20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×




Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေရဲ့ ပိုင်ရှင် Bella ဟာ သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံရသူလေးဖြစ်ပါတယ်။ Bella က Miss တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပေမယ့် အခုဆို မော်ဒယ်နဲ့ သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူမကို အားပေးလက်ခံကြတဲ့ ပရိသတ်တွေနဲ့ Bella က အနေအထားတစ်ခုမှာ အောင်မြင်စွာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

ရည်းစားမရှိသေးပဲ သူငယ်ချင်းတွေနဲ့သာ ပျော်ရွှင်စွာနေတတ်တဲ့ Bella က သူမရဲ့ ကြေကွဲထိရှဖွယ် အဖြစ်အပျက်တစ်ခုကို ပရိသတ်တွေဆီ မျှဝေပေးထားပါတယ်။”ချိန်ပါပဲကြားဖူးပါတယ်အေ … ဘယ်နှဲ့ငါ့အလှည့်ကျမှ ချိန်ခြောက်တုန်း … ငါချိန်လိုက်တိုင်းခြောက်နေတာကြီးပဲ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ပရိသတ်တွေလဲ Bella ရဲ့ အဖြစ်ကိုကြည့်ပြီး ပြုံးချင်ချင်ဖြစ်သွားကြမယ်ထင်ပါတယ်။ Bella ကတော့ ဒီပုံအတိုင်းဆို တစ်ကိုယ်တည်း Single ဘဝပဲရှိနေဦးမှာဆိုတော့ Bella ကို နှမြောတဲ့ ပရိသတ်တွေအတွက်တော့ သတင်းကောင်းပဲနော်  အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top