


# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်ကြီးရေ LGBT တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးလည်းဖြစ်သလို မော်ဒယ် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ဥက္ကာမင်းမောင် တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုကြောင့်အဝေဖန်ခံနေရပါတယ် ။ ဥက္ကာတစ်ယောက် သရုပ်ဆောင်ထားတဲ့ ဝက်ဝက်ကွဲအောင်ပွင့်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ နမူနာပြကွက်တစ်ခု မှာ ဥက္ကာ ရဲ့ သရုပ်ဆောင်ချက်အပေါ် LGBT တွေက ဝေဖန်နေကြတာပါ။

ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ကားကို ၂၀၁၇ခုနှစ်အတွင်းကရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်မှာ ဥက္ကာမင်းမောင် အပြင် ရန်အောင် ၊ထွန်းလွင်အောင် ၊ ပြေတီဦး ၊ ဝတ်မှုန်ရွှေရည် စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မကြာသေးခင်က ပဲ ဥက္ကာမင်းမောင်ဟာ LGBT အခွင့်အရေးလှုပ်ရှားသူတွေရဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခံထားရသလို အနုပညာလောက မှာ LGBT တွေ ရဲ့ ကာရိုက်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ထောက်ပြပြောဆိုမှုတွေရှိခဲ့တာကြောင့် အခုထွက်ပေါ်လာခဲ့တဲ့ ကိုဥက္ကာရဲ့ သရုပ်ဆောင်မှုကို LGBTအခွင့်အရေးလှုပ်ရှားသူတွေ က ဒေါပွနေကြတဲ့ မှတ်ချက်တွေကိုလည်းတွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)