ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


တစ္ေန႕တာ ေရလံုေလာက္စြာ ေသာက္ဖို႕ အေရးျကီးပါတယ္။ တစ္ေန႕ကို ေရရွစ္ခြက္ေသာက္ရမယ္ဆိုတဲ့ စည္းမ်ဥ္းက အခုဆိုရင္ စိတ္ကူးသက္သက္ျဖစ္သြားျပီျဖစ္ပါတယ္။ လူသားေတြရဲ႕ ခႏၶာကိုယ္က တစ္ေန႕ကို ေရရွစ္ခြက္ထက္ပို ျပီး လိုအပ္တဲ့အတြက္ေျကာင့္ျဖစ္ပါတယ္။ ေရဘယ္ေလာက္ေသာက္သင့္လဲဆိုတာကို အျမဲတမ္းေရတြက္ရင္ ေကာင္းပါတယ္။ ဒါေျကာင့္ အခုေဖာ္ျပေပးမွာကေတာ့ အလုပ္ခြင္မွာ ေရဘယ္ေလာက္ေသာက္သင့္လဲဆိုတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။

သင္ဘယ္ေလာက္လိုအပ္လဲဆိုတာကို သိပါ

ေယာက်ာ္းျဖစ္မႈ၊ မိန္းမျဖစ္မႈေတြက ခႏၶာကိုယ္ရဲ႕ ေရလိုအပ္မႈကို ပမာဏကို သက္ေရာက္ႏိုင္ပါတယ္။ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ ေရ ပိုေသာက္ေပးဖို႕ လိုအပ္ပါတယ္။ ေယာက်ာ္းေလးေတြက ပိုျပီးသန္မာျပီး မိန္းကေလးေတြထက္ ကိုယ္အေလးခ်ိန္ပိုတဲ့အတြက္ေျကာင့္ျဖစ္ပါတယ္။

ေရလိုအပ္မႈကို သိဖို႕အတြက္ စည္းမ်ဥ္း

လူတစ္ေယာက္ရဲ႕ တစ္ေန႕တာေရလိုအပ္မႈကို တြက္ခ်က္ဖို႕ ေယဘုယ်စည္းမ်ဥ္းတစ္ခုအျဖစ္ ဒီနည္းကို လိုက္နာရပါမယ္။ ကုိယ္အေလးခ်ိန္ ၁၅ကီလိုတိုင္းအတါက္ ေရ တစ္လီတာကို ေသာက္ေပးရပါမယ္။ သင့္ကိုယ္အေလးခ်ိန္က ၆၀ကီလိုဆိုရင္ တစ္ေန႕တာကို ေရေလးလီတာ ေသာက္ေပးရပါမယ္။

ေရေသာက္ဖို႕ အေကာင္းဆံုးအခ်ိန္

သင္ေရအရမ္းဆာေနတဲ့အခါမွာေတာ့ ေရေသာက္ဖို႕ အခ်ိန္အတိအက်က အရမ္းကိစၥမရွိပါဘူး။ သို႕ေသာ္ မနက္ခင္းပိုင္းကို ေရပိုေသာက္ျပီး ေန႕ခင္းပိုင္းကို ေရနည္းေသာက္တာက အေကာင္းဆံုးျဖစ္ပါတယ္။ ဒီလိုေသာက္ေပးျခင္းက ခဏခဏ အိပ္ယာထျပီး ဆီးသြားရတဲ့ ဒုကၡကို ကာကြယ္ေပးပါလိမ့္မယ္။

အလုပ္ခြင္မွာ ေရဘယ္ေလာက္ေသာက္သင့္လဲ

တစ္ေန႕ကို ေရေလးလီတာ ေသာက္မယ္ဆိုရင္ မနက္ပိုင္းမွာ ၂.၅လီတာ နဲ႕ ေန႕ခင္းပိုင္းကို ၁.၅လီတာ ေသာက္သင့္ပါတယ္။ အလုပ္ခြင္မွာဆိုရင္ ၂လီတာမွ ၂.၅လီတာအထိ ေသာက္ေပးသင့္ပါတယ္။

ဘာေျကာင့္ အလုပ္မွ ေရလံုလံုေလာက္ေလာက္ေသာက္ျခင္းက အေရးျကီးတာလဲ

အလုပ္မွာ အဲကြန္းခန္းမွာ ေနရတဲ့အတြက္ ေရဆာသလို မခံစားရေတာ့ဘဲ ေရတငံုေသာက္ဖို႕ ေတာင္ ခက္ခဲပါတယ္။ ဒါေျကာင့္ေရလံုလံုေလာက္ေသာက္ေပးျခင္းက အရမ္းကို အေရးျကီးပါတယ္။ အလုပ္ဘက္က ျကည့္မယ္ဆိုရင္ ေရဓာတ္္လံုေလာက္ျခင္းက သင့္ဦးေႏွာက္ကို ပိုအလုပ္လုပ္ေစျပီး သင္ရဲ႕လုပ္ေဆာင္ေရးကိုလဲ တိုးတတ္ေစပါလိမ့္မယ္။ ေရလံုေလာက္စြာ ေသာက္ျခင္းက ေမာပန္းႏြမ္းနယ္မႈကို ေလ်ာ့ခ်ေစျပီး သင့္ခႏၶာကိုယ္မွ အဆိပ္အေတာက္ေတြကို သန္႕စင္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwinpyin

#Unicode Version#

တစ်နေ့တာ ရေလုံလောက်စွာ သောက်ဖို့ အရေးကြီးပါတယ်။ တစ်နေ့ကို ရေရှစ်ခွက်သောက်ရမယ်ဆိုတဲ့ စည်းမျဉ်းက အခုဆိုရင် စိတ်ကူးသက်သက်ဖြစ်သွားပြီဖြစ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က တစ်နေ့ကို ရေရှစ်ခွက်ထက်ပို ပြီး လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရေဘယ်လောက်သောက်သင့်လဲဆိုတာကို အမြဲတမ်းရေတွက်ရင် ကောင်းပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမှာကတော့ အလုပ်ခွင်မှာ ရေဘယ်လောက်သောက်သင့်လဲဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

သင်ဘယ်လောက်လိုအပ်လဲဆိုတာကို သိပါ

ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုတွေက ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုကို ပမာဏကို သက်ရောက်နိုင်ပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ရေ ပိုသောက်ပေးဖို့ လိုအပ်ပါတယ်။ ယောကျာ်းလေးတွေက ပိုပြီးသန်မာပြီး မိန်းကလေးတွေထက် ကိုယ်အလေးချိန်ပိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ရေလိုအပ်မှုကို သိဖို့အတွက် စည်းမျဉ်း

လူတစ်ယောက်ရဲ့ တစ်နေ့တာရေလိုအပ်မှုကို တွက်ချက်ဖို့ ယေဘုယျစည်းမျဉ်းတစ်ခုအဖြစ် ဒီနည်းကို လိုက်နာရပါမယ်။ ကိုယ်အလေးချိန် ၁၅ကီလိုတိုင်းအတါက် ရေ တစ်လီတာကို သောက်ပေးရပါမယ်။ သင့်ကိုယ်အလေးချိန်က ၆၀ကီလိုဆိုရင် တစ်နေ့တာကို ရေလေးလီတာ သောက်ပေးရပါမယ်။

ရေသောက်ဖို့ အကောင်းဆုံးအချိန်

သင်ရေအရမ်းဆာနေတဲ့အခါမှာတော့ ရေသောက်ဖို့ အချိန်အတိအကျက အရမ်းကိစ္စမရှိပါဘူး။ သို့သော် မနက်ခင်းပိုင်းကို ရေပိုသောက်ပြီး နေ့ခင်းပိုင်းကို ရေနည်းသောက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုသောက်ပေးခြင်းက ခဏခဏ အိပ်ယာထပြီး ဆီးသွားရတဲ့ ဒုက္ခကို ကာကွယ်ပေးပါလိမ့်မယ်။

အလုပ်ခွင်မှာ ရေဘယ်လောက်သောက်သင့်လဲ

တစ်နေ့ကို ရေလေးလီတာ သောက်မယ်ဆိုရင် မနက်ပိုင်းမှာ ၂.၅လီတာ နဲ့ နေ့ခင်းပိုင်းကို ၁.၅လီတာ သောက်သင့်ပါတယ်။ အလုပ်ခွင်မှာဆိုရင် ၂လီတာမှ ၂.၅လီတာအထိ သောက်ပေးသင့်ပါတယ်။

ဘာကြောင့် အလုပ်မှ ရေလုံလုံလောက်လောက်သောက်ခြင်းက အရေးကြီးတာလဲ

အလုပ်မှာ အဲကွန်းခန်းမှာ နေရတဲ့အတွက် ရေဆာသလို မခံစားရတော့ဘဲ ရေတငုံသောက်ဖို့ တောင် ခက်ခဲပါတယ်။ ဒါကြောင့်ရေလုံလုံလောက်သောက်ပေးခြင်းက အရမ်းကို အရေးကြီးပါတယ်။ အလုပ်ဘက်က ကြည့်မယ်ဆိုရင် ရေဓာတ်လုံလောက်ခြင်းက သင့်ဦးနှောက်ကို ပိုအလုပ်လုပ်စေပြီး သင်ရဲ့လုပ်ဆောင်ရေးကိုလဲ တိုးတတ်စေပါလိမ့်မယ်။ ရေလုံလောက်စွာ သောက်ခြင်းက မောပန်းနွမ်းနယ်မှုကို လျော့ချစေပြီး သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top