1.      ေနထိုင္စားေသာက္မႈပံုစံ

        အူမႀကီးကင္ဆာက ေနထိုင္စားေသာက္မႈပံုစံနဲ႔သိသိသာသာကို ဆက္ႏြယ္ေနပါတယ္။ စားေသာက္မႈပံုစံနဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြကို ေကာင္းေအာင္ျပဳျပင္ၿပီးေနာက္မွာ အူကင္ဆာ ျဖစ္ႏုိင္ေခ်ကို ၇၅% ေလာက္ထိ က်သြားေစႏုိင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

>>    အစားအေသာက္

        အဆီေတြ မ်ားၿပီးေတာ့ အမွ်င္ဓာတ္ပါဝင္မႈနည္းတဲ့ စားေသာက္မႈပံုစံက အူကင္ဆာျဖစ္ႏုိင္ေခ်ကို မ်ားေစပါတယ္။ ဒါေၾကာင့္ ျပည့္ဝဆီေတြပါဝင္တဲ့ အစားအစာေတြကို ေလွ်ာ့ခ်ပါ။ ကိတ္မုန္႔၊ ဘီစကစ္၊ တျခားအခ်ိဳမုန္႔ေတြ၊ အဆီထုတ္မထားတဲ့ ႏို႔နဲ႔လုပ္ထားတဲ့စားစရာေတြကို ေလွ်ာ့စားပါ။ အနီေရာင္အသားကိုလည္း တစ္ပတ္ကို ၃-၄ ႀကိမ္ေလာက္ပဲ စားသင့္ပါတယ္တဲံ။

          သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ စားတာက အမွ်င္ဓာတ္ၾကြယ္ဝသလို ဗီတာမင္၊ သတၱဳဓာတ္နဲ႔ ကင္ဆာကို တုိက္ဖ်က္ႏိုင္စြမ္းရွိတဲ့ အင္တီေအာက္ဆီးဒင့္ေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ အူကင္ဆာ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။ တစ္ေန႔ကို အနည္းဆံုး ဟင္းသီးဟင္းရြက္ ၅ ခြက္နဲ႔ သစ္သီး ၂ လံုးစားေပးပါ။

>>    အရက္နဲ႔ ေဆးလိပ္

          အရက္ အလြန္အကၽြံ ေသာက္သံုးတာက အူမႀကီးကင္ဆာ အပါအဝင္ ကင္ဆာအခ်ိဳ႕ ျဖစ္ႏိုင္ေခ်ကို မ်ားေစတဲ့အတြက္ က်န္းမာေရးေကာင္းေစဖို႔ အရက္ကို ေလွ်ာ့ေသာက္ပါ။

          ေဆးလိပ္လည္ းအတူတူပါပဲ။ သုေတသနေတြအရ ေဆးလိပ္က အူကင္ဆာအပါအဝင္ တျခားကင္ဆာအခ်ိဳ႕ ျဖစ္ႏိုင္ေခ်ကို မ်ားေစ႐ံုသာမက အူကင္ဆာျဖစ္ေနတဲ့သူေတြထဲမွာမွ ေဆးလိပ္ေသာက္တဲ့သူေတြက ေသဆံုးႏိုင္ေခ် ပိုမ်ားပါတယ္။

>>    ေလ့က်င့္ခန္း

          မလႈပ္မရွားဘဲ ေနတာကလည္း အူကင္ဆာျဖစ္ႏုိင္ေခ်ကို မ်ားေစတဲ့အတြက္ေၾကာင့္ တစ္ေန႔ကို အနည္းဆံုး မိနစ္ ၃၀ ေလာက္ ေလ့က်င့္ခန္းလုပ္ေပးဖို႔ လိုပါတယ္။ ဒါက ကင္ဆာျဖစ္ႏို္င္ေခ်ကို ေလ်ာ့က်ေစတဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းေပးႏိုင္ပါတယ္။

2.      ႀကိဳတင္စစ္ေဆးျခင္းမ်ား

          အူကင္ဆာ အပါအဝင္ ကင္ဆာအမ်ားစုက ပထမပိုင္းမွာ လကၡဏာျပေလ့ မရွိတဲ့အတြက္ေၾကာင့္ ပံုမွန္စစ္ေဆးမႈလုပ္ေနဖို႔ လိုပါတယ္။

>>    အူကင္ဆာအတြက္ စစ္ေဆးျခင္းမ်ား

          လူလတ္ပိုင္း အရြယ္ေလာက္အထိေတာ့ ပံုမွန္စစ္ေဆးေနဖို႔ သိပ္မလုိပါဘူး။ အသက္ ၅၀ ေက်ာ္ၿပီဆိုတာနဲ႔ ၂ ႏွစ္တစ္ႀကိမ္ေလာက္ fetal occult blood လို႔ေခၚတဲ့ ဝမ္းထဲမွာ ေသြးစ ပါ၊ မပါ စစ္ေဆးရတဲ့ စစ္ေဆးမႈကို လုပ္ေပးဖို႔ လိုပါတယ္။

          တခ်ိဳ႕ ကင္ဆာျဖစ္ႏုိင္ေခ် မ်ားတဲ့သူေတြမွာေတာ့ အသက္ငယ္ငယ္ကတည္းက စစ္ၾကည့္ဖို႔ လိုႏုိင္ပါတယ္။ ဒီေတာ့ ကိုယ့္မွာ အူကင္ဆာျဖစ္ႏိုင္ေခ် မ်ားတယ္လို႔ထင္ရင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

>>    Fecal occult blood test (၀မ္းထဲမွာ ေသြးစ ပါ၊ မပါ စစ္ေဆးမႈ)

          အူသိမ္ကင္ဆာေတြနဲ႔ ၾကာလာရင္ ကင္ဆာအျဖစ္ ေျပာင္းသြားႏိုင္တဲ့ အႀကိတ္ေတြေၾကာင့္ အူထဲကို ေသြးထြက္ေပမယ့္လည္း ေသြးထြက္တာ နည္းတဲ့အတြက္ သာမာန္မ်က္စိနဲ႔ မျမင္ႏိုင္ပါဘူး။ ဒီလိုအခါမွာ ဒီစစ္ေဆးမႈကို လုပ္ဖို႔လိုပါတယ္။

          ဒီစစ္ေဆးမႈ လုပ္ဖို႔အတြက္ဆိုရင္ ကိုယ့္ရဲ႕ဝမ္းအနည္းငယ္ကို ဓာတ္ခဲခန္းထဲမွာ စစ္ဖို႔လိုပါတယ္။ ဒီစစ္ေဆးမႈမွာ ေသြးစေတြ႕တယ္ဆိုရင္ ဆရာဝန္က တျခားစစ္ေဆးမႈေတြလုပ္ဖို႔ ညႊန္ပါလိမ့္မယ္။ အမ်ားအားျဖင့္ေတာ့ အူမႀကီးမွန္ေျပာင္း ၾကည့္ခိုင္းေလ့ရွိပါတယ္။ ေသြးစေတြ႕တိုင္းတေတာ့လည္း ကင္ဆာလို႔ အတိအက် မေျပာႏုိင္ပါဘူး။ တျခားျဖစ္ႏုိင္ေခ်ရွိတဲ့ အေၾကာင္းအရင္းေတြကိုလည္း ေသခ်ာစမ္းသပ္စစ္ဖို႔ လိုပါတယ္။

>>    အူမႀကီး မွန္ေျပာင္းၾကည့္ျခင္း

          အူမႀကီးကို ေသခ်ာၾကည့္ႏိုင္ဖို႔အတြက္ မွန္ေျပာင္းၾကည့္ဖို႔ လိုပါတယ္။ အူမႀကီး အတြင္းပိုင္းကို ေသခ်ာျမင္ႏိုင္ၿပီးေတာ့ လိုအပ္ရင္ အသားစ တစ္ခါတည္းယူၿပီးေတာ့ ဓာတ္ခြဲခန္းပို႔ စစ္ေဆးလို႔ရပါတယ္။

>>    ပံုမွန္စစ္ေဆးျခင္းရဲ႕အက်ိဳးေက်းဇူးမ်ား

          ပံုမွန္စစ္ေဆးတာကေတာ့ ေရာဂါကို ေစာေစာသိ ေစာေစာကုႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္းပါပဲ။ အူမႀကီးကင္ဆာကို ေစာေစာသိမယ္ဆိုရင္ ကုသမႈ ေအာင္ျမင္ႏို္င္ေခ်က ၉၀% ေလာက္ ရွိပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
1.      နေထိုင်စားသောက်မှုပုံစံ

        အူမကြီးကင်ဆာက နေထိုင်စားသောက်မှုပုံစံနဲ့သိသိသာသာကို ဆက်နွယ်နေပါတယ်။ စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ကောင်းအောင်ပြုပြင်ပြီးနောက်မှာ အူကင်ဆာ ဖြစ်နိုင်ချေကို ၇၅% လောက်ထိ ကျသွားစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

>>    အစားအသောက်

        အဆီတွေ များပြီးတော့ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့ စားသောက်မှုပုံစံက အူကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ ဒါကြောင့် ပြည့်ဝဆီတွေပါဝင်တဲ့ အစားအစာတွေကို လျှော့ချပါ။ ကိတ်မုန့်၊ ဘီစကစ်၊ တခြားအချိုမုန့်တွေ၊ အဆီထုတ်မထားတဲ့ နို့နဲ့လုပ်ထားတဲ့စားစရာတွေကို လျှော့စားပါ။ အနီရောင်အသားကိုလည်း တစ်ပတ်ကို ၃-၄ ကြိမ်လောက်ပဲ စားသင့်ပါတယ်တဲံ။

          သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားတာက အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ အင်တီအောက်ဆီးဒင့်တွေ အများကြီးပါဝင်တဲ့အတွက် အူကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ဟင်းသီးဟင်းရွက် ၅ ခွက်နဲ့ သစ်သီး ၂ လုံးစားပေးပါ။

>>    အရက်နဲ့ ဆေးလိပ်

          အရက် အလွန်အကျွံ သောက်သုံးတာက အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအချို့ ဖြစ်နိုင်ချေကို များစေတဲ့အတွက် ကျန်းမာရေးကောင်းစေဖို့ အရက်ကို လျှော့သောက်ပါ။

          ဆေးလိပ်လည် းအတူတူပါပဲ။ သုတေသနတွေအရ ဆေးလိပ်က အူကင်ဆာအပါအဝင် တခြားကင်ဆာအချို့ ဖြစ်နိုင်ချေကို များစေရုံသာမက အူကင်ဆာဖြစ်နေတဲ့သူတွေထဲမှာမှ ဆေးလိပ်သောက်တဲ့သူတွေက သေဆုံးနိုင်ချေ ပိုများပါတယ်။

>>    လေ့ကျင့်ခန်း

          မလှုပ်မရှားဘဲ နေတာကလည်း အူကင်ဆာဖြစ်နိုင်ချေကို များစေတဲ့အတွက်ကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ ဒါက ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

2.      ကြိုတင်စစ်ဆေးခြင်းများ

          အူကင်ဆာ အပါအဝင် ကင်ဆာအများစုက ပထမပိုင်းမှာ လက္ခဏာပြလေ့ မရှိတဲ့အတွက်ကြောင့် ပုံမှန်စစ်ဆေးမှုလုပ်နေဖို့ လိုပါတယ်။

>>    အူကင်ဆာအတွက် စစ်ဆေးခြင်းများ

          လူလတ်ပိုင်း အရွယ်လောက်အထိတော့ ပုံမှန်စစ်ဆေးနေဖို့ သိပ်မလိုပါဘူး။ အသက် ၅၀ ကျော်ပြီဆိုတာနဲ့ ၂ နှစ်တစ်ကြိမ်လောက် fetal occult blood လို့ခေါ်တဲ့ ဝမ်းထဲမှာ သွေးစ ပါ၊ မပါ စစ်ဆေးရတဲ့ စစ်ဆေးမှုကို လုပ်ပေးဖို့ လိုပါတယ်။

          တချို့ ကင်ဆာဖြစ်နိုင်ချေ များတဲ့သူတွေမှာတော့ အသက်ငယ်ငယ်ကတည်းက စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။ ဒီတော့ ကိုယ့်မှာ အူကင်ဆာဖြစ်နိုင်ချေ များတယ်လို့ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

>>    Fecal occult blood test (ဝမ်းထဲမှာ သွေးစ ပါ၊ မပါ စစ်ဆေးမှု)

          အူသိမ်ကင်ဆာတွေနဲ့ ကြာလာရင် ကင်ဆာအဖြစ် ပြောင်းသွားနိုင်တဲ့ အကြိတ်တွေကြောင့် အူထဲကို သွေးထွက်ပေမယ့်လည်း သွေးထွက်တာ နည်းတဲ့အတွက် သာမာန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ ဒီလိုအခါမှာ ဒီစစ်ဆေးမှုကို လုပ်ဖို့လိုပါတယ်။

          ဒီစစ်ဆေးမှု လုပ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ဝမ်းအနည်းငယ်ကို ဓာတ်ခဲခန်းထဲမှာ စစ်ဖို့လိုပါတယ်။ ဒီစစ်ဆေးမှုမှာ သွေးစတွေ့တယ်ဆိုရင် ဆရာဝန်က တခြားစစ်ဆေးမှုတွေလုပ်ဖို့ ညွှန်ပါလိမ့်မယ်။ အများအားဖြင့်တော့ အူမကြီးမှန်ပြောင်း ကြည့်ခိုင်းလေ့ရှိပါတယ်။ သွေးစတွေ့တိုင်းတတော့လည်း ကင်ဆာလို့ အတိအကျ မပြောနိုင်ပါဘူး။ တခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေကိုလည်း သေချာစမ်းသပ်စစ်ဖို့ လိုပါတယ်။

>>    အူမကြီး မှန်ပြောင်းကြည့်ခြင်း

          အူမကြီးကို သေချာကြည့်နိုင်ဖို့အတွက် မှန်ပြောင်းကြည့်ဖို့ လိုပါတယ်။ အူမကြီး အတွင်းပိုင်းကို သေချာမြင်နိုင်ပြီးတော့ လိုအပ်ရင် အသားစ တစ်ခါတည်းယူပြီးတော့ ဓာတ်ခွဲခန်းပို့ စစ်ဆေးလို့ရပါတယ်။

>>    ပုံမှန်စစ်ဆေးခြင်းရဲ့အကျိုးကျေးဇူးများ

          ပုံမှန်စစ်ဆေးတာကတော့ ရောဂါကို စောစောသိ စောစောကုနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။ အူမကြီးကင်ဆာကို စောစောသိမယ်ဆိုရင် ကုသမှု အောင်မြင်နိုင်ချေက ၉၀% လောက် ရှိပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top