စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×



(၁) မုန့်လာဥနီဖျော်ရည်






(၄) ဂျင်းဖျော်ရည်


(၅) ပူစီနံဖျော်ရည်


ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

အသားအရေကြည်ပြီး သန့်နေစေဖို့ အပြင်ပိုင်း မျက်နှာ အသားအရေ ကိုလည်း skincare လုပ်ဖို့လိုသလို အတွင်းပိုင်း အစားအသောက်ကိုလည်းပြောင်းပစ်ဖို့လိုပါတယ်။ ဒါကြောင့် သောက်ပေးသင့်တဲ့ သဘာဝအသီးဖျော်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မုန့်လာဥနီဖျော်ရည်

မုန့်လာဥနီကတော့ အစိမ်းစားရင်လည်း အသားအရေအတွက် ထိရောင်မှုရှိသလို ဖျော်ရည် ဖျော်သောက်ရင်လည်း အကျိုးရှိစေပါတယ်။ မုန့်လာဥနီမှာ ဗီတာမင် အေပါတာကြောင့် ဝက်ခြံ ၊ အရေးအကြောင်း ၊ အသားအရေမညီတာတွေကို သက်သာစေနိုင်ပါတယ်။ ဒီဖျော်ရည်မှာ အမျှင်ဓာတ်ပါတာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။

(၂) ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးကတော့ အသားအရေကို စိုပြေစေနိုင်တဲ့ အကောင်းဆုံး အသီးပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်က ဝက်ခြံတွေ ၊ အသားအရေမညီတာတွေ ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၃) ပန်းပွင့်စိမ်းဖျော်ရည်

ပန်းပွင့်စိမ်းမှာ ဗီတာမင်စီကြွယ်ဝစွာပါလို့ အသားအရေအတွက် ကောင်းစေပါတယ်။ အသားအရေကို ကောင်းမွန်စေလာနိုင်တဲ့ ဓာတ်ပါတယ်။

(၄) ဂျင်းဖျော်ရည်

ဂျင်းကတော့ ဟင်းချက်ရတဲ့အခါမှာလည်း ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ပါပါတယ်။ ဂျင်းက အသားအရေတွေအတွက်လည်း ကောင်းစေပါတယ်။ အနံ့ကတော့ ပြင်းပေ့မယ့် ဂျင်းက အာနိသင်ရှိပါတယ်။ အရေပြားဆဲလ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို လျော့ချပေးပါတယ်။

(၅) ပူစီနံဖျော်ရည်

ပူစီနံ ရဲ့အနံ့က သင့်ကို တက်ကြွစေပါတယ်။ အရသာကောင်းရုံတင်မက အသားအရေကိုပါ ပြုပြင်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး salicylic acid ပါတာကြောင့် ဝက်ခြံတွေကို ကာကွယ်ပေးပါတယ်။ ဗီတာမင် အေ ပါတာကြောင့် အဆီပြန်တာတွေကို ထိန်းပေးနိုင်တယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top