ေနတိုးဟာ ျမန္မာနိုင္ငံရဲ႕အထင္ကရထိပ္တန္းမင္းသားတစ္လက္ျဖစ္သလို အကယ္ဒမီဆုမ်ားရွင္သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး သရုပ္ေဆာင္ပညာမွာေမွာ္ေအာင္ထားသလိုေျပာင္ေျမာက္လြန္းတာမို႔ ျမန္မာတစ္နုိင္ငံလံုးကပရိသတ္ေတြရဲ႔ ခ်စ္ခင္အားေပးမႈေတြရရွိထားတာလည္းျဖစ္ပါတယ္။ ေနတိုးက လက္ရွိအနုပညာလႈပ္ရွားမႈေတြနဲ႔ 2019 မွာဖန္တီးသြားဖို႔ရွိတဲ့အနုပညာေတြအေၾကာင္း မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျပာျပသြားပါတယ္။

ေနတုိးက လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္း “အခုကေတာ့ ဒါရိုက္တာ ပြင့္သိဂႌေဇာ္နဲ႔ရုိုက္ေနတာေပါ့ေနာ္။ ျမက္နုဆိုတဲ့ရုပ္ရွင္ဇာတ္ကားအတြက္ ေမျမိဳ႕မွာရုိက္ေနပါတယ္။ မင္းသမီးကေတာ့ ဝတ္မႈန္ေရႊရည္ေပါ့။ Romance Drama ေပါ့။ အခုကေတာ့ ရာသီဥတုကနည္းနည္းေအးေနတဲ့အခါက်ေတာ့ ကြ်န္ေတာ္တုိ႔ Night Scene ေတြရိုက္ရရင္ေတာ့ အခက္အခဲေတြကရွိတာေပါ့ေနာ္”လို႔ ေျပာျပသြားပါတယ္။

2018 ထဲမွာမျပင္နို္င္ခဲ့တာေတြကုိ 2019 မွာျပင္သြားမယ္လုိ႔လည္း ေနတိုးက “2019 မွာေထြေထြထူးထူးေျပာင္းလဲလိုက္တာမ်ိဳးေတာ့မရွိပါဘူး။ 2018 ထဲမွာ ကုိ္ယ္ကုိယ္တိုင္ကလည္း မေကာင္းဘူးဆိုတာသိတယ္။ ကုိယ္ကုိယ္တိုင္ကလည္း ျပင္ခ်င္ခဲ့တယ္ေပါ့ေနာ္။ ကုိယ္ကုိယ္တိုင္ကုိယ့္ရဲ႕စိတ္ခံစားမႈေတြ၊အက်င့္ေတြ၊ 2019 ထဲကုိပါမလာေအာင္ ကြ်န္ေတာ္အတတ္နုိင္ဆံုးၾကိဳးစားေနတယ္ေပါ့ေနာ္။ ေအာင္ျမင္ခဲ့တာေတြလည္းရွိတယ္”လို႔ ေအးေးအးေဆးေဆးရင္ဖြင့္သြားပါတယ္။

ေနတိုးက 2019 ထဲမွာ အသစ္အဆန္းေတြအမ်ားၾကီးဖန္တီးသြားမယ့္အေၾကာင္း “2019 ထဲမွာေတာ့ ကြ်န္ေတာ့္စိ္တ္ၾကိဳက္ရိုက္သြားဖို႔ပဲမ်ားပါတယ္။ ကြ်န္ေတာ့္စိတ္ၾကိဳက္ဆိုတာက ပရိသတ္အတြက္အထူးအဆန္းလည္းျဖစ္မယ္။ ပရိသတ္အတြက္ ကာရိုက္တာ အသစ္တစ္ခုျဖစ္မယ္ေပါ့။ Presentation ပုိင္းေရာ ရုပ္ရွင္ location ေတြကအစ အသစ္အဆန္းျဖစ္မယ့္ ဇာတ္ကားမ်ိဳးေတြကုိပဲ ေလာေလာဆယ္မွာရိုက္ဖို႔စီစဥ္ထားပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

ေနတုိးက ဒါရိုက္တာလုပ္ဖုိ႔အစီအစဥ္ရွိလားဆိုတဲ့ေမးခြန္းကုိေတာ့ “ဒါရိုက္တာလုပ္သြားဖို႔ေတာ့ ေလာေလာဆယ္အစီအစဥ္မရွိပါဘူး။ ကြ်န္ေတာ္ Photography Director ေတာ့လုပ္ထားတာရွိပါတယ္။ Rose Rider ဇာတ္ကားေပါ့ေနာ္။ DOP အေနနဲ႔ ေၾကာက္ေၾကာက္ေၾကာက္ဇာတ္ကားမွာလုပ္ခဲ့တယ္။ အခု Rose Rider ေပါ့။ ကုိယ္တိုင္ဒါရိုက္တာအေနနဲ႔ေတာ့ ကြ်န္ေတာ္အရည္အခ်င္းမျပည့္မီေသးဘူးလို႔ိထင္ပါတယ္”လို႔ ကုိယ့္ကုိယ္ကုိယ္နွိမ့္ခ်စြာေျဖၾကားသြားခဲ့ပါတယ္။

ပရိသတ္ၾကီးေရာ ေနတိုးကုိခ်စ္လား။ ေနတိုးရဲ႕ အနုပညာအလုပ္ေတြကုိ ဆက္လက္အားေပးၾကမွာလား။ ေနတိုးကုိအကယ္ဒမီထပ္ရေစခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Can’t Wait To Say

#Unicode Version#
နေတိုးဟာ မြန်မာနိုင်ငံရဲ့အထင်ကရထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို အကယ်ဒမီဆုများရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်ပညာမှာမှော်အောင်ထားသလိုပြောင်မြောက်လွန်းတာမို့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတာလည်းဖြစ်ပါတယ်။ နေတိုးက လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ 2019 မှာဖန်တီးသွားဖို့ရှိတဲ့အနုပညာတွေအကြောင်း မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြသွားပါတယ်။

နေတိုးက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်း “အခုကတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်နဲ့ရိုက်နေတာပေါ့နော်။ မြက်နုဆိုတဲ့ရုပ်ရှင်ဇာတ်ကားအတွက် မေမြို့မှာရိုက်နေပါတယ်။ မင်းသမီးကတော့ ဝတ်မှုန်ရွှေရည်ပေါ့။ Romance Drama ပေါ့။ အခုကတော့ ရာသီဥတုကနည်းနည်းအေးနေတဲ့အခါကျတော့ ကျွန်တော်တို့ Night Scene တွေရိုက်ရရင်တော့ အခက်အခဲတွေကရှိတာပေါ့နော်”လို့ ပြောပြသွားပါတယ်။

2018 ထဲမှာမပြင်နိုင်ခဲ့တာတွေကို 2019 မှာပြင်သွားမယ်လို့လည်း နေတိုးက “2019 မှာထွေထွေထူးထူးပြောင်းလဲလိုက်တာမျိုးတော့မရှိပါဘူး။ 2018 ထဲမှာ ကိုယ်ကိုယ်တိုင်ကလည်း မကောင်းဘူးဆိုတာသိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပြင်ချင်ခဲ့တယ်ပေါ့နော်။ ကိုယ်ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊အကျင့်တွေ၊ 2019 ထဲကိုပါမလာအောင် ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားနေတယ်ပေါ့နော်။ အောင်မြင်ခဲ့တာတွေလည်းရှိတယ်”လို့ အေးေးအးဆေးဆေးရင်ဖွင့်သွားပါတယ်။

နေတိုးက 2019 ထဲမှာ အသစ်အဆန်းတွေအများကြီးဖန်တီးသွားမယ့်အကြောင်း “2019 ထဲမှာတော့ ကျွန်တော့်စိတ်ကြိုက်ရိုက်သွားဖို့ပဲများပါတယ်။ ကျွန်တော့်စိတ်ကြိုက်ဆိုတာက ပရိသတ်အတွက်အထူးအဆန်းလည်းဖြစ်မယ်။ ပရိသတ်အတွက် ကာရိုက်တာ အသစ်တစ်ခုဖြစ်မယ်ပေါ့။ Presentation ပိုင်းရော ရုပ်ရှင် location တွေကအစ အသစ်အဆန်းဖြစ်မယ့် ဇာတ်ကားမျိုးတွေကိုပဲ လောလောဆယ်မှာရိုက်ဖို့စီစဉ်ထားပါတယ်”လို့ ဖြေကြားသွားပါတယ်။

နေတိုးက ဒါရိုက်တာလုပ်ဖို့အစီအစဉ်ရှိလားဆိုတဲ့မေးခွန်းကိုတော့ “ဒါရိုက်တာလုပ်သွားဖို့တော့ လောလောဆယ်အစီအစဉ်မရှိပါဘူး။ ကျွန်တော် Photography Director တော့လုပ်ထားတာရှိပါတယ်။ Rose Rider ဇာတ်ကားပေါ့နော်။ DOP အနေနဲ့ ကြောက်ကြောက်ကြောက်ဇာတ်ကားမှာလုပ်ခဲ့တယ်။ အခု Rose Rider ပေါ့။ ကိုယ်တိုင်ဒါရိုက်တာအနေနဲ့တော့ ကျွန်တော်အရည်အချင်းမပြည့်မီသေးဘူးလို့ိထင်ပါတယ်”လို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချစွာဖြေကြားသွားခဲ့ပါတယ်။

ပရိသတ်ကြီးရော နေတိုးကိုချစ်လား။ နေတိုးရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးကြမှာလား။ နေတိုးကိုအကယ်ဒမီထပ်ရစေချင်ကြလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top