှပြန်လာတဲ့ ကျောင်းသားလေးတွေက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေး ရေမြောင်းထဲမှာ သေဆုံးနေတဲ့မိန်းကလေးကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက မင်္ဂလာဒုံမှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မှုမှာလည်း သေဆုံးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ အမျိုးသားဟာ စိတ်ဖောက်ပြီး မိသားစုကိုသတ်ခဲ့တယ်ဆိုပြီးရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့တာကြောင့် အများပြည်သူအကြားဝေဖန်စရာဖြစ်ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top