စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 တ႐ုတ္ျပည္က အၿငိမ္းစားစစ္ဗိုလ္ေတြ၊ ႐ုပ္ရွင္ဒါ႐ိုက္တာႀကီးေတြ၊ အၿငိမ္းစား တကၠသိုလ္ ပါေမာကၡႀကီးေတြဟာ ေပက်င္းၿမိဳ႕က ရန္႐ြမ္ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးစင္တာမွာ အကသင္တန္းေတြ တက္ေရာက္လ်က္ရွိသလို ကိုယ္လက္လႈပ္ရွားအားကစားလည္း ျပဳလုပ္လ်က္ရွိတယ္လို႔ သိရပါတယ္။

မိသားစုတစ္စုမွာ ကေလးတစ္ေယာက္သာယူရတဲ့ စနစ္ေၾကာင့္ သားသမီးေတြကို မပူပင္ေစလိုတဲ့၊ ခ်မ္းသာႂကြယ္ဝတဲ့ သက္ႀကီးပိုင္းအမ်ားစုဟာ ယခုလို သင္တန္းေတြတက္ေရာက္ၿပီး ဒီေနရာမွာပဲ အခ်ိန္ကုန္ဆုံးသြားဖို႔ ရည္႐ြယ္ထားၾကတာျဖစ္ပါတယ္။

“ဒါကြၽန္မတို႔အိမ္ျဖစ္သြားၿပီ။ ဒီေခတ္မွာ လူႀကီးေတြကလည္း ကေလးေတြအေပၚမမွီခိုခ်င္ၾကေတာ့ဘူး။ ဒီမွာပဲ ေသတဲ့အထိေနသြားဖို႔ ဆုံးျဖတ္ထားတယ္။”လို႔ စစ္တပ္မွာ အႏွစ္သုံးဆယ္ေက်ာ္ အမႈထမ္းလာတဲ့ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ လီယင္က ေျပာပါတယ္။

“သူတို႔ကို ကြၽန္ေတာ္အားကိုးလို႔မျဖစ္ဘူး။ သူတို႔မွာ သူတို႔မိသားစုနဲ႔သူတို႔ရွိေနၿပီ။ သူတို႔က ခင္ဗ်ားကို ေစာင့္ေရွာက္ဖို႔ အခ်ိန္မေပးႏိုင္ဘူး။ ပိုက္ဆံမရွိဘူး။ အားအင္မရွိဘူး။”လို႔ အသက္ ၈၂ ႏွစ္ရွိၿပီျဖစ္တဲ့ အၿငိမ္းစားပါေမာကၡ က်ဴမင္က်ီက ေျပာပါတယ္။

ရန္႐ြမ္ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးစင္တာမွာ ေဆး႐ုံပါဝင္ၿပီး သက္ႀကီးပိုင္းေတြကို ေစာင့္ေရွာက္ဖို႔ ဝန္ထမ္းေတြ အလုံအေလာက္ထားရွိထားတယ္လို႔ သိရပါတယ္။

အဆိုပါစင္တာမွာ လာေရာက္ေနထိုင္လိုတဲ့ သက္ႀကီး႐ြယ္အိုေတြအေနနဲ႔ ပင္စင္အစီအစဥ္ကို ယြမ္ ႏွစ္သန္း (ေဒၚလာ ၂၉၀၀၀၀) နဲ႔ဝယ္ယူႏိုင္သလို တစ္လကို ယြမ္ ၆၀၀၀ (ေဒၚလာ ၈၇၀) ေပးေခ်ႏိုင္တယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ အဆိုပါစရိတ္မွာ စားစရိတ္မပါဝင္ေသးဘူးလို႔ သိရပါတယ္။

တစ္မိသားစုမွာ ကေလးတစ္ေယာက္သာယူရမယ္ဆိုတဲ့ တ႐ုတ္ျပည္ရဲ႕စနစ္အရ သားသမီးေတြဟာ ေမာင္ႏွမေတြရဲ႕ အကူအညီမပါဘဲ မိဘေတြကို ကိုယ္တတ္စြမ္းသေလာက္ ျပန္လည္ျပဳစုေစာင့္ေရွာက္ေနရတာျဖစ္ပါတယ္။

အဆိုပါအခက္အခဲေတြကို ေျဖရွင္းဖို႔အတြက္ တ႐ုတ္အစိုးရကလည္း မူဝါဒအသစ္ေတြ စမ္းသပ္က်င့္သုံးလ်က္ရွိၿပီး သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးစင္တာေတြကို အခြန္သက္သာခြင့္ေတြ ေပးထားေၾကာင္း သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

 တရုတ်ပြည်က အငြိမ်းစားစစ်ဗိုလ်တွေ၊ ရုပ်ရှင်ဒါရိုက်တာကြီးတွေ၊ အငြိမ်းစား တက္ကသိုလ် ပါမောက္ခကြီးတွေဟာ ပေကျင်းမြို့က ရန်ရွမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ အကသင်တန်းတွေ တက်ရောက်လျက်ရှိသလို ကိုယ်လက်လှုပ်ရှားအားကစားလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

မိသားစုတစ်စုမှာ ကလေးတစ်ယောက်သာယူရတဲ့ စနစ်ကြောင့် သားသမီးတွေကို မပူပင်စေလိုတဲ့၊ ချမ်းသာကြွယ်ဝတဲ့ သက်ကြီးပိုင်းအများစုဟာ ယခုလို သင်တန်းတွေတက်ရောက်ပြီး ဒီနေရာမှာပဲ အချိန်ကုန်ဆုံးသွားဖို့ ရည်ရွယ်ထားကြတာဖြစ်ပါတယ်။

“ဒါကျွန်မတို့အိမ်ဖြစ်သွားပြီ။ ဒီခေတ်မှာ လူကြီးတွေကလည်း ကလေးတွေအပေါ်မမှီခိုချင်ကြတော့ဘူး။ ဒီမှာပဲ သေတဲ့အထိနေသွားဖို့ ဆုံးဖြတ်ထားတယ်။”လို့ စစ်တပ်မှာ အနှစ်သုံးဆယ်ကျော် အမှုထမ်းလာတဲ့ အသက် ၇၁ နှစ်အရွယ်ရှိ လီယင်က ပြောပါတယ်။

“သူတို့ကို ကျွန်တော်အားကိုးလို့မဖြစ်ဘူး။ သူတို့မှာ သူတို့မိသားစုနဲ့သူတို့ရှိနေပြီ။ သူတို့က ခင်ဗျားကို စောင့်ရှောက်ဖို့ အချိန်မပေးနိုင်ဘူး။ ပိုက်ဆံမရှိဘူး။ အားအင်မရှိဘူး။”လို့ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ကျူမင်ကျီက ပြောပါတယ်။

ရန်ရွမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ ဆေးရုံပါဝင်ပြီး သက်ကြီးပိုင်းတွေကို စောင့်ရှောက်ဖို့ ဝန်ထမ်းတွေ အလုံအလောက်ထားရှိထားတယ်လို့ သိရပါတယ်။

အဆိုပါစင်တာမှာ လာရောက်နေထိုင်လိုတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ပင်စင်အစီအစဉ်ကို ယွမ် နှစ်သန်း (ဒေါ်လာ ၂၉၀၀၀၀) နဲ့ဝယ်ယူနိုင်သလို တစ်လကို ယွမ် ၆၀၀၀ (ဒေါ်လာ ၈၇၀) ပေးချေနိုင်တယ်လို့ သိရပါတယ်။ သို့ပေမယ့် အဆိုပါစရိတ်မှာ စားစရိတ်မပါဝင်သေးဘူးလို့ သိရပါတယ်။

တစ်မိသားစုမှာ ကလေးတစ်ယောက်သာယူရမယ်ဆိုတဲ့ တရုတ်ပြည်ရဲ့စနစ်အရ သားသမီးတွေဟာ မောင်နှမတွေရဲ့ အကူအညီမပါဘဲ မိဘတွေကို ကိုယ်တတ်စွမ်းသလောက် ပြန်လည်ပြုစုစောင့်ရှောက်နေရတာဖြစ်ပါတယ်။

အဆိုပါအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် တရုတ်အစိုးရကလည်း မူဝါဒအသစ်တွေ စမ်းသပ်ကျင့်သုံးလျက်ရှိပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွေကို အခွန်သက်သာခွင့်တွေ ပေးထားကြောင်း သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top