စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကုမၼဏီတစ္ခုဟာ အမ်ိဳးသမီး အိမ္သန္႔ရွင္းေရး လုပ္သားမ်ား ေခၚယူေနၿပီး၊ လုပ္အားခအျဖစ္ တစ္နာရီလွ်င္ 45 ေပါင္ ေပးေခ်မွာလုိ႔ သိရပါတယ္။ ဒီေငြပမာဏဟာ မက္ေလာက္စရာ ေငြပမာဏျဖစ္ၿပီး၊ လူေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနၾကပါတယ္။

ကုမၼဏီဟာ အလုပ္ေခၚကတည္းက “သဘာ၀အတုိင္း သန္႔ရွင္းေပးမယ့္သူမ်ားအလုိရွိသည္”ဆုိၿပီး ေခၚခဲ့ပါတယ္။ အလုပ္ကို လက္ခံလုိက္႐ုံနဲ႔ မၿပီးေသးဘဲ အိမ္ကုိ သန္႔ရွင္းေရးလုပ္ေနတဲ့ တစ္ေလွ်ာက္လုံး အ၀တ္အစား ကိုယ္လုံးတီးခၽြတ္ၿပီး အလုပ္တာ၀န္ေတြ ထမ္းေဆာင္ရမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ အဆုိပါ သတင္းကို Manchester Facebook နဲ႔ Manchester Evening Post မွာ ေဖာ္ျပခဲ့ပါတယ္။

 ” ကၽြန္ေတာ္တုိ႔ သဘာ၀အလွနဲ႔ သန္႔ရွင္းေရးလုပ္ေပးမယ့္ အမ်ိဳးသမီး၀န္ထမ္းေတြ လုိပါတယ္၊ ၎တုိ႔ဟာ ကိုယ္ပိုင္အိမ္ေတြကို သန္႔ရွင္းေပးရမွာ၊ အလုပ္ကေတာ့ ပုံမွန္ပါဘဲ၊ ဖုံေတြ၊ ၾကက္ခုိးေတြ၊ အမႈိက္ေတြ သန္႔ရွင္းေရးလုပ္ေပး႐ုံနဲ႔၊ အိပ္ယာျပင္ျခင္း၊ ပန္းပင္ ေရေလာင္းျခင္း၊ အ၀တ္ေလွ်ာ္ျခင္း၊ မီးပူတုိက္ျခင္းစတာေတြ ပါ၀င္ပါတယ္ “လုိ႔ ေၿပာထားပါတယ္။ အလုပ္ေၾကာ္ျငာဟာ Nudist Community အတြက္ ရည္ရြယ္ၿပီး၊ Nudist Cleaner အသုံးျပဳမႈကို လန္ဒန္မွာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက စတင္ခဲ့ပါတယ္။ အခုအခါမွာေတာ့ အဂၤလန္ၿမိဳ႕ႀကီးတစ္ခုျဖစ္တဲ့ မန္ခ်က္စတာကိုပါ အဆုိပါ အလုပ္အကိုင္အတြက္ ေခၚယူမႈေတြ ရွိလာခဲ့တာပါ။ ဒါ့အျပင္ ႐ုပ္ေရေခ်ာေမာဖုိ႔ကိုလည္း သတ္မွတ္ခ်က္အျဖစ္ မထားေၾကာင္းနဲ႔၊ အလုပ္လုပ္တာနဲ႔ Sexy က်ျခင္းမက်ျခင္းဟာ သီျခားဆီျဖစ္တယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

အလုပ္ကို အသက္ျပည့္ၿပီးသူ အရြယ္မေရြး အရြယ္မေရြး ေလွ်ာက္ထားႏုိင္ၿပီး စည္းကမ္းခ်က္ေတြလည္း ရွိပါတယ္။ ဓာတ္ပုံ ဗြီဒီယုိ ႐ုိက္ျခင္းကူးျခင္း မျပဳရ၊ သန္႔ရွင္းေရး၀န္ထမ္းမ်ားကို ေတြ႕ထိကို္င္တြယ္ျခင္း မျပဳရဆို တဲ့ အလုပ္ရွင္နဲ႔ အလုပ္သမား လုိက္နာရန္ စည္းကမ္းေတြ သတ္မွတ္ထားပါတယ္။

ဒီလုပ္ငန္းကို စတင္လုပ္ကိုင္ခဲ့တဲ့ Laura Smith က ” ဒီလုပ္ငန္းကို လန္ဒန္မွာ စတင္တာ ႏွစ္ႏွစ္ရွိပါၿပီ … ကၽြန္ေတာ္တုိ႔က သန္႔ရွင္းေရးကုမၼဏီပါ … လိင္ပုိင္းဆုိင္ရာ စီးပြားေရးလုပ္ငန္း မဟုတ္ပါဘူး … အ၀တ္မဲ့သန္႔ရွင္းေရးသမားေတြကုိလည္း အ၀တ္မဲ့၀ါဒီသမားမ်ားအတြက္ ရည္ရြယ္တာပါ … ကုမၼဏီအေပၚမွာ လူတုိင္းနီးပါး ဘယ္လုိျမင္မယ္ဆုိတာ ကၽြန္ေတာ္ နားလည္ၿပီးသားပါ … ဒါေပမယ့္ အားလုံးထင္တဲ့အတုိင္းမဟုတ္ပဲ စီးပြားေရးသက္သက္ ျဖစ္ပါတယ္ “လုိ႔ ေျပာသြား ခဲ႔ ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ကုမ္မဏီတစ်ခုဟာ အမျိုးသမီး အိမ်သန့်ရှင်းရေး လုပ်သားများ ခေါ်ယူနေပြီး၊ လုပ်အားခအဖြစ် တစ်နာရီလျှင် 45 ပေါင် ပေးချေမှာလို့ သိရပါတယ်။ ဒီငွေပမာဏဟာ မက်လောက်စရာ ငွေပမာဏဖြစ်ပြီး၊ လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

ကုမ္မဏီဟာ အလုပ်ခေါ်ကတည်းက “သဘာဝအတိုင်း သန့်ရှင်းပေးမယ့်သူများအလိုရှိသည်”ဆိုပြီး ခေါ်ခဲ့ပါတယ်။ အလုပ်ကို လက်ခံလိုက်ရုံနဲ့ မပြီးသေးဘဲ အိမ်ကို သန့်ရှင်းရေးလုပ်နေတဲ့ တစ်လျှောက်လုံး အဝတ်အစား ကိုယ်လုံးတီးချွတ်ပြီး အလုပ်တာဝန်တွေ ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Manchester Facebook နဲ့ Manchester Evening Post မှာ ဖော်ပြခဲ့ပါတယ်။

 ” ကျွန်တော်တို့ သဘာဝအလှနဲ့ သန့်ရှင်းရေးလုပ်ပေးမယ့် အမျိုးသမီးဝန်ထမ်းတွေ လိုပါတယ်၊ ၎င်းတို့ဟာ ကိုယ်ပိုင်အိမ်တွေကို သန့်ရှင်းပေးရမှာ၊ အလုပ်ကတော့ ပုံမှန်ပါဘဲ၊ ဖုံတွေ၊ ကြက်ခိုးတွေ၊ အမှိုက်တွေ သန့်ရှင်းရေးလုပ်ပေးရုံနဲ့၊ အိပ်ယာပြင်ခြင်း၊ ပန်းပင် ရေလောင်းခြင်း၊ အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်းစတာတွေ ပါဝင်ပါတယ် “လို့ ပြောထားပါတယ်။ အလုပ်ကြော်ငြာဟာ Nudist Community အတွက် ရည်ရွယ်ပြီး၊ Nudist Cleaner အသုံးပြုမှုကို လန်ဒန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စတင်ခဲ့ပါတယ်။ အခုအခါမှာတော့ အင်္ဂလန်မြို့ကြီးတစ်ခုဖြစ်တဲ့ မန်ချက်စတာကိုပါ အဆိုပါ အလုပ်အကိုင်အတွက် ခေါ်ယူမှုတွေ ရှိလာခဲ့တာပါ။ ဒါ့အပြင် ရုပ်ရေချောမောဖို့ကိုလည်း သတ်မှတ်ချက်အဖြစ် မထားကြောင်းနဲ့၊ အလုပ်လုပ်တာနဲ့ Sexy ကျခြင်းမကျခြင်းဟာ သီခြားဆီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အလုပ်ကို အသက်ပြည့်ပြီးသူ အရွယ်မရွေး အရွယ်မရွေး လျှောက်ထားနိုင်ပြီး စည်းကမ်းချက်တွေလည်း ရှိပါတယ်။ ဓာတ်ပုံ ဗွီဒီယို ရိုက်ခြင်းကူးခြင်း မပြုရ၊ သန့်ရှင်းရေးဝန်ထမ်းများကို တွေ့ထိကိုင်တွယ်ခြင်း မပြုရဆို တဲ့ အလုပ်ရှင်နဲ့ အလုပ်သမား လိုက်နာရန် စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။

ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တဲ့ Laura Smith က ” ဒီလုပ်ငန်းကို လန်ဒန်မှာ စတင်တာ နှစ်နှစ်ရှိပါပြီ … ကျွန်တော်တို့က သန့်ရှင်းရေးကုမ္မဏီပါ … လိင်ပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်း မဟုတ်ပါဘူး … အဝတ်မဲ့သန့်ရှင်းရေးသမားတွေကိုလည်း အဝတ်မဲ့ဝါဒီသမားများအတွက် ရည်ရွယ်တာပါ … ကုမ္မဏီအပေါ်မှာ လူတိုင်းနီးပါး ဘယ်လိုမြင်မယ်ဆိုတာ ကျွန်တော် နားလည်ပြီးသားပါ … ဒါပေမယ့် အားလုံးထင်တဲ့အတိုင်းမဟုတ်ပဲ စီးပွားရေးသက်သက် ဖြစ်ပါတယ် “လို့ ပြောသွား ခဲ့ ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top