လူေရွ႕ ထုတ္မေျပာဖို႔ ပိုက္ဆံေပး ပိတ္ပင္ခဲ့တယ္ဆိုတဲ့အေပၚ ေရာ္နယ္ဒိုက မျငင္းထားေပမယ့္လည္း ဒီအေၾကာင္းအရာက ကာမအတင္းရယူခဲ့တယ္လို႔ မဆိုႏိုင္ဘူးလို႔ ေရာ္နယ္ဒိုေရွ႕ေနက ေလွ်ာက္လဲထား ပါတယ္။လတ္စ္ဗီးဂတ္က ရဲေတြက ေရာ္နယ္ဒိုထံက DNA ေတာင္းထားၿပီး အေၾကာင္းကေတာ့ ကာမအတင္းရယူမႈနဲ႔ ပတ္သက္ၿပီး ေရာ္ႏုယ္ဒိုကို စစ္ေဆးဖို႔ အတြက္ပါ။

ဒီအေၾကာင္းအရာေပၚမွာေတာ့ ေရာ္နယ္ဒိုရဲ႕ ေရွ႕ေနက -“ ဒီေတာင္းဆိုမႈက တစ္ကယ္ကို စံျပဳထိုက္ပါတယ္။” လို႔ သုံးသပ္ခဲ့ပါတယ္။လက္ရွိ ေရာ္နယ္ဒိုအတြက္ ဝါရမ္းကေတာ့ အီတလီ တရား႐ုံးကို ေရာက္ရွိေနၿပီ ျဖစ္တယ္လို႔ The Wall Street ဂ်ာနယ္က ဆိုထားပါေသးတယ္။

၂၀၀၉ ခုႏွစ္က လတ္စ္ဗီးဂတ္မွာ ကတ္သရင္းကို ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့တယ္ဆိုတဲ့ အေပၚမွာေတာ့ ေရာ္နယ္ဒိုက ျငင္းပယ္ထားပါတယ္။

ဒီအေၾကာင္းအရာေပၚမွာေတာ့ ေရာ္နယ္ဒိုရဲ႕ ေရွ႕ေန ခရစၥတန္ဆန္က - “ မစၥတာေရာ္နယ္ဒိုက အၿမဲတမ္း ထိန္းထိန္းသိမ္းသိမ္းရွိပါတယ္။၂၀၀၉ တုန္းက လတ္စ္ဗီးဂတ္မွာ ျဖစ္ခဲ့စဥ္ကလည္း သာမန္ပါပဲ။ဒါက DNA ေတြ စစ္ရေလာက္ေအာင္လည္း မထူးဆန္းသလို ေရးႀကီးခြင္က်ယ္ ေတာင္းဆိုမႈေတြလည္း လုပ္စရာ မလိုပါဘူး။” လို႔ သူ႔ရဲ႕ေဖာ္ျပခ်က္မွာ ေဖာ္ျပလာပါတယ္။


အျခားတစ္ဖက္မွာေတာ့ ဂ်ာမန္သတင္းဌာနတစ္ခုရဲ႕ ေဖာ္ျပခ်က္ရွိၿပီး ၂၀၁၀ ခုႏွစ္မွာ ေရာ္နယ္ဒိုက ဒီအေၾကာင္း အရာကို အမ်ားျပည္သူေရွ႕ ထုတ္မေျပာဖို႔အတြက္ ကတ္သရင္းကို ေပါင္ ၂၈၈၀၀၀ ေပးၿပီး ႏႈတ္ပိတ္ခဲ့တယ္လို႔ လည္း ဆိုထားပါတယ္။ဒါေၾကာင့္ ကတ္သရင္းရဲ႕ ေရွ႕ေနကလည္း အဲ့တုန္းက ေရာ္နယ္ဒိုေပးခဲ့တဲ့ သေဘာတူညီခ်က္ကို သက္ေသျပဖို႔ အတြက္ ျပန္လည္ရွာေဖြမႈေတြ လုပ္ေနပါတယ္။

ေရာ္နယ္ဒိုရဲ႕ ေရွ႕ေန႔က အေစာပိုင္းမွာ ေျပာထားတုန္းက ေရာ္နယ္ဒိုအေနနဲ႔ သေဘာတူညီခ်က္ ျပဳခဲ့တာကို မျငင္းဆိုေၾကာင္းနဲ႔ ဒါေပမယ့္ သေဘာတူညီခ်က္က အျပစ္ရွိေလာက္တယ္ဆိုတဲ့ ေျဖာင့္ခ်က္ကို မဆိုလိုႏိုင္ဘူး လို႔လည္း ဆိုထားပါေသးတယ္။ေရာ္နယ္ဒိုအေနနဲ႔ လက္ရွိမွာ ခ်စ္သူ ႐ိုဒ႐ီုဂြဒ္နဲ႔ အတူေနထိုင္လ်က္ရွိေနၿပီး သားသမီး ၄ ဦးလည္း တရားဝင္ ပိုင္ဆိုင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

လူရှေ့ ထုတ်မပြောဖို့ ပိုက်ဆံပေး ပိတ်ပင်ခဲ့တယ်ဆိုတဲ့အပေါ် ရော်နယ်ဒိုက မငြင်းထားပေမယ့်လည်း ဒီအကြောင်းအရာက ကာမအတင်းရယူခဲ့တယ်လို့ မဆိုနိုင်ဘူးလို့ ရော်နယ်ဒိုရှေ့နေက လျှောက်လဲထား ပါတယ်။လတ်စ်ဗီးဂတ်က ရဲတွေက ရော်နယ်ဒိုထံက DNA တောင်းထားပြီး အကြောင်းကတော့ ကာမအတင်းရယူမှုနဲ့ ပတ်သက်ပြီး ရော်နုယ်ဒိုကို စစ်ဆေးဖို့ အတွက်ပါ။

ဒီအကြောင်းအရာပေါ်မှာတော့ ရော်နယ်ဒိုရဲ့ ရှေ့နေက -“ ဒီတောင်းဆိုမှုက တစ်ကယ်ကို စံပြုထိုက်ပါတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။လက်ရှိ ရော်နယ်ဒိုအတွက် ဝါရမ်းကတော့ အီတလီ တရားရုံးကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ The Wall Street ဂျာနယ်က ဆိုထားပါသေးတယ်။

၂၀၀၉ ခုနှစ်က လတ်စ်ဗီးဂတ်မှာ ကတ်သရင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပေါ်မှာတော့ ရော်နယ်ဒိုက ငြင်းပယ်ထားပါတယ်။

ဒီအကြောင်းအရာပေါ်မှာတော့ ရော်နယ်ဒိုရဲ့ ရှေ့နေ ခရစ္စတန်ဆန်က - “ မစ္စတာရော်နယ်ဒိုက အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းရှိပါတယ်။၂၀၀၉ တုန်းက လတ်စ်ဗီးဂတ်မှာ ဖြစ်ခဲ့စဉ်ကလည်း သာမန်ပါပဲ။ဒါက DNA တွေ စစ်ရလောက်အောင်လည်း မထူးဆန်းသလို ရေးကြီးခွင်ကျယ် တောင်းဆိုမှုတွေလည်း လုပ်စရာ မလိုပါဘူး။” လို့ သူ့ရဲ့ဖော်ပြချက်မှာ ဖော်ပြလာပါတယ်။

အခြားတစ်ဖက်မှာတော့ ဂျာမန်သတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်ရှိပြီး ၂၀၁၀ ခုနှစ်မှာ ရော်နယ်ဒိုက ဒီအကြောင်း အရာကို အများပြည်သူရှေ့ ထုတ်မပြောဖို့အတွက် ကတ်သရင်းကို ပေါင် ၂၈၈၀၀၀ ပေးပြီး နှုတ်ပိတ်ခဲ့တယ်လို့ လည်း ဆိုထားပါတယ်။ဒါကြောင့် ကတ်သရင်းရဲ့ ရှေ့နေကလည်း အဲ့တုန်းက ရော်နယ်ဒိုပေးခဲ့တဲ့ သဘောတူညီချက်ကို သက်သေပြဖို့ အတွက် ပြန်လည်ရှာဖွေမှုတွေ လုပ်နေပါတယ်။

ရော်နယ်ဒိုရဲ့ ရှေ့နေ့က အစောပိုင်းမှာ ပြောထားတုန်းက ရော်နယ်ဒိုအနေနဲ့ သဘောတူညီချက် ပြုခဲ့တာကို မငြင်းဆိုကြောင်းနဲ့ ဒါပေမယ့် သဘောတူညီချက်က အပြစ်ရှိလောက်တယ်ဆိုတဲ့ ဖြောင့်ချက်ကို မဆိုလိုနိုင်ဘူး လို့လည်း ဆိုထားပါသေးတယ်။

ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ ချစ်သူ ရိုဒရီုဂွဒ်နဲ့ အတူနေထိုင်လျက်ရှိနေပြီး သားသမီး ၄ ဦးလည်း တရားဝင် ပိုင်ဆိုင်ထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top