ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×






source : unilad.co.uk


# Unicode Version ဖြင့် ဖတ်ပါ #

အမျိုးသားတစ်ယောက်ဟာ သူစိမ်းတစ်ယောက်ရဲ့ နေအိမ်တံခါးဝမှာ မဖွယ်မရာ ပြုမူခဲ့တာကို နေအိမ်မှာ တပ်ဆင်ထားတဲ့ CCTV က မှတ်တမ်း ရယူထားနိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားရဲ့အမူအကျင့်ကလည်း ခပ်ဆန်းဆန်းပါဘဲ။ လူခေါ်ခေါင်းလောင်းကို စိမ်ပြေနပြေ လျှာနဲ့လျှက်နေတာပါ။

ဘယ်လို အရသာရှိလို့ လုပ်တယ်ဆိုတာ မသိရပေမယ့်၊ မရိုးသားတဲ့ အမူအကျင့်ဆိုတာတော့ အားလုံး သဘောပေါက်မယ် ထင်ပါတယ်။

သူဟာ အဲဒီ လူခေါ်ခေါင်းလောင်းကို ဘယ်လောက်အထိ ကျကျနန လျှက်နေသလဲဆိုရင် အချိန်(၃)နာရီတောင် ကြာပါသတဲ့။ အနောက် ဥရောပ နိုင်ငံအချို့မှာ အခုလိုပဲ လိင်စိတ်ထူးခြားတဲ့ အမူအကျင့် ပိုင်ရှင်တွေ ရှိကြပါတယ်။ တစ်ချို့က ကားနဲ့ လက်ထပ်တာမျိုး ရှိပါတယ်။

တစ်ချို့က သစ်ပင်နဲ့ လက်ထပ်တာ၊ တစ်ချို့ဆို ပဲရစ်မျှော်စင်နဲ့တောင် လက်ထပ်သူတွေ ရှိပါတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ရထားဘူတာကို ချစ်မိလို့ လက်ထပ်တယ်ဆိုတဲ့ သတင်းကလည်း ကမ္ဘာကျော်ခဲ့ဖူးပါတယ်။ အခု ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားနာမည်ကတော့ Roberto Arroyo ပါတဲ့။

သူ့ကို ရဲက စစ်ဆေးမေးမြန်းနေပါတယ်။ အခင်းဖြစ်တဲ့ အချိန်တုန်းက အိမ်ပိုင်ရှင်တွေဖြစ်ကြတဲ့ Sylvia နဲ့ Dave Dungan တို့က မြို့ထဲကို ခဏသွားနေပါတယ်။ သူတို့က ကယ်လီဖိုးနီးယားမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံတွေပါ။ ယခင်ကတည်းက မသင်္ကာလို့ CCTV နဲ့ ထောင်ဖမ်းခဲ့တာလို့ သိရပါတယ်။

source : unilad.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းဇော်ကို (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top