လြန္ခဲ့ေသာ ၅ ႏွစ္ ၂၀၁၄ ခုႏွစ္က ထူးဆန္းစြာေပ်ာက္ဆုံးသြားခဲ့သည့္ မေလးရွားေလးေၾကာင္းလိုင္း MH370 ပ်က္က်ခဲ့သည္ကို ကိုယ္တိုင္ကိုယ္က် ေတြ႕ျမင္ခဲ့ရၿပီး ေနရာအတိအက်မွတ္ထားခဲ့သူတစ္ဦး ေပၚထြက္လာခဲ့တာေၾကာင့္ မေလးရွားအာဏာပိုင္မ်ားနဲ႔ ျပည္သူ မ်ားအားလုံး လႈပ္လႈပ္ရွားျဖစ္သြားၾကပါတယ္။

လူေပါင္း ၂၃၉ ဦး တင္ေဆာင္ၿပီး ေပက်င္း နဲ႔ ကြာလာလမ္ပူ ေျပးဆြဲတဲ့ မေလးရွားေလေၾကာင္းလိုင္းဟာ ၂၀၁၄ ခုႏွစ္ မတ္လ ၈ ရက္ေန႔က ေပ်ာက္ဆုံးခဲ့ၿပီး တစ္ကမာၻလုံးက ဝိုင္းဝန္းရွာေဖြၾကေပမယ့္ မည္သည့္အစအနမွ် မေပၚခဲ့တာေၾကာင့္ ၄ ႏွစ္ေက်ာ္ၾကာၿပီးတဲ့အခါ ရွာေဖြမႈေတြကို မေလးရွားအစိုးရ လက္ေလ်ာ့ပိတ္သိမ္းခဲ့ပါတယ္။ေလယာဥ္ေပၚပါသြားခဲ့တဲ့ လူေတြရဲ႕ မိသားစုေတြကေတာ့ အျဖဴအမဲ သဲသဲကြဲကြဲ မသိရေသးတဲ့အတြက္ မေရရာတဲ့ေမွ်ာ္လင့္ခ်က္ေတြ ရွိေနၾကဆဲျဖစ္ပါတယ္။ မေလးရားေလယာဥ္ MH370 ေပ်ာက္ဆုံးမႈဟာ ကမာၻ႔ေလေၾကာင္းရာဇဝင္သမိုင္းမွာေတာ့ အထူးျခားဆုံး လွ်ိဳဝွက္ဆန္းၾကယ္ျဖစ္ရပ္ႀကီးအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။

အခုေတာ့ အင္ဒိုနီးရွားႏိုင္ငံမွ အသက္ ၄၂ ႏွစ္အ႐ြယ္ ငါးဖမ္းလုပ္သား “Rusli Khusmin” ဆိုသူက MH370 ပ်က္က်ခဲ့တာကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့ရၿပီး ေနရာအတိအက်ကို GPS စက္နဲ႔ မွတ္ထားခဲ့ေၾကာင္း သတင္းပို႔လာခဲ့ပါတယ္။မေလးရွားအာဏာပိုင္မ်ားက “Rusli Khusmin” ကို အင္ဒိုနီးရွားကေန ဖိတ္ၾကားၿပီး မေလးရွားႏိုင္ငံ ဆူးဘန္းဂ်ာရာမွာ သတင္းစာရွင္းလင္းမႈ ျပဳလုပ္ခဲ့ပါတယ္။ သူနဲ႔အတူ ယူေဆာင္လာတဲ့ GPS စက္ကို မေလးရွား အန္ဂ်ီအိုအဖြဲ႕တစ္ခုျဖစ္တဲ့ CASSA ကို အပ္ႏွံခဲ့ပါတယ္။

“Rusli Khusmin” ၏ အဆိုအရ သူႏွင့္အတူ လုပ္ေဖာ္ကိုင္ဖက္မ်ား ငါးဖမ္းေနၾကစဥ္ ေလယာဥ္ဟာ သူတို႔ေရျပင္ထဲကို ဝင္လာခဲ့တာကို GPS မွာ ေတြ႕ခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ ဘာဆူညံသံမွ မၾကားရပဲ မီးခိုးအမဲေတြ အူထြက္ေနတဲ့ ေလယာဥ္ႀကီးဟာ စြန္ပ်က္က်သလို ဘယ္ညာခါယမ္းၿပီး ေရထဲကို ပ်က္က်ခဲ့တာ ျမင္ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္မွာ ပတ္ဝန္းက်င္တစ္ခုလုံး ေလာင္စာဆီေလာင္ကြၽမ္းတဲ့ ေညႇာ္နဲ႔ေတြနဲ႔ ျပည့္ႏွက္သြားတယ္လို႔ ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

GPS ပါအခ်က္အလက္အရ MH370 ေလယာဥ္ဟာ အင္ဒိုနီးရွားနဲ႔ မေလးရွား ႏွစ္ႏိုင္ငံၾကားက ဆူမားထရားပင္လယ္ထဲကို ၫႊန္ျပေနပါတယ္။ “Rusli Khusmin” ဟာ အခုလို ၅ ႏွစ္ၾကာတဲ့အထိ ေလယာဥ္ပ်က္က်မႈအေၾကာင္းကို ဘာေၾကာင့္ သတင္းမေပးခဲ့တာလည္းဆိုတာကိုေတာ့ ေျပာျပျခင္းမရွိခဲ့ပါဘူး။

CASSA အဖြဲ႕က စုံစမ္းလို႔ရရွိတဲ့အခ်က္လက္ေတြကို ဝန္ႀကီးခ်ဳပ္ မဟာသီယာ ထံ တင္ျပထားၿပီျဖစ္ေၾကာင္း အဖြဲ႕ရဲ႕ ဥကၠ႒ျဖစ္သူ Dr Jacob George က ဆိုပါတယ္။ မၾကာမီမွာ အဆိုပါေနရာကို ရွာေဖြေရးအဖြဲ႕ေတြ ေစလႊတ္ေတာ့မယ္လို႔ ခန႔္မွန္းမိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#

လွန်ခဲ့သော ၅ နှစ် ၂၀၁၄ ခုနှစ်က ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေးကြောင်းလိုင်း MH370 ပျက်ကျခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပြီး နေရာအတိအကျမှတ်ထားခဲ့သူတစ်ဦး ပေါ်ထွက်လာခဲ့တာကြောင့် မလေးရှားအာဏာပိုင်များနဲ့ ပြည်သူ များအားလုံး လှုပ်လှုပ်ရှားဖြစ်သွားကြပါတယ်။

လူပေါင်း ၂၃၉ ဦး တင်ဆောင်ပြီး ပေကျင်း နဲ့ ကွာလာလမ်ပူ ပြေးဆွဲတဲ့ မလေးရှားလေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ပျောက်ဆုံးခဲ့ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်းရှာဖွေကြပေမယ့် မည်သည့်အစအနမျှ မပေါ်ခဲ့တာကြောင့် ၄ နှစ်ကျော်ကြာပြီးတဲ့အခါ ရှာဖွေမှုတွေကို မလေးရှားအစိုးရ လက်လျော့ပိတ်သိမ်းခဲ့ပါတယ်။လေယာဉ်ပေါ်ပါသွားခဲ့တဲ့ လူတွေရဲ့ မိသားစုတွေကတော့ အဖြူအမဲ သဲသဲကွဲကွဲ မသိရသေးတဲ့အတွက် မရေရာတဲ့မျှော်လင့်ချက်တွေ ရှိနေကြဆဲဖြစ်ပါတယ်။ မလေးရားလေယာဉ် MH370 ပျောက်ဆုံးမှုဟာ ကမ္ဘာ့လေကြောင်းရာဇဝင်သမိုင်းမှာတော့ အထူးခြားဆုံး လျှိုဝှက်ဆန်းကြယ်ဖြစ်ရပ်ကြီးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

အခုတော့ အင်ဒိုနီးရှားနိုင်ငံမှ အသက် ၄၂ နှစ်အရွယ် ငါးဖမ်းလုပ်သား “Rusli Khusmin” ဆိုသူက MH370 ပျက်ကျခဲ့တာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး နေရာအတိအကျကို GPS စက်နဲ့ မှတ်ထားခဲ့ကြောင်း သတင်းပို့လာခဲ့ပါတယ်။မလေးရှားအာဏာပိုင်များက “Rusli Khusmin” ကို အင်ဒိုနီးရှားကနေ ဖိတ်ကြားပြီး မလေးရှားနိုင်ငံ ဆူးဘန်းဂျာရာမှာ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။ သူနဲ့အတူ ယူဆောင်လာတဲ့ GPS စက်ကို မလေးရှား အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ CASSA ကို အပ်နှံခဲ့ပါတယ်။

“Rusli Khusmin” ၏ အဆိုအရ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ ငါးဖမ်းနေကြစဉ် လေယာဉ်ဟာ သူတို့ရေပြင်ထဲကို ဝင်လာခဲ့တာကို GPS မှာ တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဘာဆူညံသံမှ မကြားရပဲ မီးခိုးအမဲတွေ အူထွက်နေတဲ့ လေယာဉ်ကြီးဟာ စွန်ပျက်ကျသလို ဘယ်ညာခါယမ်းပြီး ရေထဲကို ပျက်ကျခဲ့တာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး လောင်စာဆီလောင်ကျွမ်းတဲ့ ညှော်နဲ့တွေနဲ့ ပြည့်နှက်သွားတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

GPS ပါအချက်အလက်အရ MH370 လေယာဉ်ဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နှစ်နိုင်ငံကြားက ဆူမားထရားပင်လယ်ထဲကို ညွှန်ပြနေပါတယ်။ “Rusli Khusmin” ဟာ အခုလို ၅ နှစ်ကြာတဲ့အထိ လေယာဉ်ပျက်ကျမှုအကြောင်းကို ဘာကြောင့် သတင်းမပေးခဲ့တာလည်းဆိုတာကိုတော့ ပြောပြခြင်းမရှိခဲ့ပါဘူး။

CASSA အဖွဲ့က စုံစမ်းလို့ရရှိတဲ့အချက်လက်တွေကို ဝန်ကြီးချုပ် မဟာသီယာ ထံ တင်ပြထားပြီဖြစ်ကြောင်း အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Dr Jacob George က ဆိုပါတယ်။ မကြာမီမှာ အဆိုပါနေရာကို ရှာဖွေရေးအဖွဲ့တွေ စေလွှတ်တော့မယ်လို့ ခန့်မှန်းမိပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top