iMyanmarHouse.com - Best Property Website for Myanmar
×




Credit: burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

ပရိသတ်ကြီးရေ အဆိုတော်၊ သရုပ်ဆောင်မင်းသမီးချော ချစ်သုဝေကတော့ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးအောင်မြင်ခဲ့ပြီး တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တေးရေး/တေးဆို လင်းလင်းနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ အမြွှာသမီးချောလေးနှစ်ဦးကို ပိုင်ဆိုင်ခဲ့ပါတယ်။ အရုပ်မလေးတွေလို ဘယ်လိုနေနေချစ်ဖို့ကောင်းကြတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လေးတို့က ပရိသတ်တွေရဲ့နှလုံးသားတွေလည်း ဖြစ်ကြပါတယ်။

ချစ်သုဝေကတော့ သမီးလေးတွေရဲ့ ဗီဒီဖိုင်လေးတွေကိုအမြဲ ဖေ့ဘုတ်ပေါ်တင်လေ့ရှိပါတယ်။ ချစ်သုဝေဟာ မကြာသေးခင်ကမှ “ကတိ” တေးစီးရီးမိတ်ဆက်ပွဲကိုပြုလုပ်ခဲ့ပါတယ်။ “ကတိ” Promis Audio Albumကတော့ ၈ နှစ်ကြာမှ အသစ်ထွက်ရှိလာတဲ့ ချစ်သုဝေရဲ့ Album လဲဖြစ်ပါတယ်။ ချစ်သုဝေရဲ့ “ကတိ” Promis Audio Album ကို FG Entertainment က ထုတ်လုပ်တာဖြစ်ပြီး Bo Bo Music Production က လာမည့် ဖေဖော်ဝါရီ ၁၄ရက် မှာ တစ်နိုင်ငံလုံးကိုဖြန့်ချိသွားမှာဖြစ်ပါတယ်။

ထိုပွဲမှာ ချစ်သုဝေက အပြင်ကိုအလုပ်ထွက်လုပ်နေတုန်း သမီးအကြီးလေးကို မျက်လုံးထိခိုက်ခဲ့တဲ့ အကြောင်းပြောလာပါတယ်။ အပြင်ထွက်အလုပ်လုပ်မိလို့ သမီးအကြီးလေးရဲ့မျက်လုံးကို ဘောပင်လေးနဲ့ထိုးမိသွားလို့ အပြစ်ရှိသလိုခံစားရတယ်လို့ပြောလာခဲ့ပါတယ်။ ချစ်သုဝေရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါနော်။ ပရိသတ်ကြီးကလဲ ချစ်သုဝေတို့မိသားစုကိုချစ်ရင် Share ပေးသွားကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top