စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

Justin Bieber နဲ႔ Hailey Baldwin ဟာ ရက္သတၱပတ္ အနည္းငယ္သာတြဲျပီး ခ်က္ခ်င္းလက္ငင္းၾကီးကုိ ဆိုင္းမဆင့္ဗံုမပါၾကီးကုိ ယူခ်ပစ္လိုက္ၾကတာ လအနည္းငယ္သာ ရွိပါေသးတယ္။ Justin ဟာ သူအရူးအမူးခ်စ္ခဲ့ရတဲ့ သူ႔ဘဝရဲ႕အခ်စ္ဆံုးဆိုတဲ့ Selena Gomez နဲ႔ ျပီးခဲ့တဲ့ March လကမွျပတ္စဲျပီး နွစ္လမျပည့္ေသးခင္ Hailey နဲ႔ ျပန္တြဲကာ လက္ထပ္ပါမယ္ျဖစ္ခဲ့တာကုိး။ 2018 နွစ္စပုိင္း အခုအခ်ိန္ဟာ Justin နဲ႔ Selena တို႔ ျပန္ေပါင္းထုပ္ျပီး မိုးမျမင္ေလမျမင္ ေပ်ာ္ရႊင္ေနၾကတဲ့အခ်ိန္ပါ။ ဒီေတာ့.. ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ Justin ဟာ သူ႔ဘဝသက္တမ္းရဲ႕တစ္ဝက္နီးပါး ဆယ္နွစ္တာကာလတိုင္ ခ်စ္ခဲ့ျပီးအတူတူရွိခဲ့တဲ့ Selena ကုိဘယ္လိုမွေမ့ေပ်ာက္ဖို႔ဆိုတာ မျဖစ္နိုင္ဘူးလို႔ထင္ေၾကးေပးေနၾကဆဲပါ။

ပရိသတ္ေတြရဲ႕အထင္ေတြ မွန္ကန္ခဲ့တယ္ပဲေျပာရမလားမသိပါဘူး။ ျပည့္သူ႔အခ်စ္ေတာ္ေလး Selena Gomez ဟာ Justin တို႔ လက္ထပ္တဲ့သတင္းၾကားျပီး စိတ္ဒဏ္ရာေတြနာက်င္မႈေတြနဲ႔ ဘယ္လိုမွမဟန္နိုင္ေတာ့ပဲေဆးရံုတက္လုိက္ရခ်ိန္မွာ Justin က သူ႔ရဲ႕အသစ္စက္စက္ဇနီးေလးကုိ ေဘးမွာထားျပီး စိုးရိမ္ပူပန္စြာငိုေၾကြးခဲ့တဲ့ ဓာတ္ပံုေတြေပၚထြက္လာပါေသးတယ္။ ေနာက္ပုိင္းမွာ Justin ကလည္း သူ႔အိမ္ေထာင္နဲ႔သူ ေပ်ာ္ေနပံုရျပီး Selena ကလည္း ေဆးရံုကဆင္းကာ သူငယ္ခ်င္းေတြ မိသားစုေတ ြသုိက္သုိက္ဝန္းဝန္းနဲ႔ စိတ္ေရာလူပါ ေနျပန္ေကာင္းေအာင္ကုစားေနခဲ့တာပါ။

ဒါေပမယ့္ ထံုးစံအတိုင္းပဲ Selena နဲ႔ တစ္နွစ္ျပည့္ေအာင္ေဝးျပီးမေနနုိင္တဲ့ Justin Bieber က Selena ေဆးရံုကဆင္းျပီး သက္သာလာတဲ့ သတင္းၾကားတာနဲ႔ တစ္ဖန္ Selena ကုိအသည္းအသန္ ဆက္သြယ္ေနတယ္ဆိုတဲ့ သတင္းေတြထြက္လာျပန္ပါတယ္။ Justin နဲ႔ ရင္းနွီးသူေတြက Media ေတြကုိေျပာတဲ့စကားအရ Justin က Selena ကုိ သူငယ္ခ်င္းေတြ မိသားစုေတြဆီကေနတစ္ဆင့္ ဆက္သြယ္ေနခဲ့ျပီး Selena ဘက္ကေတာ့ ဘာမွတုံ႔ျပန္ျခင္းမရွိေသးပါဘူးတဲ့။

ကုိယ္လက္ထပ္ထားတာ တစ္နွစ္မျပည့္ေသးတဲ့ ပူပူေႏြးေႏြးခင္ပြန္းက ကုိယ့္ေနာက္ကြယ္မွာ သူနွစ္ရွည္လမ်ားခ်စ္ခဲ့တဲ့ ရည္းစားေဟာင္းကုိ အသည္းအသန္ျပန္ဆက္သြယ္ေနတယ္ဆိုတာက ေတာ္ေတာ္နာက်င္စရာ ေကာင္းမယ့္ျဖစ္ရပ္ပါပဲ။ Hailey Baldwin က မၾကာခင္က သူ႕ရဲ႕ Instagram မွာ လူေတြအျမင္မွာ သူ႔ဘဝက မင္းသမီးေလးလိုေပ်ာ္ရႊင္စရာေကာင္းေနေပမယ့္တကယ္တမ္းေတာ့ အတြင္းထဲမွာ နာက်င္ေနရတယ္၊ စိတ္မလံုမျခံဳျဖစ္ေနရတယ္၊ တစ္စံုတစ္ေယာက္နဲ႔ ကုိယ့္ကုိယ္ကုိ္ အျမဲတမ္းနိႈင္းယွဥ္မိေနတယ္၊ ေၾကာက္ရြံ႕ေနရတယ္၊ သံသယေတြပြားေနရတယ္၊ ကုိယ့္ကုိယ္ကုိ္ယ္ယံုၾကည္မႈမရွိတဲ့ ရက္ေတြမ်ားလာတယ္လို႔ တင္ထားခဲ့ပါတယ္။

ဒါ့အျပင္ Hailey က ဒီနွစ္ကေနစျပီး ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိေအာင္ေနသြားေတာ့မွာမို႔ မိန္းကေလးအခ်င္းခ်င္းရိုင္းပင္းကူညီျပီး တစ္ေယာက္နဲ႔တစ္ေယာက္ေဖးမေပးၾကဖို႔လည္း ပရိသတ္ေတြကုိ တုိက္တြန္းထားခဲ့ပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္ထပ္ျပီးခါစ မိန္းကေလးတစ္ေယာက္ရဲ႕ဘဝမွာ ဒီေလာက္နာက်င္စရာေတြ၊စိတ္မလံုျခံဳမႈေတြနဲ႔ သံသယေတြရစ္ပတ္လံုးေထြးေနရတာ Justin Bieber ေၾကာင့္ပဲလို႔ တစ္ထစ္ခ်စြပ္စြဲေနၾကေလရဲ႕။ ဒီၾကားထဲမွာ Justin က အရင္အၾကိမ္ေတြတုန္းကလိုပဲ Selena နဲ႔ တကယ္ၾကီးေဝးသြားျပီးတဲ့ ေနာက္ပိုင္းမွာ Selena ကုိ အသည္းအသန္ျပန္ဆက္သြယ္ေနတယ္ ဆုိတဲ့ သတင္းေတြထြက္လာျပန္ေတာ့ Hailey ဒီလို စိတ္မလံုျခံဳျဖစ္ေနရတာေတြက Justin ေၾကာင့္ပဲလို႔ ပုိျပီးေတာ့ ယူဆစရာျဖစ္လာခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Justin က Selena ကုိျပန္ဆက္သြယ္ဖုိ႔ၾကိဳးစားေနတယ္ဆိုတဲ့ ေကာလဟလက အမွန္ပဲလို႔ထင္ၾကလား။ “ကြ်န္ေတာ္သူ႔ကုိအျမဲတမ္းဂရုစုိက္ေနမွာပါ အျမဲတမ္းခ်စ္ေနမွာပါ”လို႔ Interview ေတြမွာေျဖဖူးတဲ့စကားအတုိင္းပဲ Justin က Selena ကုိ အခုထိ ဂရုစုိက္ေနဆဲပဲလား။ Selena ကေရာ အရင္အခ်ိန္ေတြလိုပဲ Justin ကုိ ျပန္လက္ခံဦးမွာလား…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

Justin Bieber နဲ့ Hailey Baldwin ဟာ ရက်သတ္တပတ် အနည်းငယ်သာတွဲပြီး ချက်ချင်းလက်ငင်းကြီးကို ဆိုင်းမဆင့်ဗုံမပါကြီးကို ယူချပစ်လိုက်ကြတာ လအနည်းငယ်သာ ရှိပါသေးတယ်။ Justin ဟာ သူအရူးအမူးချစ်ခဲ့ရတဲ့ သူ့ဘဝရဲ့အချစ်ဆုံးဆိုတဲ့ Selena Gomez နဲ့ ပြီးခဲ့တဲ့ March လကမှပြတ်စဲပြီး နှစ်လမပြည့်သေးခင် Hailey နဲ့ ပြန်တွဲကာ လက်ထပ်ပါမယ်ဖြစ်ခဲ့တာကိုး။ 2018 နှစ်စပိုင်း အခုအချိန်ဟာ Justin နဲ့ Selena တို့ ပြန်ပေါင်းထုပ်ပြီး မိုးမမြင်လေမမြင် ပျော်ရွှင်နေကြတဲ့အချိန်ပါ။ ဒီတော့.. ပရိသတ်တော်တော်များများကတော့ Justin ဟာ သူ့ဘဝသက်တမ်းရဲ့တစ်ဝက်နီးပါး ဆယ်နှစ်တာကာလတိုင် ချစ်ခဲ့ပြီးအတူတူရှိခဲ့တဲ့ Selena ကိုဘယ်လိုမှမေ့ပျောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ကြေးပေးနေကြဆဲပါ။

ပရိသတ်တွေရဲ့အထင်တွေ မှန်ကန်ခဲ့တယ်ပဲပြောရမလားမသိပါဘူး။ ပြည့်သူ့အချစ်တော်လေး Selena Gomez ဟာ Justin တို့ လက်ထပ်တဲ့သတင်းကြားပြီး စိတ်ဒဏ်ရာတွေနာကျင်မှုတွေနဲ့ဘယ်လိုမှမဟန်နိုင်တော့ပဲဆေးရုံတက်လိုက်ရချိန်မှာ Justin က သူ့ရဲ့အသစ်စက်စက်ဇနီးလေးကို ဘေးမှာထားပြီး စိုးရိမ်ပူပန်စွာငိုကြွေးခဲ့တဲ့ ဓာတ်ပုံတွေပေါ်ထွက်လာပါသေးတယ်။ နောက်ပိုင်းမှာ Justin ကလည်း သူ့အိမ်ထောင်နဲ့သူ ပျော်နေပုံရပြီး Selena ကလည်း ဆေးရုံကဆင်းကာ သူငယ်ချင်းတွေ မိသားစုတေ ွသိုက်သိုက်ဝန်းဝန်းနဲ့ စိတ်ရောလူပါ နေပြန်ကောင်းအောင်ကုစားနေခဲ့တာပါ။

ဒါပေမယ့် ထုံးစံအတိုင်းပဲ Selena နဲ့ တစ်နှစ်ပြည့်အောင်ဝေးပြီးမနေနိုင်တဲ့ Justin Bieber က Selena ဆေးရုံကဆင်းပြီး သက်သာလာတဲ့ သတင်းကြားတာနဲ့ တစ်ဖန် Selena ကိုအသည်းအသန် ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြန်ပါတယ်။ Justin နဲ့ ရင်းနှီးသူတွေက Media တွေကိုပြောတဲ့စကားအရ Justin က Selena ကို သူငယ်ချင်းတွေ မိသားစုတွေဆီကနေတစ်ဆင့် ဆက်သွယ်နေခဲ့ပြီး Selena ဘက်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူးတဲ့။

ကိုယ်လက်ထပ်ထားတာ တစ်နှစ်မပြည့်သေးတဲ့ ပူပူနွေးနွေးခင်ပွန်းက ကိုယ့်နောက်ကွယ်မှာ သူနှစ်ရှည်လများချစ်ခဲ့တဲ့ ရည်းစားဟောင်းကို အသည်းအသန်ပြန်ဆက်သွယ်နေတယ်ဆိုတာက တော်တော်နာကျင်စရာ ကောင်းမယ့်ဖြစ်ရပ်ပါပဲ။ Hailey Baldwin က မကြာခင်က သူ့ရဲ့ Instagram မှာ လူတွေအမြင်မှာ သူ့ဘဝက မင်းသမီးလေးလိုပျော်ရွှင်စရာကောင်းနေပေမယ့်တကယ်တမ်းတော့ အတွင်းထဲမှာ နာကျင်နေရတယ်၊ စိတ်မလုံမခြုံဖြစ်နေရတယ်၊ တစ်စုံတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်းနှိုင်းယှဉ်မိနေတယ်၊ ကြောက်ရွံ့နေရတယ်၊ သံသယတွေပွားနေရတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ ရက်တွေများလာတယ်လို့ တင်ထားခဲ့ပါတယ်။

ဒါ့အပြင် Hailey က ဒီနှစ်ကနေစပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိအောင်နေသွားတော့မှာမို့ မိန်းကလေးအချင်းချင်းရိုင်းပင်းကူညီပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမပေးကြဖို့လည်း ပရိသတ်တွေကို တိုက်တွန်းထားခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ လက်ထပ်ပြီးခါစ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ဒီလောက်နာကျင်စရာတွေ၊စိတ်မလုံခြုံမှုတွေနဲ့ သံသယတွေရစ်ပတ်လုံးထွေးနေရတာ Justin Bieber ကြောင့်ပဲလို့တစ်ထစ်ချစွပ်စွဲနေကြလေရဲ့။ဒီကြားထဲမှာ Justin က အရင်အကြိမ်တွေတုန်းကလိုပဲ Selena နဲ့ တကယ်ကြီးဝေးသွားပြီးတဲ့ နောက်ပိုင်းမှာ Selena ကို အသည်းအသန်ပြန်ဆက်သွယ်နေတယ် ဆိုတဲ့ သတင်းတွေထွက်လာပြန်တော့ Hailey ဒီလို စိတ်မလုံခြုံဖြစ်နေရတာတွေက Justin ကြောင့်ပဲလို့ ပိုပြီးတော့ ယူဆစရာဖြစ်လာခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin က Selena ကိုပြန်ဆက်သွယ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ကောလဟလက အမှန်ပဲလို့ထင်ကြလား။ “ကျွန်တော်သူ့ကိုအမြဲတမ်းဂရုစိုက်နေမှာပါ အမြဲတမ်းချစ်နေမှာပါ”လို့ Interview တွေမှာဖြေဖူးတဲ့စကားအတိုင်းပဲ Justin က Selena ကို အခုထိ ဂရုစိုက်နေဆဲပဲလား။ Selena ကရော အရင်အချိန်တွေလိုပဲ Justin ကို ပြန်လက်ခံဦးမှာလား…။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top