ယင္း ဇိမ္ခံ သေဘၤာ ေတြဟာဆိုရင္လူဦးေရ ၈ ေယာက္မွ ၁၀ ေယာက္ႏွင့္ မာလန္မွဴး တစ္ဦးလိုက္ပါစီးနင္းႏိုင္ၿပီး ဒိီဇယ္ အင္ဂ်င္ပါဝါ 740 bhp ႐ွိပါတယ္။
တစ္နာရီကို 32 knots မွ 62 knots အထိ ေမာင္းႏွင္ႏိုင္တဲ့ ဒီဇိမ္ခံသေဘၤာေတြဟာဆိုရင္ အဆင့္ျမင့္ေရခ်ိဳးခန္းေတြအပါအဝင္ bars ေတြကိုပါထည့္သြင္းထားတာပဲျဖစ္ပါတယ္။
ဒီသေဘၤာေတြဟာဆိုရင္ သင့္ကို ေရေပၚမွာ အေကာင္းမြန္ဆံုးေသာ ခံစားခ်က္ေတြကို ေပးစြမ္းႏိုင္မွာျဖစ္ေပမဲ့ သင့္ကို ေဒၚလာ 250,000 ေလာက္အထိ က်သင့္ေစမွာပဲျဖစ္ပါတယ္။

ယင္းကဲ့သိူ႔ ဇိမ္ခံ ခန္းေတြပါဝင္တဲ့ Jet capsule ေတြဟာဆိုရင္ အီတလီႏိုင္ငံထုတ္ကုန္ေတြပဲျဖစ္ပါတယ္။
အဆင့္ျမင့္ အိပ္စင္ေတြပါဝင္ၿပီး က်ည္ကာ မွန္ေတြနဲ႔တည္ေဆာက္ထားတဲ့ ဒီသေဘၤာေတြဟာဆိုရင္ သင့္ကို ေက်နပ္မႈ အျပည့္အဝရ႐ွိေစႏိုင္မွာပဲျဖစ္ပါတယ္။
ဓာတ္ဆီသံုးနဲ႔ ဒီဇယ္သံုး အင္ဂ်င္ေတြကို စီးနင္းသူေတြကိုယ္တိုင္ေရြးခ်ယ္ႏိုင္တဲ့ ထူးျခားတဲ့ စနစ္ေတြလည္း ထား႐ွိေပးပါတယ္။
အခန္းေတြထဲမွာဆိုရင္လည္း ခရီးသည္ ေတြကို အျပည့္အဝေဖ်ာ္ေျဖမႈ ေပးႏိုင္မဲ့ အမ်ိဳးမ်ိဳးေသာ အသံုးအေဆာင္ေတြကို ထည့္သြင္းေပးထားတာပဲျဖစ္ပါတယ္။
ျပတင္းေပါက္ေတြကို က်ည္ဆန္ကာကြယ္ႏိုင္တဲ့ မွန္ေတြ၊ အလင္းမေပါက္ႏိုင္တဲ့ မွန္ေတြနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး အလင္းအေမွာင္ရဲ႕ အေနအထားကို အတြင္းပိုင္းမွာ လိုအပ္သလို ထိန္းညႇိေပးထားပါတယ္။ ဒီသေဘာၤရဲ႕ ဒီဇိုင္း ပိုင္းဆိုင္ရာ တာဝန္ယူသူဟာဆိုရင္ Pierpaolo Lazzarini ျဖစ္ၿပီး သေဘၤာ ကိုဖန္တီးတဲ့အခ်ိန္မွာ အာကာသယာဥ္ ကို အတုခိုးၿပီးေဆာက္လုပ္ခဲ့ေၾကာင္းသိ႐ွိရပါတယ္။

ေနအပူခ်ိန္ကို ထိန္းညိွေပးတဲ့ စနစ္ေတြနဲ႔ အဆင့္ျမင့္ ေရခ်ိဳးခန္း ေတြ bars ေတြဟာဆိုရင္ေတာ့ ဒီသေဘာၤရဲ႕ ထူးျခားခ်က္ေတြပဲျဖစ္ပါတယ္။ညအခ်ိန္ေတြမွာ စီးနင္းဖို႔ အဆင္ေျပေစရန္လည္း အပူခ်ိန္ကို အေလးေပးထိန္းသိမ္းထားပါတယ္။ ဒီသေဘၤာေတြကို အီတလီ သေဘၤာ ကုမၸဏီ ေတြရဲ႕ ထံုးစံအတိုင္းေဆာက္လုပ္ခဲ့တာျဖစ္ၿပီး တည္ေဆာက္ခ်ိန္ေျခာက္လခန္႔ၾကာျမင့္ပါတယ္။
Mr.LLazzarini ကေတာ့`ကြၽန္ေတာ္က အျမင္နဲ႔တင္ လူေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္တဲ့ သေဘၤာမ်ိဳးတည္ေဆာက္ခ်င္ခဲ့တာ။မင္းဟာ ဒီသေဘာၤနဲ႔ ကမ္းေျခကိုေရာက္သြားၿပီး ဓာတ္ပံုေကာင္းေတြ႐ုိက္ႏိုင္မယ္။ သေဘၤာ ထဲမွာ သက္ေတာင့္သက္သာအိပ္စက္ႏိုင္မယ္။ မင္းခင္မင္တဲ့ သူငယ္ခ်င္းအကုန္လံုးနီးပါးလည္း ေခၚသြားလို႔ရမဲ့ အက်ယ္အဝန္း႐ွိတယ္။ အကုန္အက်မ်ားေပမဲ့ မင္းအတြက္တကယ္စိတ္ခ်မ္းသာေစၿပီး ေပ်ာ္ရႊင္ေစမွာပါ။ကြၽန္ေတာ္တို႔အေနနဲ႔ ခရီးသည္ေတြနဲ႔ ပိုၿပီးရင္ႏွီးမႈေတြရယူၿပီး သူတို႔ေတာင္းဆိုမႉေတြကိုလည္းအတတ္ႏိုင္ဆံုးျဖည့္စြမ္းေပးသြားမွာပါ။ကြၽန္ေတာ္တို႔အေနနဲ႔ ဒီသေဘာၤေတြနဲ႔ ပင္လယ္ျပင္ခရီးမွာ ရြက္လႊင့္ေနတာျမင္ရရင္ တကယ္ကို ေပ်ာ္ရႊင္မိမွာပါ´လို႔ ေျပာၾကားခဲ့ပါေသးတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News )
#Unicode Version# ျဖင့္ဖတ္ပါ ။
Jet capsule တွေဟာတော်ဝင်ဗားရှင်း 001 အနွယ်ဝင်ဖြစ်ပြီး အလျား 26 ပေ၊ အနံ 12 ပေ ကျယ်ဝန်းပြီး ကျည်ဆန်ကာ မှန်များတပ်ဆင်ထားတဲ့ သင်္ဘော တွေဖြစ်ပါတယ်။
ယင်း ဇိမ်ခံ သင်္ဘော တွေဟာဆိုရင်လူဦးရေ ၈ ယောက်မှ ၁၀ ယောက်နှင့် မာလန်မှူး တစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး ဒီဇယ် အင်ဂျင်ပါဝါ 740 bhp ရှိပါတယ်။
တစ်နာရီကို 32 knots မှ 62 knots အထိ မောင်းနှင်နိုင်တဲ့ ဒီဇိမ်ခံသင်္ဘောတွေဟာဆိုရင် အဆင့်မြင့်ရေချိုးခန်းတွေအပါအဝင် bars တွေကိုပါထည့်သွင်းထားတာပဲဖြစ်ပါတယ်။
ဒီသင်္ဘောတွေဟာဆိုရင် သင့်ကို ရေပေါ်မှာ အကောင်းမွန်ဆုံးသော ခံစားချက်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပေမဲ့ သင့်ကို ဒေါ်လာ 250,000 လောက်အထိ ကျသင့်စေမှာပဲဖြစ်ပါတယ်။
ယင်းကဲ့သိူ့ ဇိမ်ခံ ခန်းတွေပါဝင်တဲ့ Jet capsule တွေဟာဆိုရင် အီတလီနိုင်ငံထုတ်ကုန်တွေပဲဖြစ်ပါတယ်။
အဆင့်မြင့် အိပ်စင်တွေပါဝင်ပြီး ကျည်ကာ မှန်တွေနဲ့တည်ဆောက်ထားတဲ့ ဒီသင်္ဘောတွေဟာဆိုရင် သင့်ကို ကျေနပ်မှု အပြည့်အဝရရှိစေနိုင်မှာပဲဖြစ်ပါတယ်။
ဓာတ်ဆီသုံးနဲ့ ဒီဇယ်သုံး အင်ဂျင်တွေကို စီးနင်းသူတွေကိုယ်တိုင်ရွေးချယ်နိုင်တဲ့ ထူးခြားတဲ့ စနစ်တွေလည်း ထားရှိပေးပါတယ်။
အခန်းတွေထဲမှာဆိုရင်လည်း ခရီးသည် တွေကို အပြည့်အဝဖျော်ဖြေမှု ပေးနိုင်မဲ့ အမျိုးမျိုးသော အသုံးအဆောင်တွေကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။
ပြတင်းပေါက်တွေကို ကျည်ဆန်ကာကွယ်နိုင်တဲ့ မှန်တွေ၊ အလင်းမပေါက်နိုင်တဲ့ မှန်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အလင်းအမှောင်ရဲ့ အနေအထားကို အတွင်းပိုင်းမှာ လိုအပ်သလို ထိန်းညှိပေးထားပါတယ်။ ဒီသဘောၤရဲ့ ဒီဇိုင်း ပိုင်းဆိုင်ရာ တာဝန်ယူသူဟာဆိုရင် Pierpaolo Lazzarini ဖြစ်ပြီး သင်္ဘော ကိုဖန်တီးတဲ့အချိန်မှာ အာကာသယာဉ် ကို အတုခိုးပြီးဆောက်လုပ်ခဲ့ကြောင်းသိရှိရပါတယ်။
နေအပူချိန်ကို ထိန်းညှိပေးတဲ့ စနစ်တွေနဲ့ အဆင့်မြင့် ရေချိုးခန်း တွေ bars တွေဟာဆိုရင်တော့ ဒီသဘောၤရဲ့ ထူးခြားချက်တွေပဲဖြစ်ပါတယ်။ညအချိန်တွေမှာ စီးနင်းဖို့ အဆင်ပြေစေရန်လည်း အပူချိန်ကို အလေးပေးထိန်းသိမ်းထားပါတယ်။ ဒီသင်္ဘောတွေကို အီတလီ သင်္ဘော ကုမ္ပဏီ တွေရဲ့ ထုံးစံအတိုင်းဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်ခြောက်လခန့်ကြာမြင့်ပါတယ်။
Mr.LLazzarini ကတော့`ကျွန်တော်က အမြင်နဲ့တင် လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ သင်္ဘောမျိုးတည်ဆောက်ချင်ခဲ့တာ။မင်းဟာ ဒီသဘောၤနဲ့ ကမ်းခြေကိုရောက်သွားပြီး ဓာတ်ပုံကောင်းတွေရိုက်နိုင်မယ်။ သင်္ဘော ထဲမှာ သက်တောင့်သက်သာအိပ်စက်နိုင်မယ်။ မင်းခင်မင်တဲ့ သူငယ်ချင်းအကုန်လုံးနီးပါးလည်း ခေါ်သွားလို့ရမဲ့ အကျယ်အဝန်းရှိတယ်။ အကုန်အကျများပေမဲ့ မင်းအတွက်တကယ်စိတ်ချမ်းသာစေပြီး ပျော်ရွှင်စေမှာပါ။ကျွန်တော်တို့အနေနဲ့ ခရီးသည်တွေနဲ့ ပိုပြီးရင်နှီးမှုတွေရယူပြီး သူတို့တောင်းဆိုမှူတွေကိုလည်းအတတ်နိုင်ဆုံးဖြည့်စွမ်းပေးသွားမှာပါ။ကျွန်တော်တို့အနေနဲ့ ဒီသဘောၤတွေနဲ့ ပင်လယ်ပြင်ခရီးမှာ ရွက်လွှင့်နေတာမြင်ရရင် တကယ်ကို ပျော်ရွှင်မိမှာပါ´လို့ ပြောကြားခဲ့ပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News )