ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

Channel 7 ရုပ္သံလိုင္းကေန ျမန္မာစာတန္းထိုးနဲ႔ ထုတ္လႊင္တဲ့ Running Man ကို ပရိတ္သတ္ႀကီးသိလိမ့္မယ္ ထင္ပါတယ္။ အဲ့ထဲက ႏွံေကာင္ဆိုၿပီး နာမည္ႀကီးတဲ့ Running Man မွ ယူဂ်ယ္ေဆာ့ဟာဆိုရင္ ေတာင္ကိုးရီးယားမွပရိတ္သတ္မ်ားသာမက ကမာၻတစ္ဝွမ္းမွ ပရိတ္သတ္မ်ားကပါ ခ်စ္ခင္ေလးစားၾကပါတယ္။

Running Man အဖြဲ႕ဝင္ေတြဟာ ကမာၻ႕ႏုိင္ငံအရပ္ရပ္ေတြမွာ ေပ်ာ္ရႊင္ဖြယ္ ဂိမ္းေတြကိုလိုက္ကစားတဲ့အခါမွာလဲ ႏိုင္ငံတိုင္းမွာ ေလဆိပ္ကိုလာေရာက္ ႀကိဳဆိုတဲ့ ပရိတ္သတ္ေတြမ်ားျပားတာေၾကာင့္ သူတို႔ကိုယ္တိုင္ေတာင္ အံ့အားသင့္ခဲ့ရတဲ့အထိပါပဲ။

ယူဂ်ယ္ေဆာ့ကို Running Man မွာအဖြဲ႕ေခါင္းေဆာင္လို႔ သိၾကၿပီး ႏွံေကာင္နဲ႔ တူေလာက္ေအာင္ ရုပ္ေခ်ာတာေၾကာင့္ ႏွံေကာင္လို႔ နာမည္ေျပာင္ထားၿပီး ေခၚေဝၚၾကတာျဖစ္ပါတယ္။ ယူဂ်ယ္ေဆာ့ရဲ႕ အားသာခ်က္ကေတာ့ သေဘာေကာင္းၿပီး Running Man မွာလာေရာက္ပါဝင္တဲ့ ဧည္႔သည္မ်ားကို ေက်ာသားရင္သားမခြဲျခားပဲ ဆက္ဆံေရးေကာင္းမြန္တတ္တာပဲျဖစ္ပါတယ္။ ေတာင္ကိုးရီးယားရဲ႕ အႏုပညာေလာက မွာဆိုရင္ ယူဂ်ယ္ေဆာ့ကို မသိသူမရွိ၊ သူကလဲမသိသူမရွိသေလာက္ပါပဲ။ ဒါေၾကာင့္လဲ Nation’s MC ဆိုတဲ့ ဘြဲ႕ကိုရထားတာေပါ့ေနာ္။

လတ္တေလာမွာ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔ကလဲ ၿပီးခဲ့တဲ့ (၁) လပိုင္း (၄) ရက္ေန႔က က်င္းပၿပီးစီးခဲ့တယ္မဟုတ္ပါလား။ ဇန္နဝါရီလ (၈) ရက္ေန႔က Okka Kyi Win အမည္ရွိေသာ အေကာင့္က လြတ္လပ္ေရးယူပါလို႔ အခါေတာ္ေပးတဲ့ ဆရာႀကီးရဲ႕ ဓာတ္ပုံကိုတင္ခဲ့ပါတယ္။ ထူးျခားခ်က္ခ်င္းတိုက္ဆိုင္တာလား မေျပာတတ္ေပမယ့္ လြတ္လပ္ေရး အခါေတာ္ေပးခဲ့တဲ့ ဆရာႀကီးက Running Man အဖြဲ႔ဝင္ ယူဂ်ယ္ေဆာ့နဲ႔ တစ္ထပ္တည္းတူေနေတာ့တာပါပဲ။

ဒါကို ျမန္မာႏိုင္ငံက Running Man ႀကိဳက္တဲ့ ပရိတ္သတ္တစ္ေယာက္က အခါေတာ္ေပးခဲ့တဲ့ ဆရာႀကီးရဲ႕ ပုံကို ဖိုတိုေရွာ့ ပညာနဲ႔ မ်က္မွန္တပ္ေပးလိုက္ေတာ့ ယူဂ်ယ္ေဆာ့ မွယူဂ်ယ္ေဆာ့ တစ္ထပ္တည္း တစ္ပုံစံထဲကို တူေနပါေတာ့တယ္။ ယူဂ်ယ္ေဆာ့မ်ား အရင္ဘဝက ျမန္မာႏိုင္ငံမွာလူျဖစ္ၿပီး ကိုးရီးယားမွာ သြားဝင္စားသလားလို႔ ေအာက္ေမ့ရတဲ့အထိပါပဲ။

ပရိတ္သတ္ႀကီးေရ ျမန္မာႏိုင္ငံကိုလြတ္လပ္ေရး အခါေတာ္ ေပးခဲ့တဲ့ဆရာႀကီးက ယူဂ်ယ္ေဆာ့နဲ႔ တူမတူဆိုတာ ဆုံးျဖတ္ေပးလိုက္ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
Channel 7 ရုပ်သံလိုင်းကနေ မြန်မာစာတန်းထိုးနဲ့ ထုတ်လွှင်တဲ့ Running Man ကို ပရိတ်သတ်ကြီးသိလိမ့်မယ် ထင်ပါတယ်။ အဲ့ထဲက နှံကောင်ဆိုပြီး နာမည်ကြီးတဲ့ Running Man မှ ယူဂျယ်ဆော့ဟာဆိုရင် တောင်ကိုးရီးယားမှပရိတ်သတ်များသာမက ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်များကပါ ချစ်ခင်လေးစားကြပါတယ်။

Running Man အဖွဲ့ဝင်တွေဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ်တွေမှာ ပျော်ရွှင်ဖွယ် ဂိမ်းတွေကိုလိုက်ကစားတဲ့အခါမှာလဲ နိုင်ငံတိုင်းမှာ လေဆိပ်ကိုလာရောက် ကြိုဆိုတဲ့ ပရိတ်သတ်တွေများပြားတာကြောင့် သူတို့ကိုယ်တိုင်တောင် အံ့အားသင့်ခဲ့ရတဲ့အထိပါပဲ။

ယူဂျယ်ဆော့ကို Running Man မှာအဖွဲ့ခေါင်းဆောင်လို့ သိကြပြီး နှံကောင်နဲ့ တူလောက်အောင် ရုပ်ချောတာကြောင့် နှံကောင်လို့ နာမည်ပြောင်ထားပြီး ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ယူဂျယ်ဆော့ရဲ့ အားသာချက်ကတော့ သဘောကောင်းပြီး Running Man မှာလာရောက်ပါဝင်တဲ့ ဧည့်သည်များကို ကျောသားရင်သားမခွဲခြားပဲ ဆက်ဆံရေးကောင်းမွန်တတ်တာပဲဖြစ်ပါတယ်။ တောင်ကိုးရီးယားရဲ့ အနုပညာလောက မှာဆိုရင် ယူဂျယ်ဆော့ကို မသိသူမရှိ၊ သူကလဲမသိသူမရှိသလောက်ပါပဲ။ ဒါကြောင့်လဲ Nation’s MC ဆိုတဲ့ ဘွဲ့ကိုရထားတာပေါ့နော်။

လတ်တလောမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကလဲ ပြီးခဲ့တဲ့ (၁) လပိုင်း (၄) ရက်နေ့က ကျင်းပပြီးစီးခဲ့တယ်မဟုတ်ပါလား။ ဇန်နဝါရီလ (၈) ရက်နေ့က Okka Kyi Win အမည်ရှိသော အကောင့်က လွတ်လပ်ရေးယူပါလို့ အခါတော်ပေးတဲ့ ဆရာကြီးရဲ့ ဓာတ်ပုံကိုတင်ခဲ့ပါတယ်။ ထူးခြားချက်ချင်းတိုက်ဆိုင်တာလား မပြောတတ်ပေမယ့် လွတ်လပ်ရေး အခါတော်ပေးခဲ့တဲ့ ဆရာကြီးက Running Man အဖွဲ့ဝင် ယူဂျယ်ဆော့နဲ့ တစ်ထပ်တည်းတူနေတော့တာပါပဲ။

ဒါကို မြန်မာနိုင်ငံက Running Man ကြိုက်တဲ့ ပရိတ်သတ်တစ်ယောက်က အခါတော်ပေးခဲ့တဲ့ ဆရာကြီးရဲ့ ပုံကို ဖိုတိုရှော့ ပညာနဲ့ မျက်မှန်တပ်ပေးလိုက်တော့ ယူဂျယ်ဆော့ မှယူဂျယ်ဆော့ တစ်ထပ်တည်း တစ်ပုံစံထဲကို တူနေပါတော့တယ်။ ယူဂျယ်ဆော့များ အရင်ဘဝက မြန်မာနိုင်ငံမှာလူဖြစ်ပြီး ကိုးရီးယားမှာ သွားဝင်စားသလားလို့ အောက်မေ့ရတဲ့အထိပါပဲ။

ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကိုလွတ်လပ်ရေး အခါတော် ပေးခဲ့တဲ့ဆရာကြီးက ယူဂျယ်ဆော့နဲ့ တူမတူဆိုတာ ဆုံးဖြတ်ပေးလိုက်ကြပါဦး။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top