အလွမယ္ ေ႐ႊအိမ္စည္မွ Miss Universe Myanmar Organization ဥကၠ႒ ေဒၚစိုးယုေဝကို ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ)ျဖင့္ တရားစြဲဆိုထားသည့္အမႈတြင္ တရားလိုမလာေရာက္ႏိုင္ေသာေၾကာင့္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔သို႔ ႐ုံးျပန္ခ်ိန္းလိုက္ေၾကာင္း ရန္ကင္းၿမိဳ႕နယ္တရား ႐ုံးမွ တရားသူႀကီး ေဒၚေလးေလးႏြယ္ထံမွ သိရသည္။

 အလွမယ္ေ႐ႊအိမ္စည္ႏွင့္ ေဒၚစိုးယုေဝတို႔သည္ အျပန္အလွန္အမႈဖြင့္တရားစြဲဆိုထားၾကတာျဖစ္ၿပီး ဇန္နဝါရီ ၂၂ ရက္ေန႔၌ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္တရား႐ုံးတြင္လည္း ႐ုံးခ်ိန္းရွိေနသည့္အတြက္ ရန္ကင္းတရား႐ုံးမွ ရက္ျပန္ ခ်ိန္းေပးရန္ ရဲဘက္မွ အေၾကာင္းၾကားလာျခင္းျဖစ္သည္ဟုလည္းသိရသည္။

 ထို႔ေၾကာင့္ ၃ ႀကိမ္ေျမာက္႐ုံးခ်ိန္းကို ရန္ကင္းၿမိဳ႕နယ္တရား႐ုံးက ေဖေဖာ္ဝါရီ ၅ ရက္ေန႔တြင္ တရားလိုျဖစ္သည့္ အလွမယ္ေ႐ႊအိမ္စည္အား စတင္စစ္ေဆးရန္ ခ်ိန္းဆိုထားေၾကာင္း ၿမိဳ႕နယ္တရားသူႀကီး ေဒၚေလးေလးႏြယ္ ကဆိုသည္။

 တရား႐ုံးတြင္ တရားလိုျပသက္ေသမ်ားအေနျဖင့္ တရားလိုအပါအဝင္ ၉ ဦးထိတင္ျပထားေၾကာင္းလည္း ၄င္းကဆိုသည္။

 Miss Universe Myanmar Organization ဥကၠ႒ ေဒၚစိုးယုေဝ၏ လူမႈကြန္ယက္ျဖစ္သည့္ Facebook တြင္ ေရးသား ေျပာဆိုခ်က္မ်ားသည္အလွမယ္ေ႐ႊအိမ္စည္၏ ဂုဏ္သိကၡာကိုထိခိုက္ေစသည္ဟုဆိုကာ ဇန္နဝါရီ ၈ ရက္ေန႔တြင္ ေ႐ႊအိမ္စည္က အမႈဖြင့္တရားဆိုခဲ့ျခင္းျဖစ္သည္။

 အဆိုပါေန႔တြင္ပင္ ေဒၚစိုးယုေဝကိုတရား႐ုံးမွဆင့္ေခၚခဲ့ၿပီးေနာက္ အာမခံေလွ်ာက္ထားေသာေၾကာင့္ က်င့္ထုံး ဥပေဒပုဒ္မ ၄၉၆ အရ က်ပ္သိန္း ၁၀၀ တန္ လူ ၂ ဦးျဖင့္ (အာမခံ) အခ်ဳပ္လြတ္ထုေခ်ခြင့္ေပးခဲ့ေၾကာင္း လည္း ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုမလာရောက်နိုင်သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်ကြောင်း ရန်ကင်းမြို့နယ်တရား ရုံးမှ တရားသူကြီး ဒေါ်လေးလေးနွယ်ထံမှ သိရသည်။

 အလှမယ်ရွှေအိမ်စည်နှင့် ဒေါ်စိုးယုဝေတို့သည် အပြန်အလှန်အမှုဖွင့်တရားစွဲဆိုထားကြတာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့၌ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင်လည်း ရုံးချိန်းရှိနေသည့်အတွက် ရန်ကင်းတရားရုံးမှ ရက်ပြန် ချိန်းပေးရန် ရဲဘက်မှ အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်းသိရသည်။

 ထို့ကြောင့် ၃ ကြိမ်မြောက်ရုံးချိန်းကို ရန်ကင်းမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တရားလိုဖြစ်သည့် အလှမယ်ရွှေအိမ်စည်အား စတင်စစ်ဆေးရန် ချိန်းဆိုထားကြောင်း မြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ် ကဆိုသည်။

 တရားရုံးတွင် တရားလိုပြသက်သေများအနေဖြင့် တရားလိုအပါအဝင် ၉ ဦးထိတင်ပြထားကြောင်းလည်း ၎င်းကဆိုသည်။

 Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ၏ လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသား ပြောဆိုချက်များသည်အလှမယ်ရွှေအိမ်စည်၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟုဆိုကာ ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေအိမ်စည်က အမှုဖွင့်တရားဆိုခဲ့ခြင်းဖြစ်သည်။

 အဆိုပါနေ့တွင်ပင် ဒေါ်စိုးယုဝေကိုတရားရုံးမှဆင့်ခေါ်ခဲ့ပြီးနောက် အာမခံလျှောက်ထားသောကြောင့် ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ တန် လူ ၂ ဦးဖြင့် (အာမခံ) အချုပ်လွတ်ထုချေခွင့်ပေးခဲ့ကြောင်း လည်း ရန်ကင်းမြို့နယ်တရားရုံးမှသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top