YouTube မွာ ဘာေတြၾကည့္ရတာအႀကိဳက္ဆံုးလဲေမးရင္ အစားအေသာက္ အစီအစဥ္ ေတြပါပဲ။ အစာစားျပတဲ့ ဗီဒီယိုေတြ၊ ခ်က္ျပဳတ္ျပတဲ့ ဗီဒီယိုေတြကို တစ္ေနကုန္ထုိင္ၾကည့္ခိုင္းရင္ေတာင္ မပ်င္းမရိဘဲ ၾကည့္ႏုိ္င္ပါတယ္။ ဟင္းခ်က္တဲ့ဗီဒီယုိေတြတင္တဲ့ YouTube channel ေတြထဲကမွ အျမဲတမ္းသတိထားမိေနတဲ့ channel တစ္ခုရွိပါတယ္။ Grandpa Kitchen ဆိုတဲ့ channel တစ္ခုပါ။

Subscribers ေပါင္း (၄,၁၁၄,၉၃၄) ေယာက္ေတာင္ ရွိေနၿပီး အိႏိၵယအေျခစိုက္ YouTube channel တစ္ခုျဖစ္ပါတယ္။ အဓိကကေတာ့ ခ်စ္စဖြယ္အဖိုးအိုတစ္ေယာက္ မိဘမဲ့ကေလးေပါင္းမ်ားစြာအတြက္ လွဴဒါန္းေကၽြးေမြးဖို႕ စားစရာေတြခ်က္ျပဳတ္ေနတဲ့ ဗီဒီယိုေတြကို တင္တာပါ။

အဖိုးဟာ အသက္ (၇၃) ႏွစ္ရွိၿပီး နာမည္ကေတာ့ Narayana Reddy လို႕သိရပါတယ္။ Subscribers ေပါင္း (၄) မီလီယံေလာက္ရွိၿပီး သူ႕ရဲ႕ဗီဒီယိုတစ္ခုခ်င္းဆီတိုင္းမွာ ၾကည့္ရႈသူာလည္း မီလီယံနဲ႕ခ်ီေနပါတယ္။ Grandpa Kitchen ဆိုတဲ့ YouTube channel ကိုေတာ့ ၂၀၁၇ ၾသဂုတ္လမွာ စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္အထိ YouTube user ေတြၾကား နာမည္ႀကီးစြာ ရပ္တည္ေနတာပါ။

ပံုမွန္ျမင္ေတြ႕ေနၾက ဟင္းခ်က္နည္းဗီဒီယိုေတြလိုမဟုတ္ဘဲ လူေပါင္းရာခ််ီအတြက္ ဧရာမဟင္းပြဲေတြ ခ်က္ျပေလ့ရွိပါတယ္။ဆိတ္အေကာင္လိုက္သံုးၿပီး ဒံေပါက္ခ်က္တဲ့ဗီဒီယိုဟာဆိုရင္ Grandpa ရဲ႕ အေက်ာ္ၾကားဆံုး ဗီဒီယုိေတြထဲက တစ္ခုျဖစ္ပါတယ္။

တစ္ခါတစ္ရံမွာ နာမည္ႀကီးၾကက္ေၾကာ္ဆိုင္က ၾကက္ေၾကာ္ေတြလိုမ်ိဳး ခ်က္ျပဳတ္ေလ့ရွိၿပီး mac & cheese, lasagna တို႕လိုမ်ိဳး အေမရိကန္၊ ဥေရာပအစားအစားစာေတြ ခ်က္တာကိုလည္း တစ္ခါတစ္ရံျမင္ေတြ႕ရမွာပါ။ဒီဗီဒီယိုမွာေတာ့ လူတိုင္းႀကိဳက္တဲ့ ပီဇာကို ဒန္အိုးကိုထင္းမီးနဲ႔ၿမိဳက္ကာ ဧရာမအရြယ္အစားျဖစ္ေအာင္ ဖုတ္ျပသြားတာပါ။

Grandpa နဲ႕အေပါင္းအပါမ်ားဟာ ဟင္းေတြခ်က္ၿပီး မိဘမဲ့ေက်ာင္းေတြဆီကို အျမဲတမ္းသြားေရာက္လွဴဒါန္းေလ့ရွိပါတယ္။ ပစၥည္းကိရိယာအစံုအလင္နဲ႕ ဟင္းပြဲေတြကို ခ်က္ျပဳတ္တာမဟုတ္ဘဲ ထင္မီးနဲ႕ အိမ္ခ်က္ပံုစံမ်ိဳး ခ်က္ျပဳတ္ေလ့ရွိေပမယ့္ Grandpa ရဲ႕ ဟင္းလ်ာေတြဟာ ေစတနာေတြပိုလွ်ံေနတာကို မျမင္ရေပမယ့္ ခံစားရမွာပါ။

အခုလိုဟင္းေတြခ်က္ၿပီး မိဘမဲ့ကေလးေတြကို ကူညီေပးတာ တစ္ခုတည္းမဟုတ္ပါဘူး။ အက်ီၤ၊ ေက်ာင္းအသံုးအေဆာင္ေတြ၊ ဖတ္စရာစာအုပ္ေတြအျပင္ ေမြးေန႕ရွင္ကေလးတိုင္းအတြက္ လက္ေဆာင္ေတြေပးေဝျခငး္ကိုလည္း ျပဳလုပ္ေလ့ရွိတယ္လို႔ Patreon မွာ တင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

YouTube မှာ ဘာတွေကြည့်ရတာအကြိုက်ဆုံးလဲမေးရင် အစားအသောက် အစီအစဉ် တွေပါပဲ။ အစာစားပြတဲ့ ဗီဒီယိုတွေ၊ ချက်ပြုတ်ပြတဲ့ ဗီဒီယိုတွေကို တစ်နေကုန်ထိုင်ကြည့်ခိုင်းရင်တောင် မပျင်းမရိဘဲ ကြည့်နိုင်ပါတယ်။ ဟင်းချက်တဲ့ဗီဒီယိုတွေတင်တဲ့ YouTube channel တွေထဲကမှ အမြဲတမ်းသတိထားမိနေတဲ့ channel တစ်ခုရှိပါတယ်။ Grandpa Kitchen ဆိုတဲ့ channel တစ်ခုပါ။

Subscribers ပေါင်း (၄,၁၁၄,၉၃၄) ယောက်တောင် ရှိနေပြီး အိန္ဒိယအခြေစိုက် YouTube channel တစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ချစ်စဖွယ်အဖိုးအိုတစ်ယောက် မိဘမဲ့ကလေးပေါင်းများစွာအတွက် လှူဒါန်းကျွေးမွေးဖို့ စားစရာတွေချက်ပြုတ်နေတဲ့ ဗီဒီယိုတွေကို တင်တာပါ။

အဖိုးဟာ အသက် (၇၃) နှစ်ရှိပြီး နာမည်ကတော့ Narayana Reddy လို့သိရပါတယ်။ Subscribers ပေါင်း (၄) မီလီယံလောက်ရှိပြီး သူ့ရဲ့ဗီဒီယိုတစ်ခုချင်းဆီတိုင်းမှာ ကြည့်ရှုသူာလည်း မီလီယံနဲ့ချီနေပါတယ်။ Grandpa Kitchen ဆိုတဲ့ YouTube channel ကိုတော့ ၂၀၁၇ သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ YouTube user တွေကြား နာမည်ကြီးစွာ ရပ်တည်နေတာပါ။

ပုံမှန်မြင်တွေ့နေကြ ဟင်းချက်နည်းဗီဒီယိုတွေလိုမဟုတ်ဘဲ လူပေါင်းရာချျီအတွက် ဧရာမဟင်းပွဲတွေ ချက်ပြလေ့ရှိပါတယ်။ဆိတ်အကောင်လိုက်သုံးပြီး ဒံပေါက်ချက်တဲ့ဗီဒီယိုဟာဆိုရင် Grandpa ရဲ့ အကျော်ကြားဆုံး ဗီဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ နာမည်ကြီးကြက်ကြော်ဆိုင်က ကြက်ကြော်တွေလိုမျိုး ချက်ပြုတ်လေ့ရှိပြီး mac & cheese, lasagna တို့လိုမျိုး အမေရိကန်၊ ဥရောပအစားအစားစာတွေ ချက်တာကိုလည်း တစ်ခါတစ်ရံမြင်တွေ့ရမှာပါ။ဒီဗီဒီယိုမှာတော့ လူတိုင်းကြိုက်တဲ့ ပီဇာကို ဒန်အိုးကိုထင်းမီးနဲ့မြိုက်ကာ ဧရာမအရွယ်အစားဖြစ်အောင် ဖုတ်ပြသွားတာပါ။

Grandpa နဲ့အပေါင်းအပါများဟာ ဟင်းတွေချက်ပြီး မိဘမဲ့ကျောင်းတွေဆီကို အမြဲတမ်းသွားရောက်လှူဒါန်းလေ့ရှိပါတယ်။ ပစ္စည်းကိရိယာအစုံအလင်နဲ့ ဟင်းပွဲတွေကို ချက်ပြုတ်တာမဟုတ်ဘဲ ထင်မီးနဲ့ အိမ်ချက်ပုံစံမျိုး ချက်ပြုတ်လေ့ရှိပေမယ့် Grandpa ရဲ့ ဟင်းလျာတွေဟာ စေတနာတွေပိုလျှံနေတာကို မမြင်ရပေမယ့် ခံစားရမှာပါ။

အခုလိုဟင်းတွေချက်ပြီး မိဘမဲ့ကလေးတွေကို ကူညီပေးတာ တစ်ခုတည်းမဟုတ်ပါဘူး။ အကျီၤ၊ ကျောင်းအသုံးအဆောင်တွေ၊ ဖတ်စရာစာအုပ်တွေအပြင် မွေးနေ့ရှင်ကလေးတိုင်းအတွက် လက်ဆောင်တွေပေးဝေခြင်းကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ Patreon မှာ တင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top