စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

1. ထိပ္ခၽြန္ဖိနပ္

ထိပ္ခၽြန္ ဖိနပ္ေတြက ေျခေထာက္ကို တင္းက်ပ္ေစပါတယ္။ ေျခဖ်ားကတယ္တဲ့သူေတြ အတြက္ ထိပ္ခၽြန္ ဖိနပ္စီးရင္ အဆင္မေျပပါဘူး။ ထိပ္ခၽြန္တဲ့ ဖိနပ္ေတြက အရမ္းၾကပ္ၿပီး ေျခေခ်ာင္းေလးေတြအေပၚ ဖိအားေတြ ျဖစ္ေစပါတယ္။

ေျခေထာက္ကို တင္းတင္းၾကပ္ၾကပ္ႀကီး ျဖစ္ေနတာေတာ့ ဘယ္သူမွ မလိုခ်င္ၾကပါဘူး။ ထိပ္ခၽြန္ဖိနပ္ေတြက ေျခေထာက္ကို နာက်င္ေစၿပီး အရည္ၾကည္ဖုေတြလည္း ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ လွပတဲ့ ထိပ္ခၽြန္ဖိနပ္ မဝယ္ခင္မွာ သင့္ေျခေထာက္အတြက္ အဆင္ေျပလား ဆိုတာ စစ္ေဆးၿပီးမွ ဝယ္ပါ။

2. ညႇပ္ဖိနပ္

ညႇပ္ဖိနပ္ေတြက ေႏြရာသီနဲ႔ ကမ္းေျခမွာ စီးဖို႔အတြက္ သင့္ေတာ္တယ္လို႔ ထင္ၾကပါတယ္။ ညႇပ္ဖိနပ္စီးရတာ အဆင္ေျပတယ္ လုိ႔ မေျပာႏိုင္ပါဘူး။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ညႇပ္ဖိနပ္က ေျခေခ်ာင္းေလးေတြ ၾကားကို ပြတ္တိုက္ၿပီး အေရျပားကို နာေစပါတယ္။ ေျခက်င္းဝတ္နဲ႔ ဒူးအေနအထားကိုလည္း မမွန္ေစပါဘူး။ ညႇပ္ဖိနပ္စီးၿပီး ေျပးဖို႔ကေတာ့ အေတာ္ကို ခဲယဥ္းပါတယ္။

3. ေဒါက္ျမင့္ဖိနပ္

ေဒါက္ျမင့္ဖိနပ္စီးရင္ ၾကည့္ေကာင္းတယ္၊ ဆြဲေဆာင္မႈ ရွိတယ္ဆိုၿပီး အမ်ိဳးသမီးေတြက ေဒါက္ျမင့္ဖိနပ္ကို သေဘာက် ၾကပါတယ္။ ဒါေပမယ့္ ေဒါက္ျမင့္ ဖိနပ္ေတြက သင္ ထင္ထားတာထက္ကိုပိုၿပီး အႏၲရာယ္မ်ားပါတယ္။

ေဒါက္ျမင့္ဖိနပ္ကို မၾကာခဏ စီးတဲ့အခါ ေျခဆစ္လြဲျခင္း၊ ေျခစြယ္ငုပ္ျခင္း၊ ေျခေထာက္အေၾကာမ်ားနာက်င္ျခင္း၊ ေနာက္ေက်ာရိုး နာက်င္ျခင္းကို ျဖစ္ေစပါတယ္။ ေန႔တိုင္းစီးတဲ့ ေဒါက္ဖိနပ္ေတြက သံုးလက္မထက္ မပိုသင့္ပါဘူး။ တစ္ေနကုန္ ေဒါက္ဖိနပ္ႀကီး မစီးႏိုင္ဘူး ဆိုရင္ ရံုးေရာက္တဲ့အခါ ဖိနပ္ေျပာင္းစီးဖို႔ သတိရပါ။

4. ေဒါက္မပါတဲ့ဖိနပ္

ဒါကေတာ့ အံ့ဩစရာပါပဲ။ ဒါေပမယ့္ ေဒါက္မပါတဲ့ ဖိနပ္ေတြကလည္း သင့္ေျခေထာက္ကို ထိခိုက္ေစပါတယ္။ ေဒါက္မပါတဲ့ ဖိနပ္က ေျခဖဝါးကို ေထာက္မ ေပးထားျခင္း မရွိတာေၾကာင့္ ေျခဖဝါးအရြတ္ကို နာက်င္ေစပါတယ္။ ခါးနဲ႔ေက်ာရိုးကိုလည္း နာက်င္ေစပါတယ္။ ဖိနပ္နဲ႔ေျခဖဝါးၾကားမွာ ေဖာ့ခံလိုမ်ိဳး အရာကို ထားၿပီးစီးရင္ေတာ့ အဆင္ေျပပါတယ္။

5. အေျပးဖိနပ္

အေျပးဖိနပ္က သင့္ေတာ္ပါတယ္။ အေျပးဖိနပ္ကို ေျပးတဲ့အခ်ိန္မွာပဲ စီးပါ။ အေျပးဖိနပ္ကုိ ေန႔တိုင္း စီးတဲ့အခါ အဆင္ေျပၿပီး ေပါ့ပါးတယ္ လို႔ ထင္ရပါတယ္။ ဒါေပမယ့္ အေျပးဖိနပ္က အၾကမ္းမခံတဲ့ အတြက္ သင့္ေျခေထာက္ကို နာက်င္ေစႏိုင္ပါတယ္။ ေန႔စဥ္စီးဖို႔ အတြက္ဆိုရင္ ေျခဖဝါးအရြတ္ကို မထိခိုက္ေစမယ့္ ဖိနပ္မ်ိဳးကို ေရြးခ်ယ္တာ ေကာင္းပါတယ္။ ဥပမာအေနနဲ႔ ဖိနပ္ေအာက္ခံမာတဲ့ အားကစား ဖိနပ္က ပိုၿပီး စိတ္ခ်ရပါတယ္။

6. ခံုျမင့္ဖိနပ္

ခံုျမင့္ဖိနပ္မွာ မာေတာင္ေတာင့္ ဖိနပ္ခံုေၾကာင့္ စီးရတာ အဆင္မေျပပါဘူး။ ေျခလွမ္းလုိက္တိုင္မွာ အဆင္ေျပဖို႔အတြက္ ဖိနပ္က အေရးႀကီးပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ ခံုျမင့္ဖိနပ္နဲ႔ လမ္းေလၽွာက္တာမ်ားရင္ အဆင္မေျပေတာ့ပါဘူး။ အဲဒါေၾကာင့္ ခံုျမင့္ဖိနပ္ကို တစ္ခါတေလမွ စီးတာေကာင္းပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Zombie(Loveshortnotes)
Ref – Brightside
#Unicode Version#
1. ထိပ်ချွန်ဖိနပ်

ထိပ်ချွန် ဖိနပ်တွေက ခြေထောက်ကို တင်းကျပ်စေပါတယ်။ ခြေဖျားကတယ်တဲ့သူတွေ အတွက် ထိပ်ချွန် ဖိနပ်စီးရင် အဆင်မပြေပါဘူး။ ထိပ်ချွန်တဲ့ ဖိနပ်တွေက အရမ်းကြပ်ပြီး ခြေချောင်းလေးတွေအပေါ် ဖိအားတွေ ဖြစ်စေပါတယ်။

ခြေထောက်ကို တင်းတင်းကြပ်ကြပ်ကြီး ဖြစ်နေတာတော့ ဘယ်သူမှ မလိုချင်ကြပါဘူး။ ထိပ်ချွန်ဖိနပ်တွေက ခြေထောက်ကို နာကျင်စေပြီး အရည်ကြည်ဖုတွေလည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် လှပတဲ့ ထိပ်ချွန်ဖိနပ် မဝယ်ခင်မှာ သင့်ခြေထောက်အတွက် အဆင်ပြေလား ဆိုတာ စစ်ဆေးပြီးမှ ဝယ်ပါ။

2. ညှပ်ဖိနပ်

ညှပ်ဖိနပ်တွေက နွေရာသီနဲ့ ကမ်းခြေမှာ စီးဖို့အတွက် သင့်တော်တယ်လို့ ထင်ကြပါတယ်။ ညှပ်ဖိနပ်စီးရတာ အဆင်ပြေတယ် လို့ မပြောနိုင်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ညှပ်ဖိနပ်က ခြေချောင်းလေးတွေ ကြားကို ပွတ်တိုက်ပြီး အရေပြားကို နာစေပါတယ်။ ခြေကျင်းဝတ်နဲ့ ဒူးအနေအထားကိုလည်း မမှန်စေပါဘူး။ ညှပ်ဖိနပ်စီးပြီး ပြေးဖို့ကတော့ အတော်ကို ခဲယဉ်းပါတယ်။

3. ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်စီးရင် ကြည့်ကောင်းတယ်၊ ဆွဲဆောင်မှု ရှိတယ်ဆိုပြီး အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်ကို သဘောကျ ကြပါတယ်။ ဒါပေမယ့် ဒေါက်မြင့် ဖိနပ်တွေက သင် ထင်ထားတာထက်ကိုပိုပြီး အန္တရာယ်များပါတယ်။

ဒေါက်မြင့်ဖိနပ်ကို မကြာခဏ စီးတဲ့အခါ ခြေဆစ်လွဲခြင်း၊ ခြေစွယ်ငုပ်ခြင်း၊ ခြေထောက်အကြောများနာကျင်ခြင်း၊ နောက်ကျောရိုး နာကျင်ခြင်းကို ဖြစ်စေပါတယ်။ နေ့တိုင်းစီးတဲ့ ဒေါက်ဖိနပ်တွေက သုံးလက်မထက် မပိုသင့်ပါဘူး။ တစ်နေကုန် ဒေါက်ဖိနပ်ကြီး မစီးနိုင်ဘူး ဆိုရင် ရုံးရောက်တဲ့အခါ ဖိနပ်ပြောင်းစီးဖို့ သတိရပါ။

4. ဒေါက်မပါတဲ့ဖိနပ်

ဒါကတော့ အံ့ဩစရာပါပဲ။ ဒါပေမယ့် ဒေါက်မပါတဲ့ ဖိနပ်တွေကလည်း သင့်ခြေထောက်ကို ထိခိုက်စေပါတယ်။ ဒေါက်မပါတဲ့ ဖိနပ်က ခြေဖဝါးကို ထောက်မ ပေးထားခြင်း မရှိတာကြောင့် ခြေဖဝါးအရွတ်ကို နာကျင်စေပါတယ်။ ခါးနဲ့ကျောရိုးကိုလည်း နာကျင်စေပါတယ်။ ဖိနပ်နဲ့ခြေဖဝါးကြားမှာ ဖော့ခံလိုမျိုး အရာကို ထားပြီးစီးရင်တော့ အဆင်ပြေပါတယ်။

5. အပြေးဖိနပ်

အပြေးဖိနပ်က သင့်တော်ပါတယ်။ အပြေးဖိနပ်ကို ပြေးတဲ့အချိန်မှာပဲ စီးပါ။ အပြေးဖိနပ်ကို နေ့တိုင်း စီးတဲ့အခါ အဆင်ပြေပြီး ပေါ့ပါးတယ် လို့ ထင်ရပါတယ်။ ဒါပေမယ့် အပြေးဖိနပ်က အကြမ်းမခံတဲ့ အတွက် သင့်ခြေထောက်ကို နာကျင်စေနိုင်ပါတယ်။ နေ့စဉ်စီးဖို့ အတွက်ဆိုရင် ခြေဖဝါးအရွတ်ကို မထိခိုက်စေမယ့် ဖိနပ်မျိုးကို ရွေးချယ်တာ ကောင်းပါတယ်။ ဥပမာအနေနဲ့ ဖိနပ်အောက်ခံမာတဲ့ အားကစား ဖိနပ်က ပိုပြီး စိတ်ချရပါတယ်။

6. ခုံမြင့်ဖိနပ်

ခုံမြင့်ဖိနပ်မှာ မာတောင်တောင့် ဖိနပ်ခုံကြောင့် စီးရတာ အဆင်မပြေပါဘူး။ ခြေလှမ်းလိုက်တိုင်မှာ အဆင်ပြေဖို့အတွက် ဖိနပ်က အရေးကြီးပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ခုံမြင့်ဖိနပ်နဲ့ လမ်းလျှောက်တာများရင် အဆင်မပြေတော့ပါဘူး။ အဲဒါကြောင့် ခုံမြင့်ဖိနပ်ကို တစ်ခါတလေမှ စီးတာကောင်းပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Zombie(Loveshortnotes)
Ref – Brightside
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top