စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×





Credit: SiThu Maung

#Unicode Version# ဖြင့်ဖတ်ပါ ။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၂၀၁၉ ဇန်နဝါရီလ ၁၁ ရက်နေ့က မတော်တဆမှုကြောင့် ဓါတ်လိုက်ခံရ၍ လက်နှစ်ဖက်နှင့် ညာခြေမ` ဖြတ်တောက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားကိုသန်းထွန်း မှာဆေးဝါးကုသမှု ခံယူပြီး ….

နေအိမ်သို့ပြန်နိုင်ပြီဖြစ်ကြောင်းဆရာဝန်မှညွှန်ကြားသဖြင့်ယနေ့ညနေ ၁၆:၀၀ ချိန်ခန့်တွင် တာချီလိတ်မြို့အလင်းရောင်ပရဟိတအသင်မှ အရေးပေါ်လူနာတင်ယာဉ်နှင့် CNCMC ( ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ ) အဖွဲ့မှဦးဆောင်၍ မြန်မာဘက်ခြမ်းရှိနေအိမ်ထိကူညီပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည် ။

ကိုသန်းထွန်း၏ဒဏ်ရာများမှာ အသားနုတက်နေခြင်းခြင်းကြောင့် အချိန်ယူကုသရမည်ဖြစ်ပါသည် ၊ အလုပ်ရှင်ထံမှ ထိခိုက်နစ်နာလျော်ကြေးငွေရရှိရေးအတွက် တရားဥပဒေအရလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာအဖွဲ့အစည်းများသို့CNCMC မှ အသိပေးတိုင်ကြားထားပြီးဖြစ်ပါသည် ။

တတ်နိုင်သည့်ဘက်ကဖေးမကူညီစောင့်ရှောက်ပေးသွားပါမည်ဖြစ်ပါသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: SiThu Maung
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top