iMyanmarHouse.com - Best Property Website for Myanmar
×

 သ႐ုပ္ေဆာင္ ေအးျမတ္သူ က ေနမင္းနဲ႔ႀကံဳခဲ့တဲ့အမွတ္တရေတြကို မီဒီယာေတြနဲ႕အင္တာဗ်ဴး တစ္ခုမွာေျပာျပသြားခဲ့ပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးသိေအာင္ေျပျပလိုက္ရပါတယ္။

“တကယ္ေတာ့ ငယ္ခ်င္ဦး လို႔ေရးတာပါ ငယ္ခ်စ္ဦးလို႔ျဖစ္သြားတာ အကုန္လံုးကလည္းလာေျပာ ၊ သူ႔ပရိသတ္ေတြကလည္း လာေျပာၾကတယ္။ငယ္ငယ္ကတည္းကသူငယ္ခ်င္း။ သူနဲ႕က ႏွစ္ေယာက္စလံုးသ႐ုပ္ေဆာင္စလုပ္တဲ့အခ်ိန္ကတည္းက စသိတာ။ ေနမင္းနဲ႕ကလံုးဝမတည့္ဘူး သူကလုပ္ခ်င္ရာလုပ္တာ ။ ေအးျမတ္သူကလည္း ခံခံေျပာတာဆိုေတာ့မတည့္ဘူး ။ သူကနင္ဒီလိုအိုက္တင္လုပ္ ၊ ဒီလိုေျပာလို႔လာလာေျပာတာေလ ။ တကယ္က သူကစားေျပာေႏွးတယ္ အသံတိုးတိုးေလးေလ ။ ေအးျမတ္သူကက် အသံက်ယ္က်ယ္နဲ႔စကားေျပာျမန္တယ္ေလ။ သူနဲ႕ကမတည့္ဘူး။

သူကစိတ္ရင္းအရမ္းေကာင္းတယ္ ။ သူလုပ္ခ်င္ရာတာလုပ္တာ ။ စိတ္ရွင္းတယ္။ မိန္းမတစ္ေယာက္ကို သူႀကိဳက္မွအီတယ္။ သူခ်စ္ခြင့္ပန္တယ္။သူတြဲတယ္။ ဟိုတေလာကေတာင္သူ႔ကိုစေနတာ နင္ Public မွာမတြဲနဲ႔တြဲရင္နင္ျပတ္မွာဆိုၿပီး(သြားေတာ့မေျပာနဲ႔ဦးေနာ္ ေတာ္ၾကာစိတ္ဆိုးေနဦးမယ္)။ မိန္းမေတာ့မယူပါနဲ႔လို႔ ။ဘာလို႔လဲဆိုေတာ့သ႔ူဒဏ္ကိုဘယ္သူမွခံႏိုင္မွာမဟုတ္ဘူး ။” လို႔ေျပာျပသြားခဲ့ပါတယ္။

သူရဲ႕အလုပ္ေတြနဲ႔ပတ္သတ္ၿပီးေတာ့လည္း “ေအးျမတ္သူက အခ်ိန္လိုတာ ၊ အရမ္းႀကီးအားလပ္ရက္မထားခ်င္ဘူး ။အားလပ္ရက္မ်ားလာရင္ လူကပ်င္းလာေရာ ။Gym သြားသလိုပဲေပါ့ေနာ္ သြားရမယ့္အခ်ိန္မသြားရင္ အဲ့ဒီအခ်ိန္ကို မသြားျဖစ္ေတာ့ဘူး။ ေအးျမတ္သူကေတာ့အခ်ိန္ကိုအေကာင္းဆံုးအသံုးခ်တယ္ ။ဘာလို႔လည္းဆိုေတာ့ ျပန္မရႏိုင္တဲ့ဟာကအခ်ိန္ေလ ။ အလုပ္ကိုျဖစ္ႏိုင္ရင္အလုပ္လုပ္ခ်င္တယ္။”ဆိုၿပီးေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

သရုပ်ဆောင် အေးမြတ်သူ က နေမင်းနဲ့ကြုံခဲ့တဲ့အမှတ်တရတွေကို မီဒီယာတွေနဲ့အင်တာဗျူး တစ်ခုမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြေပြလိုက်ရပါတယ်။

“တကယ်တော့ ငယ်ချင်ဦး လို့ရေးတာပါ ငယ်ချစ်ဦးလို့ဖြစ်သွားတာ အကုန်လုံးကလည်းလာပြော ၊ သူ့ပရိသတ်တွေကလည်း လာပြောကြတယ်။ငယ်ငယ်ကတည်းကသူငယ်ချင်း။ သူနဲ့က နှစ်ယောက်စလုံးသရုပ်ဆောင်စလုပ်တဲ့အချိန်ကတည်းက စသိတာ။ နေမင်းနဲ့ကလုံးဝမတည့်ဘူး သူကလုပ်ချင်ရာလုပ်တာ ။ အေးမြတ်သူကလည်း ခံခံပြောတာဆိုတော့မတည့်ဘူး ။ သူကနင်ဒီလိုအိုက်တင်လုပ် ၊ ဒီလိုပြောလို့လာလာပြောတာလေ ။ တကယ်က သူကစားပြောနှေးတယ် အသံတိုးတိုးလေးလေ ။ အေးမြတ်သူကကျ အသံကျယ်ကျယ်နဲ့စကားပြောမြန်တယ်လေ။ သူနဲ့ကမတည့်ဘူး။

သူကစိတ်ရင်းအရမ်းကောင်းတယ် ။ သူလုပ်ချင်ရာတာလုပ်တာ ။ စိတ်ရှင်းတယ်။ မိန်းမတစ်ယောက်ကို သူကြိုက်မှအီတယ်။ သူချစ်ခွင့်ပန်တယ်။သူတွဲတယ်။ ဟိုတလောကတောင်သူ့ကိုစနေတာ နင် Public မှာမတွဲနဲ့တွဲရင်နင်ပြတ်မှာဆိုပြီး(သွားတော့မပြောနဲ့ဦးနော် တော်ကြာစိတ်ဆိုးနေဦးမယ်)။ မိန်းမတော့မယူပါနဲ့လို့ ။ဘာလို့လဲဆိုတော့သ့ူဒဏ်ကိုဘယ်သူမှခံနိုင်မှာမဟုတ်ဘူး ။” လို့ပြောပြသွားခဲ့ပါတယ်။

သူရဲ့အလုပ်တွေနဲ့ပတ်သတ်ပြီးတော့လည်း “အေးမြတ်သူက အချိန်လိုတာ ၊ အရမ်းကြီးအားလပ်ရက်မထားချင်ဘူး ။အားလပ်ရက်များလာရင် လူကပျင်းလာရော ။Gym သွားသလိုပဲပေါ့နော် သွားရမယ့်အချိန်မသွားရင် အဲ့ဒီအချိန်ကို မသွားဖြစ်တော့ဘူး။ အေးမြတ်သူကတော့အချိန်ကိုအကောင်းဆုံးအသုံးချတယ် ။ဘာလို့လည်းဆိုတော့ ပြန်မရနိုင်တဲ့ဟာကအချိန်လေ ။ အလုပ်ကိုဖြစ်နိုင်ရင်အလုပ်လုပ်ချင်တယ်။”ဆိုပြီးပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top