မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕၊ ကြင္းရပ္ ေက်ာက္မီးေသြး႐ုံ လမ္းရွိ GALAXY Spa ႏွင့္ ဆံသဆိုင္ ပိုင္ရွင္ဆိုသူက ၎ဆိုင္မွ အလုပ္သမားကို လိင္တူခ်င္း အလိုမတူ အဓမၼ ျပဳက်င့္သည္ဟု ဇန္နဝါရီ ၇ ရက္က ရဲစခန္းသို႔ တိုင္ၾကားလာသျဖင့္ ဖမ္းဆီး စစ္ေဆးလ်က္ ရွိေၾကာင္း မုပြန္ နယ္ေျမ စခန္းမႉး ဒုရဲမႉးသန႔္ဇင္က ဧရာဝတီသို႔ ရွင္းျပသည္။

ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသႀကီး၊ ဇလြန္ၿမိဳ႕နယ္ေန အသက္ ၃၀ ႏွစ္အ႐ြယ္ရွိ တရားလိုျဖစ္သူမွာ Glaxy Spa ဆိုင္ပိုင္ရွင္ ေအာင္ၿဖိဳးပိုင္ (ခ) ပိုင္ပိုင္ (ခ) ဥကၠာၿငိမ္းခ်မ္းႏွင့္ လူမႈကြန္ရက္မွ တဆင့္ အဆက္အသြယ္ရရွိခဲ့ကာ ေမာ္လၿမိဳင္ရွိ ၎အလုပ္လုပ္ရမည့္ Glaxy Spa ဆိုင္သို႔ ဒီဇင္ဘာ ၂၀ ရက္ေန႔က ေရာက္ရွိခဲ့သည္။

ထို႔သို႔ ေရာက္ရွိၿပီးေနာက္ ဒီဇင္ဘာ ၂၁ ရက္ နံနက္ ၁ နာရီတြင္ ဆိုင္ပိုင္ရွင္မွ အလိုမတူ အဓမၼျပဳက်င့္မႈ တႀကိမ္၊ ဒီဇင္ဘာ ၂၆ ရက္ နံနက္ ၁ နာရီတြင္ ဒုတိယ အႀကိမ္ အဓမၼ ျပဳက်င့္ခဲ့သည္ဟု တရားလို က ဆိုသည္။ထို႔ျပင္ ဇန္နဝါရီ ၄ ရက္ကလည္း ဆိုင္ရွိ အလုပ္သမားတဦးထြက္ေျပးသည့္ကိစၥႏွင့္ ပတ္သက္၍ တရားလိုကို ထိုးႀကိတ္ခဲ့သျဖင့္ ၎ေနထိုင္ရာ ဇလြန္ၿမိဳ႕နယ္ရွိ တ႐ြာတည္းေန အသိအမ်ိဳးသမီးကို အကူအညီေတာင္းခဲ့သည္ဟု သိရသည္။

အဆိုပါ အမ်ိဳးသမီးက ကာယကံရွင္ မိသားစုအား အသိေပးသျဖင့္ ၎တို႔က ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေနထိုင္သည့္ ဇလြန္ၿမိဳ႕နယ္ ေဒသခံတဦးထံ ထပ္မံ အကူအညီေတာင္းခံခဲ့ေၾကာင္း အမႈဖြင့္ တိုင္ၾကားသူ၏ မိသားစုဝင္မ်ားက ဆိုသည္။ထို႔ေနာက္ဇန္နဝါရီ ၅ ရက္တြင္ တရားလိုကို ေလွကားေပၚမွျပဳတ္က်သျဖင့္ဟုဆိုကာ ေမာ္လၿမိဳင္ ျပည္သူ႔ ေဆး႐ုံႀကီးသို႔ တင္ပို႔ထားခဲ့ၿပီးေနာက္ဇန္နဝါရီ ၇ ရက္၌ မိသားစုဝင္မ်ားက တရားလိုကို ေဆး႐ုံမွ ေခၚ၍ ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

ရဲတပ္ဖြဲ႕က ယင္း ဆံသဆိုင္ရွင္ကို ရာဇသတ္ႀကီး ဥပေဒမွ ဓမၼတာႏွင့္ ဆန႔္က်င္ေသာ ျပစ္မႈ ပုဒ္မ ၃၇၇ ႏွင့္ မိမိ အလိုအေလ်ာက္ နာက်င္ေစမႈအတြက္ ျပစ္ဒဏ္ ၃၂၃ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း မုပြန္ နယ္ေျမ ရဲစခန္းထံက သိရသည္။မြန္ျပည္နယ္ လႊတ္ေတာ္ ဒု ဥကၠ႒ ေဒါက္တာ ေအာင္ႏိုင္ဦးက GALAXY Spa ႏွင့္ ဆံသဆိုင္တို႔၌ တပ္ဆင္ထားေသာ CCTV မွတ္တမ္းကို သိမ္းဆည္းရန္ အတြက္ မုပြန္နယ္ေျမ ရဲစခန္းမွ စခန္းမႉးကို အေၾကာင္းၾကားထားေၾကာင္း သိရသည္။

ပုဒ္မ ၃၇၇ သည္ ျပစ္မႈ ထင္ရွားေၾကာင္း စီရင္ခံရလွ်င္ တသက္တကြၽန္းဒဏ္ ျဖစ္ေစ၊ ၁၀ ႏွစ္ထိ ေထာင္ဒဏ္ တမ်ိဳးမ်ိဳး ျဖစ္ေစ ခ်မွတ္ရမည့္ အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပ႒ာန္းထားၿပီး ပုဒ္မ ၃၂၃ သည္ ျပစ္မႈထင္ရွားေၾကာင္း စီရင္ခံရလွ်င္ ၁ ႏွစ္ထိ ေထာင္ဒဏ္ တမ်ိဳးမ်ိဳး ျဖစ္ေစ၊ ၁ သိန္း ဒဏ္ေငြ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္း ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကွင်းရပ် ကျောက်မီးသွေးရုံ လမ်းရှိ GALAXY Spa နှင့် ဆံသဆိုင် ပိုင်ရှင်ဆိုသူက ၎င်းဆိုင်မှ အလုပ်သမားကို လိင်တူချင်း အလိုမတူ အဓမ္မ ပြုကျင့်သည်ဟု ဇန်နဝါရီ ၇ ရက်က ရဲစခန်းသို့ တိုင်ကြားလာသဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း မုပွန် နယ်မြေ စခန်းမှူး ဒုရဲမှူးသန့်ဇင်က ဧရာဝတီသို့ ရှင်းပြသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်နေ အသက် ၃၀ နှစ်အရွယ်ရှိ တရားလိုဖြစ်သူမှာ Glaxy Spa ဆိုင်ပိုင်ရှင် အောင်ဖြိုးပိုင် (ခ) ပိုင်ပိုင် (ခ) ဥက္ကာငြိမ်းချမ်းနှင့် လူမှုကွန်ရက်မှ တဆင့် အဆက်အသွယ်ရရှိခဲ့ကာ မော်လမြိုင်ရှိ ၎င်းအလုပ်လုပ်ရမည့် Glaxy Spa ဆိုင်သို့ ဒီဇင်ဘာ ၂၀ ရက်နေ့က ရောက်ရှိခဲ့သည်။

ထို့သို့ ရောက်ရှိပြီးနောက် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁ နာရီတွင် ဆိုင်ပိုင်ရှင်မှ အလိုမတူ အဓမ္မပြုကျင့်မှု တကြိမ်၊ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီတွင် ဒုတိယ အကြိမ် အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို က ဆိုသည်။ထို့ပြင် ဇန်နဝါရီ ၄ ရက်ကလည်း ဆိုင်ရှိ အလုပ်သမားတဦးထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ တရားလိုကို ထိုးကြိတ်ခဲ့သဖြင့် ၎င်းနေထိုင်ရာ ဇလွန်မြို့နယ်ရှိ တရွာတည်းနေ အသိ အမျိုးသမီးကို အကူအညီတောင်းခဲ့သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးက ကာယကံရှင် မိသားစုအား အသိပေးသဖြင့် ၎င်းတို့က မော်လမြိုင်မြို့တွင် နေထိုင်သည့် ဇလွန်မြို့နယ် ဒေသခံတဦးထံ ထပ်မံ အကူအညီတောင်းခံခဲ့ကြောင်း အမှုဖွင့် တိုင်ကြားသူ၏ မိသားစုဝင်များက ဆိုသည်။ထို့နောက်ဇန်နဝါရီ ၅ ရက်တွင် တရားလိုကို လှေကားပေါ်မှပြုတ်ကျသဖြင့်ဟုဆိုကာ မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ထားခဲ့ပြီးနောက်ဇန်နဝါရီ ၇ ရက်၌ မိသားစုဝင်များက တရားလိုကို ဆေးရုံမှ ခေါ်၍ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ယင်း ဆံသဆိုင်ရှင်ကို ရာဇသတ်ကြီး ဥပဒေမှ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှု ပုဒ်မ ၃၇၇ နှင့် မိမိ အလိုအလျောက် နာကျင်စေမှုအတွက် ပြစ်ဒဏ် ၃၂၃ တို့ဖြင့် အမှုဖွင့်ထားကြောင်း မုပွန် နယ်မြေ ရဲစခန်းထံက သိရသည်။မွန်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက GALAXY Spa နှင့် ဆံသဆိုင်တို့၌ တပ်ဆင်ထားသော CCTV မှတ်တမ်းကို သိမ်းဆည်းရန် အတွက် မုပွန်နယ်မြေ ရဲစခန်းမှ စခန်းမှူးကို အကြောင်းကြားထားကြောင်း သိရသည်။

ပုဒ်မ ၃၇၇ သည် ပြစ်မှု ထင်ရှားကြောင်း စီရင်ခံရလျှင် တသက်တကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၂၃ သည် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရလျှင် ၁ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ၁ သိန်း ဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top