မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိမည့် အခွင့်အရေးနှင့် ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ
×




Credit: Burmese Asia

# Unicode Version ဖြင့် ဖတ်ပါ #

ချစ်စဖွယ်မျက်နှာထားလေးနဲ့အတူ အမိုက်စားခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ခင်ရတနာလွှမ်းမိုးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ သရုပ်ဆောင် စည်ဖြိုးရဲ့ ချစ်သူအချောလေးဖြစ်ပြီးတော့ စည်ဖြိုးလိုပဲ အနုပညာအလုပ်တွေကို ဝါသနာပါ လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေရတဲ့ ခင်ရတနာလွှမ်းမိုးဟာ အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာခဲ့သူလေးပါ။

ဖိုတိုမော်ဒယ်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ သူမက ယခုချိန်မှာတော့ ဒုတိယအကြိမ် အနုပညာလောကထဲကို သရုပ်ဆောင်အဖြစ် ပြန်လည် ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ခင်ရတနာလွှမ်းမိုးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်စည်ဖြိုးရဲ့ သီတင်းကျွတ်ကန်တော့တဲ့ပုံရိပ်တွေမှာ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။

သူမကို ပိုမိုပြီး သတိထားမိစေတဲ့အချက်ကလည်း သူမရဲ့ ခန္ဓာကိုယ်အလှကြောင့်ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင် ခင်လွှမ်းကတော့ Mary ရဲ့ Cover Song လေးဖြစ်တဲ့ သူသိသွားပြီသီချင်းလေးနဲ့ Tik Tok ဗီဒီယိုလေးကို ဆော့ထားတာဖြစ်ပါတယ်။ Tik Tok ဟာယနေ့ လူမှုကွန်ယက်တွေပေါ်မှာ ရေပန်းစားနေတဲ့ ချစ်စရာဗီဒီယိုအသွင်လေးတွေဖြစ်ပြီးတော့ ခင်လွှမ်းကလည်း ဘယ်လို ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်ကြီးက ကြည့်ရှုကြည့်ပါဦးနော်

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top