ေမာ္ဒယ္လ္ေလာကမွာလည္း ပရိသတ္အားေပးမႈ လက္ခံမႈေတြ ရ႐ွိထားသလုိ ဆြဲမက္စရာေကာင္းတဲ့ အလွအပေတြေၾကာင့္ ေယာက္်ားေလးပရိသတ္ အမ်ားစုရဲ႕ အားေပးမႈကုိ ရ႐ွိထားေနတဲ့ နာဂ တုိင္းရင္းသူေလး မာရီကုိးလ္ကေတာ့ Sexy ဆုိတာရဲ႕ အဓိပၸါယ္ကုိ ေျပာသြားခဲ့ၿပီး Sexy ဆုိတာဟာ အတင္ၿပီး ေဖာ္ခြၽတ္ျပေနစရာမလုိေၾကာင္းကုိ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ အခုေနာက္ပုိင္းမွာ မင္းသမီးေတြ ေမာ္ဒယ္လ္ေတြ ေတာ္ေတာ္မ်ားမ်ားက ပြဲဖိတ္တဲ့ သူေတြေၾကာင့္ အေဖာ္ခြၽတ္ပုံစံေတြ ဝတ္လာတာနဲ႔ ပတ္သက္ၿပီး မာရီကုိးလ္က ေျပာသြားခဲ့တာလည္း ျဖစ္ပါတယ္။

မာရီကုိးလ္က “အခုကေတာ့ေလ တစ္ခါတစ္ေလက်ရင္ ေျပာခ်င္တာ။ ဒါေပမဲ့လည္း သူ႔ခံယူခ်က္ကုိယ့္ခံယူခ်က္ေပါ့ေနာ္။ မတူဘူးေပါ့ သူကလည္း သူ႔ခံယူခ်က္နဲ႔သူေတာ့ ႐ွိမွာေပါ့ ဒါေပမဲ့ အဲ့ေလာက္အထိ မလုိဘူးလုိ႔ေတာ့ ထင္တယ္သိလား။ အကုန္ျပၿပီးသြားရင္ ေနာက္ခပ္ျပစရာဘာမွမ႐ွိေတာ့ဘူး အဲ့တာေလးတစ္ခုေတာ့ စုိးရိမ္တယ္။ တန္လားေပါ့ေနာ္ အဲ့လုိျပရတာ ကုိယ့္အတြက္ တန္လားေပါ့ေနာ္။ အဲ့လုိျပလုိက္ၿပီး တကယ့္တန္ရာတန္ေၾကး အႏုပညာေၾကးေရာ ရရဲ႕လား တကယ္ေရာ တန္သလားေပါ့ေနာ္။ ကုိယ္လုပ္လုိက္တဲ့ဟာက တကယ္Imageေရာ ေကာင္းသလားေပါ့။ ခ်ျပလုိ႔ေတာ့ရတယ္ ႏုိင္ငံျခားမွာ ေမာ္ဒယ္လ္ေတြ အကုန္လုံးခ်ျပၾကတာပဲေလ။ ဒါေပမဲ့လည္း ခ်ျပတဲ့ အေပၚမွာ သူ႔ဟာနဲ႔သူ႐ွိတယ္ေပါ့ေနာ္။ ၿပီးရင္ အႏုပညာေၾကးဆုိတာ တန္ရာတန္ေၾကး ရမွလည္း လုပ္ျပၾကတာေပါ့ အကုန္လုံးက။ အဲ့တာမ်ိဳးေလးေတြေတာ့ ျဖစ္ေစခ်င္တယ္။ ဒါေပမဲ့ ခံယူခ်က္ခ်င္းကေတာ့ တူမွာ မဟုတ္ဘူးေလေနာ္ သူကလည္း သူရဲ႕ ခံယူခ်က္နဲ႔သူ ႐ွိမွာေပါ့ေနာ္။ ညီမေတာ့ ႏွေျမာတယ္ မတန္ဘူးလားလုိ႔ေလ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေဖာ္ခြၽတ္ၿပီး ပြဲတက္တာေတြက ေစ်းကြက္တစ္ခုလုိျဖစ္ေနတာကုိ မာရီကုိးလ္က သူ႔ရဲ႕ အျမင္ကုိ “အဲ့တာႀကီးက ေစ်းကြက္တစ္ခုလုိျဖစ္ေနတာေလ အဲ့တာမေကာင္းဘူးလုိ႔ ျမင္တယ္သိလား။ ဘာလုိ႔ဆုိေတာ့ အဲ့တာႀကီးက ေစ်းကြက္တစ္ခုလုိ ဒါႀကီးလုပ္ျပမွ ဒီလုိမ်ိဳး လုပ္ျပမွ ေအာင္ျမင္မယ္ဆုိတဲ့ ေစ်းကြက္မ်ိဳး ပုံစံမ်ိဳးႀကီး ျဖစ္ေနတာေလ။ အဲ့လုိနည္းနဲ႔ မေဖာက္ဘဲ အဓိက ကုိယ္လုပ္တဲ့ အလုပ္တစ္ခုကုိ ေသခ်ာသိဖုိ႔ လုိတယ္လုိ႔ေတာ့ထင္တယ္။ ကုိယ္ဒီဟာလုပ္တာ ဘာအတြက္လုပ္တာလဲ ကုိယ့္ရဲ႕ Image ကုိယ့္ရဲ႕သမုိင္းေၾကာင္း ေရ႐ွည္မွာ ေကာင္းမွာလား လူဆုိတာ ခံယူခ်က္႐ွိရမယ္ကြာ တ္ခုခုလုပ္ေတာ့မယ္ဆုိရင္ ကုိယ့္ရဲ႕အေၾကာင္းျပခ်က္ ခံယူခ်က္ဆုိတာမ်ိဳး႐ွိရမယ္ မ႐ွိဘဲနဲ႔ လုပ္ေနတာမ်ိဳးႀကီးက်ေတာ့လည္း အဆင္မေျပဘူးေပါ့ေနာ္ အဲ့တာက်ေတာ့လည္း မေကာင္းဘူးေပါ့။

လူေတြက ေနာက္ပုိင္းၾကေတာ့ ဒါႀကီးက ႐ွက္ရမယ္ ဒါႀကီးက ေၾကာက္ရမယ္ဆုိတဲ့ ဟာမ်ိဳးေတြက မ႐ွိလာေတာ့ဘူး အဲ့လုိမ်ိဳးျဖစ္လာတာဆုိေတာ့ ျပခ်င္လုပ္ခ်င္တယ္ဆုိရင္ေတာင္မွ ေသခ်ာေလး ကုိယ္လုပ္တဲ့ အလုပ္တစ္ခုကုိ အရင္ဆုံးေလ့လာ ငါဘာအတြက္ လုပ္တာလဲ ဘယ္လုိလုပ္ရမွာလဲ ဆုိတဲ့ဟာမ်ိဳေလး အေၾကာင္းအရင္ေလးကုိ ေသခ်ာသိၿပီးေတာ့မွ လုံးဝ Sexy လုပ္တယ္ဆုိရင္ေတာင္မွ Sexy ကုိသူတုိ႔က ဘာေၾကာင့္ Sexy လဲ Sexy ဆုိတာ ဘာလဲ ဆုိတဲ့ဟာကုိ အရင္ေလ့လာသင့္တယ္။ သူတုိ႔လြဲေနတဲ့ အလြဲေလးေတြေပါ့ Sexy ဆုိတာနဲ႔ အတင္းေတြ ေဖာ္မယ္ ခြၽတ္မယ္အဲ့လုိပုံစံေတြမ်ိဳးေတြ အဲ့လုိေတြ ထင္ေနတယ္။

ဘာေၾကာင့္ Sexy လဲ Sexy ဆုိတာ သူမ်ားႏုိင္ငံမွာ ဘယ္လုိသုံးလဲ ဘာေၾကာင့္ လုပ္တာလဲ ဥပမာ အတင္းႀကီး ဒီျပဴးျပဴးျပဲျပဲေတြ လုပ္ျပတာမွ မဟုတ္ဘဲနဲ႔ Body ေကာက္ေၾကာင္းေလး လုပ္တာ မ်က္လုံးရဲ႕ Moodေပါ့ Sexyျဖစ္ေအာင္ ၾကည့္တယ္။ ဒါမ်ိဳးေလးေတြနဲ႔လည္း လုပ္လုိ႔ရတယ္။ ညီမဆရာဆုိရင္ လုံလုံျခဳံျခဳံေလးနဲ႔လည္း Sexy လုပ္လုိ႔ရတယ္တဲ့။ Sexyဆုိတဲ့ အေပၚမွာ အတင္းႀကီးေတြ ျပဴးျပျပဲျပလုပ္တာကုိ Sexyလုိ႔ေခၚတာမဟုတ္ဘူးဆုိေတာ့ တစ္ခ်ိဳ႕က မသိတဲ့လူေတြ အမ်ားႀကီး႐ွိတယ္။” လုိ႔မာရီကုိးလ္က ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

မော်ဒယ်လ်လောကမှာလည်း ပရိသတ်အားပေးမှု လက်ခံမှုတွေ ရရှိထားသလို ဆွဲမက်စရာကောင်းတဲ့ အလှအပတွေကြောင့် ယောက်ျားလေးပရိသတ် အများစုရဲ့ အားပေးမှုကို ရရှိထားနေတဲ့ နာဂ တိုင်းရင်းသူလေး မာရီကိုးလ်ကတော့ Sexy ဆိုတာရဲ့ အဓိပ္ပါယ်ကို ပြောသွားခဲ့ပြီး Sexy ဆိုတာဟာ အတင်ပြီး ဖော်ချွတ်ပြနေစရာမလိုကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ မင်းသမီးတွေ မော်ဒယ်လ်တွေ တော်တော်များများက ပွဲဖိတ်တဲ့ သူတွေကြောင့် အဖော်ချွတ်ပုံစံတွေ ဝတ်လာတာနဲ့ ပတ်သက်ပြီး မာရီကိုးလ်က ပြောသွားခဲ့တာလည်း ဖြစ်ပါတယ်။

မာရီကိုးလ်က “အခုကတော့လေ တစ်ခါတစ်လေကျရင် ပြောချင်တာ။ ဒါပေမဲ့လည်း သူ့ခံယူချက်ကိုယ့်ခံယူချက်ပေါ့နော်။ မတူဘူးပေါ့ သူကလည်း သူ့ခံယူချက်နဲ့သူတော့ ရှိမှာပေါ့ ဒါပေမဲ့ အဲ့လောက်အထိ မလိုဘူးလို့တော့ ထင်တယ်သိလား။ အကုန်ပြပြီးသွားရင် နောက်ခပ်ပြစရာဘာမှမရှိတော့ဘူး အဲ့တာလေးတစ်ခုတော့ စိုးရိမ်တယ်။ တန်လားပေါ့နော် အဲ့လိုပြရတာ ကိုယ့်အတွက် တန်လားပေါ့နော်။ အဲ့လိုပြလိုက်ပြီး တကယ့်တန်ရာတန်ကြေး အနုပညာကြေးရော ရရဲ့လား တကယ်ရော တန်သလားပေါ့နော်။ ကိုယ်လုပ်လိုက်တဲ့ဟာက တကယ်Imageရော ကောင်းသလားပေါ့။ ချပြလို့တော့ရတယ် နိုင်ငံခြားမှာ မော်ဒယ်လ်တွေ အကုန်လုံးချပြကြတာပဲလေ။ ဒါပေမဲ့လည်း ချပြတဲ့ အပေါ်မှာ သူ့ဟာနဲ့သူရှိတယ်ပေါ့နော်။ ပြီးရင် အနုပညာကြေးဆိုတာ တန်ရာတန်ကြေး ရမှလည်း လုပ်ပြကြတာပေါ့ အကုန်လုံးက။ အဲ့တာမျိုးလေးတွေတော့ ဖြစ်စေချင်တယ်။ ဒါပေမဲ့ ခံယူချက်ချင်းကတော့ တူမှာ မဟုတ်ဘူးလေနော် သူကလည်း သူရဲ့ ခံယူချက်နဲ့သူ ရှိမှာပေါ့နော်။ ညီမတော့ နှမြောတယ် မတန်ဘူးလားလို့လေ။”လို့ ပြောသွားခဲ့ပါတယ်။

ဖော်ချွတ်ပြီး ပွဲတက်တာတွေက ဈေးကွက်တစ်ခုလိုဖြစ်နေတာကို မာရီကိုးလ်က သူ့ရဲ့ အမြင်ကို “အဲ့တာကြီးက ဈေးကွက်တစ်ခုလိုဖြစ်နေတာလေ အဲ့တာမကောင်းဘူးလို့ မြင်တယ်သိလား။ ဘာလို့ဆိုတော့ အဲ့တာကြီးက ဈေးကွက်တစ်ခုလို ဒါကြီးလုပ်ပြမှ ဒီလိုမျိုး လုပ်ပြမှ အောင်မြင်မယ်ဆိုတဲ့ ဈေးကွက်မျိုး ပုံစံမျိုးကြီး ဖြစ်နေတာလေ။ အဲ့လိုနည်းနဲ့ မဖောက်ဘဲ အဓိက ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို သေချာသိဖို့ လိုတယ်လို့တော့ထင်တယ်။ ကိုယ်ဒီဟာလုပ်တာ ဘာအတွက်လုပ်တာလဲ ကိုယ့်ရဲ့ Image ကိုယ့်ရဲ့သမိုင်းကြောင်း ရေရှည်မှာ ကောင်းမှာလား လူဆိုတာ ခံယူချက်ရှိရမယ်ကွာ တ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့အကြောင်းပြချက် ခံယူချက်ဆိုတာမျိုးရှိရမယ် မရှိဘဲနဲ့ လုပ်နေတာမျိုးကြီးကျတော့လည်း အဆင်မပြေဘူးပေါ့နော် အဲ့တာကျတော့လည်း မကောင်းဘူးပေါ့။

လူတွေက နောက်ပိုင်းကြတော့ ဒါကြီးက ရှက်ရမယ် ဒါကြီးက ကြောက်ရမယ်ဆိုတဲ့ ဟာမျိုးတွေက မရှိလာတော့ဘူး အဲ့လိုမျိုးဖြစ်လာတာဆိုတော့ ပြချင်လုပ်ချင်တယ်ဆိုရင်တောင်မှ သေချာလေး ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အရင်ဆုံးလေ့လာ ငါဘာအတွက် လုပ်တာလဲ ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ဟာမျိုလေး အကြောင်းအရင်လေးကို သေချာသိပြီးတော့မှ လုံးဝ Sexy လုပ်တယ်ဆိုရင်တောင်မှ Sexy ကိုသူတို့က ဘာကြောင့် Sexy လဲ Sexy ဆိုတာ ဘာလဲ ဆိုတဲ့ဟာကို အရင်လေ့လာသင့်တယ်။ သူတို့လွဲနေတဲ့ အလွဲလေးတွေပေါ့ Sexy ဆိုတာနဲ့ အတင်းတွေ ဖော်မယ် ချွတ်မယ်အဲ့လိုပုံစံတွေမျိုးတွေ အဲ့လိုတွေ ထင်နေတယ်။

ဘာကြောင့် Sexy လဲ Sexy ဆိုတာ သူများနိုင်ငံမှာ ဘယ်လိုသုံးလဲ ဘာကြောင့် လုပ်တာလဲ ဥပမာ အတင်းကြီး ဒီပြူးပြူးပြဲပြဲတွေ လုပ်ပြတာမှ မဟုတ်ဘဲနဲ့ Body ကောက်ကြောင်းလေး လုပ်တာ မျက်လုံးရဲ့ Moodပေါ့ Sexyဖြစ်အောင် ကြည့်တယ်။ ဒါမျိုးလေးတွေနဲ့လည်း လုပ်လို့ရတယ်။ ညီမဆရာဆိုရင် လုံလုံခြုံခြုံလေးနဲ့လည်း Sexy လုပ်လို့ရတယ်တဲ့။ Sexyဆိုတဲ့ အပေါ်မှာ အတင်းကြီးတွေ ပြူးပြပြဲပြလုပ်တာကို Sexyလို့ခေါ်တာမဟုတ်ဘူးဆိုတော့ တစ်ချို့က မသိတဲ့လူတွေ အများကြီးရှိတယ်။” လို့မာရီကိုးလ်က ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top