သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

ၾသစေတးလ်က Delivery သမားတစ္ဦးဟာ ကာစတမ္မာေတြဆီ ပုိ႔ရမယ့္ စားေသာက္ဖြယ္ရာေတြကို လူလစ္တဲ့ ေနရာတစ္ခုမွာ ပလုပ္ပေလာင္းနဲ႔ စားေသာက္ခဲ့တဲ့ ဗြီဒီယုိမွတ္တမ္း ထြက္ရွိလာခဲ့ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ အစားအေသာက္ ပုိ႔ေဆာင္ေရး ကုမၸဏီအတြက္ အရွက္ရစရာ ျဖစ္ခဲ့ပါတယ္။

ကုမၸဏီအမည္ကေတာ့ Easi Australia ျဖစ္ၿပီး၊ အစားအေသာက္ပုိ႔တဲ့ ဝန္ထမ္းကေတာ့ အေတာ္ေလးကို ဆာေလာင္ေနတဲ့ပုံစံမ်ိဳးနဲ႔ အစားအစာေတြကို အားရပါးရ စားေသာက္ခဲ့တာ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ကုိ အနီးအနားမွာရွိတဲ့ စားေသာက္ဆုိင္ပိုင္ရွင္တစ္ဦးက မွတ္တမ္းတင္ခဲ့ပါတယ္။

မွတ္တမ္းတင္တဲ့ စားေသာက္ဆုိင္ပုိင္ရွင္ရဲ႕အမည္ကေတာ့ Anarug Humigan ျဖစ္ၿပီး၊ သူဟာ အစားအစာေတြ ခုိးစားေနတဲ့ Delivery ကုိ အေပၚထပ္လသာေဆာင္ကေန လွမ္းျမင္လုိက္ရတာပါ။

သူဟာ တစ္ဝက္တစ္ပ်က္စားေသာက္ၿပီးေနာက္ အဲဒီဘူးကိုျပန္ထည့္ၿပီး၊ အေအးဘူးကိုပါ ထုတ္ေသာက္လုိက္ပါေသးတယ္။

အဲဒီေနာက္ ပုိ႔ရမယ့္အထုတ္ကို ဆုိင္ကယ္ေရွ႕မွာခ်ိတ္ၿပီး ေမာင္းထြက္သြားခဲ့ပါတယ္။

Humigan ရဲ႕ ေျပာၾကားခ်က္အရေတာ့ သူက လွမ္းေအာ္ေပမယ့္ Delivery သမားက လုံးဝဂ႐ုမစုိက္ပါဘူးတဲ့။

Humigan က သူကုိယ္တုိင္က Easi ရဲ႕ အစားအေသာက္ေတြကို မွာယူစားေသာက္ေနသူတစ္ေယာက္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ အခုလုပ္ရပ္ေၾကာင့္ သူကေတာ့ Easi ကေန အစားအေသာက္ မွာယူစားေသာက္ေတာ့မွာ မဟုတ္ဘူးလုိ႔ Humigan က ေျပာပါတယ္။

Easi Delivery ကလည္း ျပစ္မႈက်ဴးလြန္သူကို စုံစမ္းေနၿပီး အလုပ္ကေန ထုတ္ပယ္မယ့္အေၾကာင္း ေၾကညာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: WaveCele

 # Unicode Version ျဖင့္ ဖတ္ပါ #

သြစတေးလျက Delivery သမားတစ်ဦးဟာ ကာစတမ်မာတွေဆီ ပို့ရမယ့် စားသောက်ဖွယ်ရာတွေကို လူလစ်တဲ့ နေရာတစ်ခုမှာ ပလုပ်ပလောင်းနဲ့ စားသောက်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း ထွက်ရှိလာခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီအတွက် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

ကုမ္ပဏီအမည်ကတော့ Easi Australia ဖြစ်ပြီး၊ အစားအသောက်ပို့တဲ့ ဝန်ထမ်းကတော့ အတော်လေးကို ဆာလောင်နေတဲ့ပုံစံမျိုးနဲ့ အစားအစာတွေကို အားရပါးရ စားသောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက မှတ်တမ်းတင်ခဲ့ပါတယ်။

မှတ်တမ်းတင်တဲ့ စားသောက်ဆိုင်ပိုင်ရှင်ရဲ့အမည်ကတော့ Anarug Humigan ဖြစ်ပြီး၊ သူဟာ အစားအစာတွေ ခိုးစားနေတဲ့ Delivery ကို အပေါ်ထပ်လသာဆောင်ကနေ လှမ်းမြင်လိုက်ရတာပါ။

သူဟာ တစ်ဝက်တစ်ပျက်စားသောက်ပြီးနောက် အဲဒီဘူးကိုပြန်ထည့်ပြီး၊ အအေးဘူးကိုပါ ထုတ်သောက်လိုက်ပါသေးတယ်။

အဲဒီနောက် ပို့ရမယ့်အထုတ်ကို ဆိုင်ကယ်ရှေ့မှာချိတ်ပြီး မောင်းထွက်သွားခဲ့ပါတယ်။

Humigan ရဲ့ ပြောကြားချက်အရတော့ သူက လှမ်းအော်ပေမယ့် Delivery သမားက လုံးဝဂရုမစိုက်ပါဘူးတဲ့။

Humigan က သူကိုယ်တိုင်က Easi ရဲ့ အစားအသောက်တွေကို မှာယူစားသောက်နေသူတစ်ယောက်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလုပ်ရပ်ကြောင့် သူကတော့ Easi ကနေ အစားအသောက် မှာယူစားသောက်တော့မှာ မဟုတ်ဘူးလို့ Humigan က ပြောပါတယ်။

Easi Delivery ကလည်း ပြစ်မှုကျူးလွန်သူကို စုံစမ်းနေပြီး အလုပ်ကနေ ထုတ်ပယ်မယ့်အကြောင်း ကြေညာထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: WaveCele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top