Selena Gomez ဟာ ဆယ္နွစ္ဝန္းက်င္ေလာက္ၾကာေအာင္ခ်စ္ခဲ့တဲ့ ရည္းစားေဟာင္း Justin Bieber ရဲ႕ အရိပ္မည္းၾကီးကေန ေနာက္ဆံုးေတာ့လြတ္ေျမာက္သြားခဲ့ျပီပဲဆိုရမွာပါ။ Justin ရဲ႕ လက္ထပ္ပြဲသတင္းေတြနဲ႔ အျခားစိတ္ညစ္စရာေတြေၾကာင့္ Selena ဟာ စိတ္က်ေရာဂါျဖစ္ျပီး ေဆးကုသမႈခံယူျပီးတဲ့ေနာက္ပိုင္းမွာေတာ့ အရင္ကထက္ပုိလန္းဆန္းစြာ လွပစြာပဲ ပရိသတ္ေတြေရွ႕ကုိျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ Selena ေဆးရံုက ဆင္းျပီဆိုတဲ့သတင္းၾကားခ်ိန္မွာ Justin က Selena ကုိ သူငယ္္ခ်င္းေတြဆီကတစ္ဆင့္ အသည္းအသန္ျပန္လည္ဆက္သြယ္ခဲ့ေပမယ့္ Selena ကေတာ့ အဖက္မလုပ္ခဲ့ဘူးဆိုတဲ့ ေကာလဟလေတြလည္းထြက္ေပၚလာခဲ့ပါေသးတယ္။

အခုလတ္တေလာ ထြက္ေပၚလာတဲ့သတင္းေတြကေတာ့ ပရိသတ္ေတြကုိ အံ့ၾသဝမ္းသာေစခဲ့ပါတယ္။ အဲဒါကေတာ့ Selena မွာ ခ်စ္သူအသစ္ရေနျပီဆိုတဲ့သတင္းပါပဲ။ Selena ဟာ ေဆးရံုကဆင္းလာျပီးတဲ့ေနာက္ပုိင္းမွာ သူငယ္ခ်င္းေတြ၊သူ႔ကုိခ်စ္တဲ့သူေတြနဲ႔ပဲ အခ်ိန္ေတြကုိကုန္ဆံုးရင္းစိတ္ဒဏ္ရာေတြကုိကုစားေနခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ Selena ရဲ႕ စိတ္ဒဏ္ရာေတြကလည္းေပ်ာက္သေလာက္ရွိသြားပံုေပၚပါတယ္။ Selena ဟာ ေနာက္ထပ္ခ်စ္သူတစ္ေယာက္ကုိေတာင္ သူ႔ဘဝထဲမွာ လက္ခံနုိင္ေလာက္တဲ့အေျခအေနေရာက္လာခဲ့ပါတယ္။

မၾကာေသးခင္က နုိင္ငံတကာ website ေတြရဲ႕ ေရးသားေဖာ္ျပခ်က္ေတြအရ Selena ဟာ Austin North ဆိုသူ အေမရိကန္သရုပ္ေဆာင္မင္းသားေလးနဲ႔ ခ်စ္ၾကိဳးသြယ္ေနျပီလု႔ိသိရပါတယ္။ အဲဒီေကာင္ေလးဟာ Selena လိုပဲ ဘာသာတရားကုိင္းရိႈင္းျပီး Selena လိုပဲ ကေလးသရုပ္ေဆာင္ဘဝကေနတက္လာခဲ့တဲ့ အရည္အခ်င္းရွိမင္းသားတစ္လက္ပါ။ ကမၻာအနွံ႔က ေကာင္မေလးေတြကုိ မ်က္ဝန္းျပာျပာေလးေတြနဲ႔ ညိဳ႕ယူဖမ္းစားထားတဲ့ အဲဒီေကာင္ေလးက Selena ကုိလည္းအျပည့္အဝနားလည္မႈရွိတယ္လို႔ဆိုပါတယ္။ ေနာက္ျပီး Austin ဟာ ထူးခြ်န္ဆုေတြအမ်ားၾကီးခ်ီးျမွင့္ခံထားရတဲ့ မင္းသားတစ္ဦးျဖစ္သလို သူ႔ရဲ႕မိသားစုကုိတန္ဖိုးထားျပီး မိဘေတြနဲ႔လည္းရင္းနွီးမႈရွိတဲ့ သားလိမ္မာေလးတစ္ေယာက္ပါတဲ့။ Austin မွာလူသိရွင္ၾကားရည္းစားဆိုလို႔ စုစုေပါင္းမွတစ္ေယာက္သာရွိခဲ့ဖူးျပီး Justin လို ေပြတတ္ရႈပ္တတ္သူမဟုတ္ပါဘူး။

ပရိသတ္ေတြကေတာ့ Justin Bieber ထက္အမ်ားၾကီးပုိေခ်ာျပီး သိမ္ေမြ႕နူးညံ့တဲ့ အေမရိကန္မင္းသားေလးနဲ႔ Selena Gomez နဲ႔ကုိ ျခြင္းခ်က္မရွိသေဘာတူေနၾကပါတယ္။ လက္ရွိမွာသူတို႔နွစ္ဦးဟာ နွင္းေလွ်ာစီးတာေတြ၊ေရခဲေတာင္တက္တာေတြလည္း သူငယ္ခ်င္းေတြနဲ႔အတူတူလုပ္ခဲ့ၾကျပီး Selena က Austin နဲ႔ခဏခဏေတြ႕ျဖစ္သလုိ အတူတူရွိေနခ်ိန္ေတြမွာလည္း ေပ်ာ္ရႊင္ေနတတ္တယ္လို႔ သူတို႔နွစ္ဦးနဲ႔ရင္းနွီးတဲ့သူငယ္ခ်င္းေတြက မီဒီယာေတြကုိေျပာျပထားပါတယ္။ သူတို႔နွစ္ဦးကေတာ့ သူတို႔ရဲ႕အခ်စ္ကုိ လူသိရွင္ၾကားေၾကျငာျခင္းမရွိေသးပါဘူး။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ အခ်ိန္ေတြအၾကာၾကီးနာက်င္ခဲ့ရဖူးတဲ့ Selena ကုိ အေမရိကန္မင္းသားေလး Austin North နဲ႔ သေဘာတူၾကလား။ မ်က္ဝန္းျပာျပာေလးေတြနဲ႔ အသက္ရႈမွားေလာက္တဲ့အျပံဳးမ်ိဳးနဲ႔ ဆယ္ခါၾကည့္ရင္ဆယ္ခါလံုးရူးမယ့္ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္ေလးဟာ Selena ကုိ တစ္သက္လံုးေစာင့္ေရွာက္သြားနုိင္မယ္ထင္လား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

Selena Gomez ဟာ ဆယ်နှစ်ဝန်းကျင်လောက်ကြာအောင်ချစ်ခဲ့တဲ့ ရည်းစားဟောင်း Justin Bieber ရဲ့ အရိပ်မည်းကြီးကနေ နောက်ဆုံးတော့လွတ်မြောက်သွားခဲ့ပြီပဲဆိုရမှာပါ။ Justin ရဲ့ လက်ထပ်ပွဲသတင်းတွေနဲ့ အခြားစိတ်ညစ်စရာတွေကြောင့် Selena ဟာ စိတ်ကျရောဂါဖြစ်ပြီး ဆေးကုသမှုခံယူပြီးတဲ့နောက်ပိုင်းမှာတော့ အရင်ကထက်ပိုလန်းဆန်းစွာ လှပစွာပဲ ပရိသတ်တွေရှေ့ကိုပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ Selena ဆေးရုံက ဆင်းပြီဆိုတဲ့သတင်းကြားချိန်မှာ Justin က Selena ကို သူငယ်ချင်းတွေဆီကတစ်ဆင့် အသည်းအသန်ပြန်လည်ဆက်သွယ်ခဲ့ပေမယ့် Selena ကတော့ အဖက်မလုပ်ခဲ့ဘူးဆိုတဲ့ ကောလဟလတွေလည်းထွက်ပေါ်လာခဲ့ပါသေးတယ်။

အခုလတ်တလော ထွက်ပေါ်လာတဲ့သတင်းတွေကတော့ ပရိသတ်တွေကို အံ့သြဝမ်းသာစေခဲ့ပါတယ်။ အဲဒါကတော့ Selena မှာ ချစ်သူအသစ်ရနေပြီဆိုတဲ့သတင်းပါပဲ။ Selena ဟာ ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်းမှာ သူငယ်ချင်းတွေ၊သူ့ကိုချစ်တဲ့သူတွေနဲ့ပဲ အချိန်တွေကိုကုန်ဆုံးရင်းစိတ်ဒဏ်ရာတွေကိုကုစားနေခဲ့တာပါ။ အခုအချိန်မှာတော့ Selena ရဲ့ စိတ်ဒဏ်ရာတွေကလည်းပျောက်သလောက်ရှိသွားပုံပေါ်ပါတယ်။ Selena ဟာ နောက်ထပ်ချစ်သူတစ်ယောက်ကိုတောင် သူ့ဘဝထဲမှာ လက်ခံနိုင်လောက်တဲ့အခြေအနေရောက်လာခဲ့ပါတယ်။

မကြာသေးခင်က နိုင်ငံတကာ website တွေရဲ့ ရေးသားဖော်ပြချက်တွေအရ Selena ဟာ Austin North ဆိုသူ အမေရိကန်သရုပ်ဆောင်မင်းသားလေးနဲ့ ချစ်ကြိုးသွယ်နေပြီလု့ိသိရပါတယ်။ အဲဒီကောင်လေးဟာ Selena လိုပဲ ဘာသာတရားကိုင်းရှိုင်းပြီး Selena လိုပဲ ကလေးသရုပ်ဆောင်ဘဝကနေတက်လာခဲ့တဲ့ အရည်အချင်းရှိမင်းသားတစ်လက်ပါ။ ကမ္ဘာအနှံ့က ကောင်မလေးတွေကို မျက်ဝန်းပြာပြာလေးတွေနဲ့ ညို့ယူဖမ်းစားထားတဲ့ အဲဒီကောင်လေးက Selena ကိုလည်းအပြည့်အဝနားလည်မှုရှိတယ်လို့ဆိုပါတယ်။ နောက်ပြီး Austin ဟာ ထူးချွန်ဆုတွေအများကြီးချီးမြှင့်ခံထားရတဲ့ မင်းသားတစ်ဦးဖြစ်သလို သူ့ရဲ့မိသားစုကိုတန်ဖိုးထားပြီး မိဘတွေနဲ့လည်းရင်းနှီးမှုရှိတဲ့ သားလိမ်မာလေးတစ်ယောက်ပါတဲ့။ Austin မှာလူသိရှင်ကြားရည်းစားဆိုလို့ စုစုပေါင်းမှတစ်ယောက်သာရှိခဲ့ဖူးပြီး Justin လို ပွေတတ်ရှုပ်တတ်သူမဟုတ်ပါဘူး။

ပရိသတ်တွေကတော့ Justin Bieber ထက်အများကြီးပိုချောပြီး သိမ်မွေ့နူးညံ့တဲ့ အမေရိကန်မင်းသားလေးနဲ့ Selena Gomez နဲ့ကို ခြွင်းချက်မရှိသဘောတူနေကြပါတယ်။ လက်ရှိမှာသူတို့နှစ်ဦးဟာ နှင်းလျှောစီးတာတွေ၊ရေခဲတောင်တက်တာတွေလည်း သူငယ်ချင်းတွေနဲ့အတူတူလုပ်ခဲ့ကြပြီး Selena က Austin နဲ့ခဏခဏတွေ့ဖြစ်သလို အတူတူရှိနေချိန်တွေမှာလည်း ပျော်ရွှင်နေတတ်တယ်လို့ သူတို့နှစ်ဦးနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေက မီဒီယာတွေကိုပြောပြထားပါတယ်။ သူတို့နှစ်ဦးကတော့ သူတို့ရဲ့အချစ်ကို လူသိရှင်ကြားကြေငြာခြင်းမရှိသေးပါဘူး။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အချိန်တွေအကြာကြီးနာကျင်ခဲ့ရဖူးတဲ့ Selena ကို အမေရိကန်မင်းသားလေး Austin North နဲ့ သဘောတူကြလား။ မျက်ဝန်းပြာပြာလေးတွေနဲ့ အသက်ရှုမှားလောက်တဲ့အပြုံးမျိုးနဲ့ ဆယ်ခါကြည့်ရင်ဆယ်ခါလုံးရူးမယ့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဟာ Selena ကို တစ်သက်လုံးစောင့်ရှောက်သွားနိုင်မယ်ထင်လား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top