စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


လူေတာ္ေတာ္မ်ားမ်ားဟာ ကမၻာ႔အဆိုးရြားဆံုး သေဘၤာနစ္ျမဳပ္မႈဆိုရင္ တိုက္တန္းနစ္ကိုပဲ ေျပးျမင္တတ္ၾကပါတယ္။ သို႕ေပမယ့္ တကယ္တမ္း သမိုင္းတစ္ေလွ်ာက္အဆိုးရြားဆံုး သေဘၤာပ်က္မႈကိုျပပါဆိုလွ်င္ ဒုတိယကမၻာစစ္တုန္းကျဖစ္ပြားခဲ့တဲ့ စစ္သေဘၤာမီးေလာင္ကၽြမ္းမႈျဖစ္ပါတယ္။ဒုတိယအဆိုးရြားဆံုးအျဖစ္ ေနာက္မွလိုက္ေနတဲ့ သေဘၤာနစ္ျမဳပ္ပ်က္ဆီးမႈကေတာ့ MC Doña Paz လို႕ေခၚတဲ့ ဖိလစ္ပိုင္သေဘၤာတစ္စီးပဲျဖစ္ပါတယ္။

MC Doña Paz ဟာ Leyte ကၽြန္းမွ ဖိလစ္ပိုင္၊ မနီလာသို႕ေမာင္းႏွင္ေျပးဆြဲေနတဲ့ ကုန္တင္၊ ခရီးသည္သေဘၤာတစ္စီးျဖစ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ လူေပါင္း (၁၅၀၀) ေက်ာ္ေက်ာ္ေလးသာ သေဘၤာေပၚလိုက္ပါစီးနင္းႏုိင္မွာျဖစ္တယ္လို႔ သတ္မွတ္ထားေပမယ့္ အဲဒီေန႕ဟာ ခရစ္စမတ္နား အရမ္းနီးေနတဲ့ ေန႔ရက္ျဖစ္တာေၾကာင့္ ပိတ္ရက္ေတြမွာ ေနရပ္သို႕ျပန္မယ့္လူေတြဟာ သာမန္ထက္ကို အဆေပါင္းမ်ားစြာ ပိုမ်ားေနခဲ့ပါတယ္။

ဒီဇင္ဘာလ (၂၀) ရက္ေန႕၊ ၁၉၈၇ ခုႏွစ္မွာ ဖိလစ္ပိုင္ေရပိုင္နက္ထဲ မီးေလာင္ကၽြမ္းနစ္ျမဳပ္ခဲ့တာျဖစ္ၿပီး ႏွစ္ေပါင္း (၃၁) ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ပိတ္ရက္နီးေနၿပီ ျဖစ္တာေၾကာင့္ ေမွာင္ခိုမွတစ္ဆင့္ သတ္မွတ္ထားတဲ့ လူဦးေရထက္ေက်ာ္လြန္ကာ ခရီးသည္ေတြကို တင္ခဲ့ၾကပါတယ္။


ဒီလိုခရီးသည္ အပိုတင္တဲ့ကိစၥကို အာဏာပိုင္ေတြမွ အေယာက္ (၁,၀၀၀) ေလာက္သာ ပိုတင္ခဲ့တယ္လို႔ေျပာခဲ့ေပမယ့္ သေဘၤာနစ္ျမဳပ္တဲ့သတင္းကို ထုတ္ျပန္ၿပီးၿပီးခ်င္းမွာပဲ နစ္နာသူေပါင္း (၄,၀၀၀) ေက်ာ္ရဲ႕ မိသားစုေတြဟာ Sulpicio Lines ရံုးခန္းသို႕လာေရာက္ခဲ့ၾကတာပါ။

ဒါေၾကာင့္ စုစုေပါင္း အေယာက္ (၄၀၀၀) ေက်ာ္၊ သတ္မွတ္ခရီးသည္ဝန္ထက္ (၃) ဆပိုတင္ခဲ့တယ္လို႔ အၾကမ္းဖ်င္းအရ ခန္႔မွန္းရပါတယ္။ သေဘၤာဟာ ဖိလစ္ပိုင္ေရပိုင္နက္ထဲ ညဖက္ေျပးဆြဲေနရင္း ည (၁၁) နာရီခြဲေလာက္မွာေတာ့ တစ္စံုတစ္ခုနဲ႔ တုိက္မိသလို သိမ့္ခနဲ႔ျဖစ္သြားတာကို ခံစားခဲ့ရတယ္လို႔ အသက္ရွင္က်န္ရစ္သူေတြမွ ေျပာျပခဲ့ပါတယ္

MC Doña Paz နဲ႔တိုက္မိခဲ့တဲ့အရာကေတာ့ ေလာင္စာဆီ (၈၀၀၀) ဂါလံသယ္ေဆာင္လာတဲ့ MT Vector ေလာင္စာဆီ သယ္ယူပို႕ေဆာင္တဲ့သေဘၤာျဖစ္ၿပီး ခါးလယ္ပိုင္းေလာက္ကို ျဖတ္တိုက္သြားခဲ့တာေၾကာင့္ အေတာ္ေတာ္ေးလကို အေျခအေနဆိုးရြားခဲ့ပါတယ္။ သေဘၤာႏွစ္စင္းတုိက္မိတဲ့အတြက္ ေလာင္စာဆီသေဘၤာေပၚမွ ဆီမ်ား ပင္လယ္ေရထဲသို႕ေမွာက္က်ကုန္ၿပီး မ်က္စိတစ္ဆံုးမွာရွိတဲ့ ေရမ်က္ႏွာျပင္ေတြဟာ ေလာင္စာဆီေတြနဲ႔ ေဝ့လ်က္ေနခဲ့ပါတယ္။


ေလာင္စာသေဘၤာမွ မီးစတင္ေလာင္ကၽြမ္းခဲ့ပါတယ္။ ေလာင္စာမ်ားဟာ မ်က္စိတစ္မွိတ္အတြင္းမွာတင္ မီးပြားေလးမွတစ္ဆင့္ မီးေတာက္အႀကီးမ်ားအျဖစ္သို႔ ကူးစက္ေလာင္ကၽြမ္းႏုိင္တဲ့အတြက္ တစ္ဖက္မွ ခရီးသည္တင္သေဘၤာသို႔ အလ်င္အျမန္ ကူးစက္ေလာင္ကၽြမ္းသြားခဲ့ပါတယ္။

ခရီးသည္တင္သေဘၤာေပၚမွ လူအခ်ိဳ႕ကေတာ့ ေျပးခ်ိန္မရလိုက္ခဲ့တဲ့အတြက္ မီးထဲမွာတင္အသက္ဆံုးရံႈးခဲ့ရပါတယ္။ ေလာင္စာဆီေတြဟာ ေပေတာ္ေတာ္မ်ားမ်ားအထိ ေရမ်က္ႏွာျပင္ေတြေပၚမွာ ေဝ့ေနတဲ့အတြက္ ေရမ်က္ႏွာျပင္ပါ မီးမ်ားေလာင္ကၽြမ္းလ်က္ရွိပါတယ္။ ဒါေၾကာင့္ ေရထဲသို႕လြတ္ရာလြတ္ေၾကာင္း ခုန္ခ်သြားတဲ့လူအမ်ားဖို႔လည္း လြတ္လမ္းဆိုတာ သိပ္မရွိခဲ့ပါဘူး။


လူအေယာက္ေပါင္း (၄၃၈၆) ေယာက္ေသဆံုးခဲ့ၿပီး ခရီးသည္သေဘၤာေပၚမွ လူ (၂၄) ဦးသာ ျပင္းထန္ဒဏ္ရာမ်ားႏ်ွင့္ အသက္ရွင္ရံုသာ ရွင္ခဲ့ၾကပါတယ္။ တရားဝင္အျဖစ္စာရင္းသြင္းကာ လိုက္ပါစီးနင္းခဲ့တဲ့ လူေပါင္း (၁၅၁၈) ေယာက္သာရွိခဲ့တဲ့အတြက္ နစ္နာေၾကးအျဖစ္ေပးရာမွာလည္း ေမွာင္ခိုစီးနင္းလိုက္ပါသူေတြကို မေပးခဲ့ဘဲ စာရင္းသြင္းထားသူေတြကိုသာ ေပးခဲ့တာပါ။

လူေတြကို ပင္လယ္ထဲအရွင္လတ္လတ္မီးေလာင္မႈေတြေၾကာင့္ ကမၻာမွာ “hell of sea” လို႔လူသိမ်ားၿပီး ပင္လယ္ထဲမီးေလာင္မႈဟာ ရက္ေပါငး္မ်ားစြာ ၾကာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

လူတော်တော်များများဟာ ကမ္ဘာ့အဆိုးရွားဆုံး သင်္ဘောနစ်မြုပ်မှုဆိုရင် တိုက်တန်းနစ်ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ သို့ပေမယ့် တကယ်တမ်း သမိုင်းတစ်လျှောက်အဆိုးရွားဆုံး သင်္ဘောပျက်မှုကိုပြပါဆိုလျှင် ဒုတိယကမ္ဘာစစ်တုန်းကဖြစ်ပွားခဲ့တဲ့ စစ်သင်္ဘောမီးလောင်ကျွမ်းမှုဖြစ်ပါတယ်။ဒုတိယအဆိုးရွားဆုံးအဖြစ် နောက်မှလိုက်နေတဲ့ သင်္ဘောနစ်မြုပ်ပျက်ဆီးမှုကတော့ MC Doña Paz လို့ခေါ်တဲ့ ဖိလစ်ပိုင်သင်္ဘောတစ်စီးပဲဖြစ်ပါတယ်။

MC Doña Paz ဟာ Leyte ကျွန်းမှ ဖိလစ်ပိုင်၊ မနီလာသို့မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်တင်၊ ခရီးသည်သင်္ဘောတစ်စီးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် လူပေါင်း (၁၅၀၀) ကျော်ကျော်လေးသာ သင်္ဘောပေါ်လိုက်ပါစီးနင်းနိုင်မှာဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် အဲဒီနေ့ဟာ ခရစ်စမတ်နား အရမ်းနီးနေတဲ့ နေ့ရက်ဖြစ်တာကြောင့် ပိတ်ရက်တွေမှာ နေရပ်သို့ပြန်မယ့်လူတွေဟာ သာမန်ထက်ကို အဆပေါင်းများစွာ ပိုများနေခဲ့ပါတယ်။

ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ၁၉၈၇ ခုနှစ်မှာ ဖိလစ်ပိုင်ရေပိုင်နက်ထဲ မီးလောင်ကျွမ်းနစ်မြုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၃၁) နှစ်ကျော်ခဲ့ပါပြီ။ ပိတ်ရက်နီးနေပြီ ဖြစ်တာကြောင့် မှောင်ခိုမှတစ်ဆင့် သတ်မှတ်ထားတဲ့ လူဦးရေထက်ကျော်လွန်ကာ ခရီးသည်တွေကို တင်ခဲ့ကြပါတယ်။

ဒီလိုခရီးသည် အပိုတင်တဲ့ကိစ္စကို အာဏာပိုင်တွေမှ အယောက် (၁,၀၀၀) လောက်သာ ပိုတင်ခဲ့တယ်လို့ပြောခဲ့ပေမယ့် သင်္ဘောနစ်မြုပ်တဲ့သတင်းကို ထုတ်ပြန်ပြီးပြီးချင်းမှာပဲ နစ်နာသူပေါင်း (၄,၀၀၀) ကျော်ရဲ့ မိသားစုတွေဟာ Sulpicio Lines ရုံးခန်းသို့လာရောက်ခဲ့ကြတာပါ။
 
ဒါကြောင့် စုစုပေါင်း အယောက် (၄၀၀၀) ကျော်၊ သတ်မှတ်ခရီးသည်ဝန်ထက် (၃) ဆပိုတင်ခဲ့တယ်လို့ အကြမ်းဖျင်းအရ ခန့်မှန်းရပါတယ်။ သင်္ဘောဟာ ဖိလစ်ပိုင်ရေပိုင်နက်ထဲ ညဖက်ပြေးဆွဲနေရင်း ည (၁၁) နာရီခွဲလောက်မှာတော့ တစ်စုံတစ်ခုနဲ့ တိုက်မိသလို သိမ့်ခနဲ့ဖြစ်သွားတာကို ခံစားခဲ့ရတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေမှ ပြောပြခဲ့ပါတယ်

MC Doña Paz နဲ့တိုက်မိခဲ့တဲ့အရာကတော့ လောင်စာဆီ (၈၀၀၀) ဂါလံသယ်ဆောင်လာတဲ့ MT Vector လောင်စာဆီ သယ်ယူပို့ဆောင်တဲ့သင်္ဘောဖြစ်ပြီး ခါးလယ်ပိုင်းလောက်ကို ဖြတ်တိုက်သွားခဲ့တာကြောင့် အတော်တော်ေးလကို အခြေအနေဆိုးရွားခဲ့ပါတယ်။ သင်္ဘောနှစ်စင်းတိုက်မိတဲ့အတွက် လောင်စာဆီသင်္ဘောပေါ်မှ ဆီများ ပင်လယ်ရေထဲသို့မှောက်ကျကုန်ပြီး မျက်စိတစ်ဆုံးမှာရှိတဲ့ ရေမျက်နှာပြင်တွေဟာ လောင်စာဆီတွေနဲ့ ဝေ့လျက်နေခဲ့ပါတယ်။

လောင်စာသင်္ဘောမှ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ လောင်စာများဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် မီးပွားလေးမှတစ်ဆင့် မီးတောက်အကြီးများအဖြစ်သို့ ကူးစက်လောင်ကျွမ်းနိုင်တဲ့အတွက် တစ်ဖက်မှ ခရီးသည်တင်သင်္ဘောသို့ အလျင်အမြန် ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။

ခရီးသည်တင်သင်္ဘောပေါ်မှ လူအချို့ကတော့ ပြေးချိန်မရလိုက်ခဲ့တဲ့အတွက် မီးထဲမှာတင်အသက်ဆုံးရှုံးခဲ့ရပါတယ်။ လောင်စာဆီတွေဟာ ပေတော်တော်များများအထိ ရေမျက်နှာပြင်တွေပေါ်မှာ ဝေ့နေတဲ့အတွက် ရေမျက်နှာပြင်ပါ မီးများလောင်ကျွမ်းလျက်ရှိပါတယ်။ ဒါကြောင့် ရေထဲသို့လွတ်ရာလွတ်ကြောင်း ခုန်ချသွားတဲ့လူအများဖို့လည်း လွတ်လမ်းဆိုတာ သိပ်မရှိခဲ့ပါဘူး။

လူအယောက်ပေါင်း (၄၃၈၆) ယောက်သေဆုံးခဲ့ပြီး ခရီးသည်သင်္ဘောပေါ်မှ လူ (၂၄) ဦးသာ ပြင်းထန်ဒဏ်ရာများနျှင့် အသက်ရှင်ရုံသာ ရှင်ခဲ့ကြပါတယ်။ တရားဝင်အဖြစ်စာရင်းသွင်းကာ လိုက်ပါစီးနင်းခဲ့တဲ့ လူပေါင်း (၁၅၁၈) ယောက်သာရှိခဲ့တဲ့အတွက် နစ်နာကြေးအဖြစ်ပေးရာမှာလည်း မှောင်ခိုစီးနင်းလိုက်ပါသူတွေကို မပေးခဲ့ဘဲ စာရင်းသွင်းထားသူတွေကိုသာ ပေးခဲ့တာပါ။

လူတွေကို ပင်လယ်ထဲအရှင်လတ်လတ်မီးလောင်မှုတွေကြောင့် ကမ္ဘာမှာ “hell of sea” လို့လူသိများပြီး ပင်လယ်ထဲမီးလောင်မှုဟာ ရက်ပေါင်းများစွာ ကြာခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top