ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲလ်က္ရွိသည့္YBS ယာဥ္လိုင္းမ်ားတြင္အသုံးျပဳမည့္ ယာဥ္စီးခေပးေခ် ကတ္စနစ္ကို လာမည့္ ဇန္နဝါရီ ၁၆ရက္ YBS ႏွစ္ႏွစ္ျပည့္ခ်ိန္၌ ကားအစီး၄၀ဝ၀ စမ္းသပ္တပ္ဆင္သြားမည္ျဖစ္ေၾကာင္း ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ဇန္နဝါရီ ၈ရက္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၌ ေျပာသည္။

YBS ယာဥ္လိုင္းအားလုံးတြင္ ယာဥ္စီးခေငြေပးေခ်သည့္ ကတ္စနစ္ YPS (Yangon Payment System ) တပ္ဆင္အသုံးျပဳမည္ျဖစ္ရာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝးအမွတ္ ၂၀/ ၂၀၁၈ဆုံးျဖတ္ခ်က္အပိုဒ္ ၇၉အရ Asia Starmar Transport Intelligentကုမၸဏီကို တင္ဒါေအာင္ျမင္သည့္ ကုမၸဏီအျဖစ္ ေ႐ြးခ်ယ္ခဲ့ၿပီး အစိုးရအဖြဲ႕ႏွင့္ MOU လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည္။

“YBS ကတ္ကထြက္လာၿပီ။ အကုန္လုံး အဆင္သင့္လည္းျဖစ္ေနၿပီ။ ဗဟိုဘဏ္ကလည္း ခြင့္ျပဳခ်က္ရၿပီဆိုေတာ့ ဒီ၁၆ရက္ YBS  ႏွစ္ႏွစ္ျပည့္အခမ္းအနားမွာ ေၾကညာဖို႔ရွိတယ္။ ဒီကတ္က ဘာေၾကာင့္ၾကန္႔ၾကာေနရတာလဲဆိုတဲ့ အေၾကာင္းလည္း ေသခ်ာ ရွင္းျပပါမယ္။ ဘယ္ေနရာမွာအခက္အခဲေတြ႕သြားလို႔က အစရွင္းျပမယ္။ အဲဒီေန႔မွာ နမူနာအကုန္ စမ္းသပ္ျပမယ္။ ၿမိဳ႕ထဲမွာေျပးဆြဲေနတဲ့ကားေတြကို နမူနာအရင္စမ္းသပ္ျပမယ္။ အဲဒါၿပီးရင္ ျဖည္း ျဖည္းခ်င္းစတပ္ဆင္မယ္။”ဟု ၄င္းက ေျပာသည္။

“ကြၽန္မတို႔က ျပည္သူေတြ အထိုင္မက်ေသးခင္ ဒီခရီးစဥ္ ႏွစ္ရာဆိုႏွစ္ရာခရီးစဥ္ပဲ။ဒီစနစ္နဲ႔ ျပည္သူအကုန္လုံးအကြၽမ္းဝင္သြားရင္ သြားတဲ့ အကြာအေဝး အတိုင္းတြက္ၿပီး ေပးရမယ္။ အဲဒီအခါ ၁၅၀ပဲျဖစ္ ခ်င္ျဖစ္မယ္။ ကတ္နဲ႔သုံးရင္ ၁၈၀က်ခ်င္က်မယ္။ ၂၀ဝျဖစ္ခ်င္ျဖစ္မယ္။ ျပည္သူအတြက္ ရာခိုင္ႏႈန္းတစ္ခုသက္သာေအာင္ လုပ္မယ့္ အစီအစဥ္ေတြရွိတယ္။ ”ဟု ၄င္းက ဆိုသည္။

အဆိုပါစနစ္ျဖင့္ ခရီးသြားျပည္သူမ်ားအေနျဖင့္ ဘယ္ေနရာမွာ ဘယ္လိုဆင္းမည္၊ တက္မည္ဆိုသည္မ်ားကို အရင္ဦးဆုံး သိရွိေအာင္လုပ္ၿပီးမွသာ မည္သည့္ယာဥ္လိုင္းကိုတိုးမည္ မည္သို႔လုပ္ေဆာင္မည္ စသည္တို႔ကို YRTAကိုတင္ျပမည္ျဖစ္သည္။

ရလာသည့္ Data ေပၚမူတည္ၿပီး သက္ဆိုင္ရာလူႀကီးမ်ား ဆုံးျဖတ္ခ်က္ျဖင့္ ယာဥ္လိုင္းတိုးျခင္း ေလွ်ာ့ျခင္း ထပ္ထည့္ျခင္းတို႔ကို လုပ္ေဆာင္သြားမည္ျဖစ္သည္။

အဆိုပါစနစ္လုပ္ေဆာင္ရန္ လႊတ္ေတာ္ကို အရင္အသိေပးသြားမည္ျဖစ္ၿပီး YBS ယာဥ္အစီးေရ၄၀ဝကို ယာဥ္စီးခေငြေပးေခ်သည့္ ကတ္စနစ္တပ္ဆင္ရန္ အခ်ိန္ ကိုးလခန္႔ၾကာျမင့္ မည္ျဖစ္ကာ ခရီးသည္မ်ားအတြက္ ကတ္ျပားေပါင္းႏွစ္သန္းခန္႔ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ၄င္းက ထပ္မံေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time

#Unicode Version#

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့်YBS ယာဉ်လိုင်းများတွင်အသုံးပြုမည့် ယာဉ်စီးခပေးချေ ကတ်စနစ်ကို လာမည့် ဇန်နဝါရီ ၁၆ရက် YBS နှစ်နှစ်ပြည့်ချိန်၌ ကားအစီး၄၀ဝ၀ စမ်းသပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇန်နဝါရီ ၈ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြောသည်။

YBS ယာဉ်လိုင်းအားလုံးတွင် ယာဉ်စီးခငွေပေးချေသည့် ကတ်စနစ် YPS (Yangon Payment System ) တပ်ဆင်အသုံးပြုမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ် ၂၀/ ၂၀၁၈ဆုံးဖြတ်ချက်အပိုဒ် ၇၉အရ Asia Starmar Transport Intelligentကုမ္ပဏီကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ပြီး အစိုးရအဖွဲ့နှင့် MOU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ 

“YBS ကတ်ကထွက်လာပြီ။ အကုန်လုံး အဆင်သင့်လည်းဖြစ်နေပြီ။ ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်ရပြီဆိုတော့ ဒီ၁၆ရက် YBS  နှစ်နှစ်ပြည့်အခမ်းအနားမှာ ကြေညာဖို့ရှိတယ်။ ဒီကတ်က ဘာကြောင့်ကြန့်ကြာနေရတာလဲဆိုတဲ့ အကြောင်းလည်း သေချာ ရှင်းပြပါမယ်။ ဘယ်နေရာမှာအခက်အခဲတွေ့သွားလို့က အစရှင်းပြမယ်။ အဲဒီနေ့မှာ နမူနာအကုန် စမ်းသပ်ပြမယ်။ မြို့ထဲမှာပြေးဆွဲနေတဲ့ကားတွေကို နမူနာအရင်စမ်းသပ်ပြမယ်။ အဲဒါပြီးရင် ဖြည်း ဖြည်းချင်းစတပ်ဆင်မယ်။”ဟု ၎င်းက ပြောသည်။ 

“ကျွန်မတို့က ပြည်သူတွေ အထိုင်မကျသေးခင် ဒီခရီးစဉ် နှစ်ရာဆိုနှစ်ရာခရီးစဉ်ပဲ။ဒီစနစ်နဲ့ ပြည်သူအကုန်လုံးအကျွမ်းဝင်သွားရင် သွားတဲ့ အကွာအဝေး အတိုင်းတွက်ပြီး ပေးရမယ်။ အဲဒီအခါ ၁၅၀ပဲဖြစ် ချင်ဖြစ်မယ်။ ကတ်နဲ့သုံးရင် ၁၈၀ကျချင်ကျမယ်။ ၂၀ဝဖြစ်ချင်ဖြစ်မယ်။ ပြည်သူအတွက် ရာခိုင်နှုန်းတစ်ခုသက်သာအောင် လုပ်မယ့် အစီအစဉ်တွေရှိတယ်။ ”ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်ဖြင့် ခရီးသွားပြည်သူများအနေဖြင့် ဘယ်နေရာမှာ ဘယ်လိုဆင်းမည်၊ တက်မည်ဆိုသည်များကို အရင်ဦးဆုံး သိရှိအောင်လုပ်ပြီးမှသာ မည်သည့်ယာဉ်လိုင်းကိုတိုးမည် မည်သို့လုပ်ဆောင်မည် စသည်တို့ကို YRTAကိုတင်ပြမည်ဖြစ်သည်။

ရလာသည့် Data ပေါ်မူတည်ပြီး သက်ဆိုင်ရာလူကြီးများ ဆုံးဖြတ်ချက်ဖြင့် ယာဉ်လိုင်းတိုးခြင်း လျှော့ခြင်း ထပ်ထည့်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ 

အဆိုပါစနစ်လုပ်ဆောင်ရန် လွှတ်တော်ကို အရင်အသိပေးသွားမည်ဖြစ်ပြီး YBS ယာဉ်အစီးရေ၄၀ဝကို ယာဉ်စီးခငွေပေးချေသည့် ကတ်စနစ်တပ်ဆင်ရန် အချိန် ကိုးလခန့်ကြာမြင့် မည်ဖြစ်ကာ ခရီးသည်များအတွက် ကတ်ပြားပေါင်းနှစ်သန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top