




ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ လှရက်လွန်းတဲ့ သူမရဲ့အသွင်အပြင်လေးတို့ကြောင့် ပရိသတ်တွေရဲ့နှလုံးသားထဲမှာ နေရာအပြည့်အဝယူထားနိုင်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးသောမင်းသမီးတွေထဲက တစ်ဦးအဖြစ် ပါဝင်နေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်လေးက MMTM Petrol Group ရဲ့ Lucky Draw Opening ပွဲလေးကို အဖြူရောင် ဝတ်စုံလေးနဲ့ မြင်သူတစ်ခါငေးမောရလောက်အောင် လှလှပပလေး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ရွှေကစ်လေးရဲ့ပုံရိပ်တွေက လှရက်လွန်းတာမို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာလည်း ဖြစ်ပါတယ်။



ဝတ်မှုံရွှေရည်ကတော့ “MMTM Petrol Group ရဲ့First Batch Lucky Draw Opeing ပွဲလေးတက်ဖြစ်တော့ Ko Nay Min Tun ကပုံလေးတွေရိုက်ပေးတယ်ပေါ့နော်။အဲတော့ တင်ရမှာကိုယ့်တာဝန်ဖြစ်သွားပြီ။  ” ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့အနုပညာအပေါ်ထားရှိတဲ့စိတ်ကြောင့်ရော ချစ်စဖွယ်အသွင်အပြင်လေးကြောင့်ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပါ။ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး event ပွဲတွေလည်း ဆက်တိုက် တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ သူမကိုတော့ ချစ်ရတဲ့ ပရိသတ်တွေက ဒီနှစ်မှာ အကယ်ဒမီဆုကိုလည်း မှန်းထားကြပါသေးတယ်။ချစ်ပရိသတ်တွေလည်း ပွဲတက်တိုင်း အလှဆုံးပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလွန်းတဲ့ နတ်မိမယ်လေး ဝတ်မှုံရွှေရည်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top