ခ်စ္ခရီးလမ္းကို အတူတူအရွည္ႀကီးေလွ်ာက္ၾကတဲ့ ခ်စ္သူႏွစ္ေယာက္က Long Distance Relationship (LDRS) (သို႔) ခဏတာ ေနရပ္ျခားေဝးကြာျခင္းကိုလည္း ၾကံဳေတြ႔ၾကရမွာပါပဲ။ တစ္ေယာက္တစ္ေနရာစီမွာ အသီးသီးရုန္းကန္ရင္း လြမ္းရင္လည္း ဖန္သားျပင္ကေနတစ္ဆင့္ပဲ အလြမ္းေျဖလို႔ရတဲ့ အေျခအေနမွာ အမွတ္တရလက္ေဆာင္ေလးေတြက အရမ္းအေရးႀကီးပါတယ္။ သူလိုအပ္တာေလး ဝယ္ေပးရင္လည္း ေပ်ာ္မွာဆိုေပမဲ့ ဒီလို စိတ္ကူးဆန္းဆန္းနဲ႔ လက္ေဆာင္ေလးေတြဆို သူလည္း အံ့ၾသၿပီး ေပ်ာ္ရ၊ ကိုယ္လည္း စိတ္ခ်မ္းေျမ့ရတာေပါ့…

ျပန္လာမယ့္ရက္ကို တြက္ေပးတဲ့ ျပကၡဒိန္

ျပန္လာမယ့္ ေန႔ရက္ေတြကို အတူေရတြက္ရတာက ဘယ္ေလာက္ၾကည္ႏူးဖို႔ ေကာင္းတယ္ဆိုတာ အထူးတလည္ေျပာျပေနဖို႔ မလိုေလာက္ေတာ့ပါဘူးေနာ္႔။ ပိုရိုခ်င္တယ္ဆိုရင္ေတာ့ ႏွစ္ေယာက္သားရဲ႕ ဓာတ္ပံုေလးေတြနဲ႔ လုပ္ေပါ့.  ဒီအတိုင္း ျပကၡဒိန္ကို ၾကည့္ၿပီး တစ္ရက္ၿပီးတစ္ရက္ကို ဆြဲၿဖဲရတာထက္ ျပန္လာဖို႔ ဘယ္ႏွစ္ရက္ပဲ လိုေတာ့တယ္ဆိုၿပီး ႏွစ္ေယာက္သားရဲ႕ ဓာတ္ပံုေလးေတြနဲ႔ ၾကည္ၾကည္ႏူးႏူးၾကည့္ၿပီး ဒိတ္ေတြကိုလွန္ရတာက ေဝးကြာေနတဲ့လူႏွစ္ေယာက္ကို တစ္သားတည္းျဖစ္ေစၿပီး ပိုေပ်ာ္ရႊင္ေစမွာပါတဲ့..

ႏႈတ္ခမ္းနီ ပန္းခ်ီ

ေဝးကြာေနတဲ့ ခ်စ္သူႏွစ္ေယာက္မွာ အဓိကက တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ အထိအေတြ႔ေတြ လံုးဝမရွိေတာ့ဘူးေလ။ ဆိုေတာ့ ကိုယ့္ရဲ႕အနမ္းေတြ၊ အခ်စ္ေတြကို သူ႔ရင္ထဲမွာ အမွတ္ရေနေစဖို႔အတြက္ ကိုယ့္ႏႈတ္ခမ္းနဲ႔ လုပ္ထားတဲ့ ဒီပန္းခ်ီကားေလးက အရမ္းအေထာက္အကူျဖစ္ေစမွာပါ။

ကိုယ့္ဓာတ္ပံုနဲ႔လုပ္ထားတဲ့ နာရီ

ဘယ္ေလာက္ပဲ လက္ကိုင္ဖုန္းေတြေပါေပါ အိမ္မွာရွိတဲ့ တိုင္ကပ္နာရီကေတာ့ မၾကည့္မျဖစ္ၾကည့္ေနရတာပါပဲ။ အဲ့ေတာ့ နာရီေလးၾကည့္တိုင္း ကိုယ့္မ်က္ႏွာ (သို႔) ႏွစ္ေယာက္ၾကားမွာရွိတဲ့ အမွတ္တရေတြကို ျပန္ၿပီးျမင္ေနေစခ်င္ရင္ေတာ့ ဒီလိုဓာတ္ပံုေလးနဲ႔လုပ္ထားတဲ့ နာရီကို လက္ေဆာင္ေပးလိုက္ပါ။

အမွတ္တရစာေလးေတြထည့္ထားတဲ့ ပုလင္း

သူနဲ႔ကိုယ္က ဘယ္အခ်ိန္ ဘယ္ေနရာမွာတုန္းက ဘယ္လိုေလးျဖစ္ခဲ့တယ္၊ ဘာေလးကေတာ့ အမွတ္တရေလး ျဖစ္ခဲ့တယ္ စသည္ျဖင့္ ကိုယ္တို႔ႏွစ္ေယာက္ၾကားက ဘယ္သူမွ မသိႏိုင္တဲ့ အမွတ္တရေလးေတြကို စာေလးနဲ႔ ခ်ေရးၿပီး ပုလင္းအလြတ္ လွလွေလးတစ္လံုးထဲ ထည့္ေပးလိုက္ပါ။ သူဝမ္းနည္းအားငယ္တဲ့အခါ ဖတ္ပါေစ…

ဓာတ္ပံုေလးေတြ ကပ္ထားတဲ့ အမွတ္တရစာအုပ္

လြမ္းတိုင္း ဖုန္းထဲကထုတ္ၾကည့္လို႔ ရတယ္ဆိုေပမဲ့ တကယ္တမ္း တခုတ္တရနဲ႔ဝင္ၾကည့္ဖို႔ ေတာ္ရံုတန္ရံု သတိမရတတ္ပါဘူး။ ဒါေၾကာင့္ သူလက္လွမ္းမီရာေနရာမွာ ထားလို႔ရမယ့္ စာအုပ္ေလးထဲမွာ အမွတ္တရဓာတ္ပံုေလးေတြကို ကပ္ေပးၿပီး ကိုယ့္ရင္ထဲက စာေလးေတြထည့္ေရးေပးလိုက္ရင္ သူ႔အတြက္လည္း အလြမ္းေျဖစရာ၊ စိတ္ေျဖစရာေနရာေလးတစ္ခု ျဖစ္ေနမွာပါ။

“အနည္းဆံုးေတာ့ ကိုယ္တို႔ႏွစ္ေယာက္က ေကာင္းကင္တစ္ခုတည္းရဲ႕ ေအာက္မွာ အတူရွိေနၾကပါေသးတယ္” (အယ္လဲ့ :P) အဲဒီလိုစိတ္ေလးေတြးထားၿပီး သူနဲ႔ေဝးေနတဲ့အခ်ိန္မွာ ကိုယ္လုပ္စရာရွိတာကိုပဲ ေကာင္းေကာင္းလုပ္ၿပီး အတူျပန္ေနႏိုင္မယ့္ ေန႔ရက္ေတြကိုပဲ ေရတြက္ရင္း သစၥာရွိရွိေစာင့္ေနလိုက္ပါ။ သံသယစိတ္မထား သံသယမ်က္စိနဲ႔မၾကည့္ဘဲ ကိုယ္တစ္ေယာက္တည္းခ်စ္တယ္လို႔ ယံုၾကည္ၿပီး ေအးေအးေဆးေဆးေနလိုက္ပါ။ ေယာင္းတို႔ ခ်စ္ခရီးလမ္းေလး ေျဖာင့္ျဖဴးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်ခရီးလမ်းကို အတူတူအရှည်ကြီးလျှောက်ကြတဲ့ ချစ်သူနှစ်ယောက်က Long Distance Relationship (LDRS) (သို့) ခဏတာ နေရပ်ခြားဝေးကွာခြင်းကိုလည်း ကြုံတွေ့ကြရမှာပါပဲ။ တစ်ယောက်တစ်နေရာစီမှာ အသီးသီးရုန်းကန်ရင်း လွမ်းရင်လည်း ဖန်သားပြင်ကနေတစ်ဆင့်ပဲ အလွမ်းဖြေလို့ရတဲ့ အခြေအနေမှာ အမှတ်တရလက်ဆောင်လေးတွေက အရမ်းအရေးကြီးပါတယ်။ သူလိုအပ်တာလေး ဝယ်ပေးရင်လည်း ပျော်မှာဆိုပေမဲ့ ဒီလို စိတ်ကူးဆန်းဆန်းနဲ့ လက်ဆောင်လေးတွေဆို သူလည်း အံ့သြပြီး ပျော်ရ၊ ကိုယ်လည်း စိတ်ချမ်းမြေ့ရတာပေါ့…

ပြန်လာမယ့်ရက်ကို တွက်ပေးတဲ့ ပြက္ခဒိန်

ပြန်လာမယ့် နေ့ရက်တွေကို အတူရေတွက်ရတာက ဘယ်လောက်ကြည်နူးဖို့ ကောင်းတယ်ဆိုတာ အထူးတလည်ပြောပြနေဖို့ မလိုလောက်တော့ပါဘူးနော့်။ ပိုရိုချင်တယ်ဆိုရင်တော့ နှစ်ယောက်သားရဲ့ ဓာတ်ပုံလေးတွေနဲ့ လုပ်ပေါ့.  ဒီအတိုင်း ပြက္ခဒိန်ကို ကြည့်ပြီး တစ်ရက်ပြီးတစ်ရက်ကို ဆွဲဖြဲရတာထက် ပြန်လာဖို့ ဘယ်နှစ်ရက်ပဲ လိုတော့တယ်ဆိုပြီး နှစ်ယောက်သားရဲ့ ဓာတ်ပုံလေးတွေနဲ့ ကြည်ကြည်နူးနူးကြည့်ပြီး ဒိတ်တွေကိုလှန်ရတာက ဝေးကွာနေတဲ့လူနှစ်ယောက်ကို တစ်သားတည်းဖြစ်စေပြီး ပိုပျော်ရွှင်စေမှာပါတဲ့..

နှုတ်ခမ်းနီ ပန်းချီ

ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်မှာ အဓိကက တစ်ယောက်နဲ့တစ်ယောက်ရဲ့ အထိအတွေ့တွေ လုံးဝမရှိတော့ဘူးလေ။ ဆိုတော့ ကိုယ့်ရဲ့အနမ်းတွေ၊ အချစ်တွေကို သူ့ရင်ထဲမှာ အမှတ်ရနေစေဖို့အတွက် ကိုယ့်နှုတ်ခမ်းနဲ့ လုပ်ထားတဲ့ ဒီပန်းချီကားလေးက အရမ်းအထောက်အကူဖြစ်စေမှာပါ။

ကိုယ့်ဓာတ်ပုံနဲ့လုပ်ထားတဲ့ နာရီ

ဘယ်လောက်ပဲ လက်ကိုင်ဖုန်းတွေပေါပေါ အိမ်မှာရှိတဲ့ တိုင်ကပ်နာရီကတော့ မကြည့်မဖြစ်ကြည့်နေရတာပါပဲ။ အဲ့တော့ နာရီလေးကြည့်တိုင်း ကိုယ့်မျက်နှာ (သို့) နှစ်ယောက်ကြားမှာရှိတဲ့ အမှတ်တရတွေကို ပြန်ပြီးမြင်နေစေချင်ရင်တော့ ဒီလိုဓာတ်ပုံလေးနဲ့လုပ်ထားတဲ့ နာရီကို လက်ဆောင်ပေးလိုက်ပါ။

အမှတ်တရစာလေးတွေထည့်ထားတဲ့ ပုလင်း

သူနဲ့ကိုယ်က ဘယ်အချိန် ဘယ်နေရာမှာတုန်းက ဘယ်လိုလေးဖြစ်ခဲ့တယ်၊ ဘာလေးကတော့ အမှတ်တရလေး ဖြစ်ခဲ့တယ် စသည်ဖြင့် ကိုယ်တို့နှစ်ယောက်ကြားက ဘယ်သူမှ မသိနိုင်တဲ့ အမှတ်တရလေးတွေကို စာလေးနဲ့ ချရေးပြီး ပုလင်းအလွတ် လှလှလေးတစ်လုံးထဲ ထည့်ပေးလိုက်ပါ။ သူဝမ်းနည်းအားငယ်တဲ့အခါ ဖတ်ပါစေ…

ဓာတ်ပုံလေးတွေ ကပ်ထားတဲ့ အမှတ်တရစာအုပ်

လွမ်းတိုင်း ဖုန်းထဲကထုတ်ကြည့်လို့ ရတယ်ဆိုပေမဲ့ တကယ်တမ်း တခုတ်တရနဲ့ဝင်ကြည့်ဖို့ တော်ရုံတန်ရုံ သတိမရတတ်ပါဘူး။ ဒါကြောင့် သူလက်လှမ်းမီရာနေရာမှာ ထားလို့ရမယ့် စာအုပ်လေးထဲမှာ အမှတ်တရဓာတ်ပုံလေးတွေကို ကပ်ပေးပြီး ကိုယ့်ရင်ထဲက စာလေးတွေထည့်ရေးပေးလိုက်ရင် သူ့အတွက်လည်း အလွမ်းဖြေစရာ၊ စိတ်ဖြေစရာနေရာလေးတစ်ခု ဖြစ်နေမှာပါ။

“အနည်းဆုံးတော့ ကိုယ်တို့နှစ်ယောက်က ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာ အတူရှိနေကြပါသေးတယ်” (အယ်လဲ့ :P) အဲဒီလိုစိတ်လေးတွေးထားပြီး သူနဲ့ဝေးနေတဲ့အချိန်မှာ ကိုယ်လုပ်စရာရှိတာကိုပဲ ကောင်းကောင်းလုပ်ပြီး အတူပြန်နေနိုင်မယ့် နေ့ရက်တွေကိုပဲ ရေတွက်ရင်း သစ္စာရှိရှိစောင့်နေလိုက်ပါ။ သံသယစိတ်မထား သံသယမျက်စိနဲ့မကြည့်ဘဲ ကိုယ်တစ်ယောက်တည်းချစ်တယ်လို့ ယုံကြည်ပြီး အေးအေးဆေးဆေးနေလိုက်ပါ။ ယောင်းတို့ ချစ်ခရီးလမ်းလေး ဖြောင့်ဖြူးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top