ရန္ကုန္ကၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္မွာ smart parking စနစ္လုပ္ဖို႔ စည္ပင္က တင္ဒါထပ္မံေခၚယူလိုက္ပါတယ္။“အဲ့ဒါက ယာဥ္ရပ္နားခေကာက္ခံတဲ့စနစ္ကို ေျပာတာပါ။ လမ္းေတြမွာရပ္တဲ့ကားပါကင္ခ ကိုေျပာတာပါ။ လာမယ့္တနလာေနၤ့က်ရင္ ေဖာင္ေတြေရာင္းပါမယ္။ က်ပ္ငါးေသာင္းေအာက္မွာပါ ” လို႔ အင္ဂ်င္နီယာဌာန (လမ္းနဲ႔ တံတား)က တာဝန္ရွိသူတစ္ဦးက Duwun ကိုေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ၿမိဳ႕တြင္း ၆ ၿမိဳ႕ူနယ္မွာ ယာဥ္ရပ္နားကန႔္သတ္ဇုန္ေတြမွာ smart parking လုပ္ငန္းကိုအေကာင္အထည္ေဖာ္ဖို႔အတြက္ ျပည္တြင္း၊ျပည္ပ ကုမၸဏီေတြကို စိတ္ဝင္စားမႈအဆိုျပဳေဖာ္ျပတဲ့ အဆိုျပဳလႊာေတြ တင္သြင္းဖို႔ ေခၚထားတာပါ။

အဆိုပါေလွ်ာက္လႊာေတြကို ဇန္နဝါရီ ၂၈ ရက္ေန႔မွာ ၿမိဳ႕ေတာ္စည္ပင္က လမ္း၊တံတားဌာနမွာ ႐ုံးခ်ိန္အတြင္းဝယ္ယူႏိုင္တာျဖစ္ၿပီးေတာ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ အဆိုပါဌာနကို ျပန္လည္တင္သြင္းရမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။အေသးစိတ္အခ်က္အလက္ေတြကို အင္ဂ်င္နီယာဌာန( ဖုန္း ၀၉- ၅၁၀၃၂၅၀) ကို ဆက္သြယ္ႏိုင္တယ္လို႔ ေၾကျငာထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကလည္း စည္ပင္ကေန ကားပါကင္ေကာက္ဖို႔ စီစဥ္ခဲ့ပါေသးတယ္။ ကားပါကင္ေၾကးေကာက္ခံတာကို ၂၀၁၄ ခုႏွစ္ႏွစ္ကုန္ပိုင္းလုပ္ေဆာင္ခဲ့ဖူးၿပီး ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ရန်ကုန်ကမြို့တွင်း ၆ မြို့နယ်မှာ smart parking စနစ်လုပ်ဖို့ စည်ပင်က တင်ဒါထပ်မံခေါ်ယူလိုက်ပါတယ်။“အဲ့ဒါက ယာဉ်ရပ်နားခကောက်ခံတဲ့စနစ်ကို ပြောတာပါ။ လမ်းတွေမှာရပ်တဲ့ကားပါကင်ခ ကိုပြောတာပါ။ လာမယ့်တနလာင်္နေ့ကျရင် ဖောင်တွေရောင်းပါမယ်။ ကျပ်ငါးသောင်းအောက်မှာပါ ” လို့ အင်ဂျင်နီယာဌာန (လမ်းနဲ့ တံတား)က တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တွင်း ၆ မြို့ူနယ်မှာ ယာဉ်ရပ်နားကန့်သတ်ဇုန်တွေမှာ smart parking လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီတွေကို စိတ်ဝင်စားမှုအဆိုပြုဖော်ပြတဲ့ အဆိုပြုလွှာတွေ တင်သွင်းဖို့ ခေါ်ထားတာပါ။

အဆိုပါလျှောက်လွှာတွေကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ မြို့တော်စည်ပင်က လမ်း၊တံတားဌာနမှာ ရုံးချိန်အတွင်းဝယ်ယူနိုင်တာဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အဆိုပါဌာနကို ပြန်လည်တင်သွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အသေးစိတ်အချက်အလက်တွေကို အင်ဂျင်နီယာဌာန( ဖုန်း ၀၉- ၅၁၀၃၂၅၀) ကို ဆက်သွယ်နိုင်တယ်လို့ ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကလည်း စည်ပင်ကနေ ကားပါကင်ကောက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ကားပါကင်ကြေးကောက်ခံတာကို ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းလုပ်ဆောင်ခဲ့ဖူးပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top