စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ၾသေၾတးလ်ႏိုင္ငံ ပါ့သ္ၿမိဳ႕တြင္ အရွိန္ျဖင့္ ေမာင္းႏွင္သြားေသာ SUV အမ်ိဳးအစား ကားအမိုးေပၚတြင္ အႏွီးေလးခါးေတာင္က်ိဳက္ထားေသာ အသက္ ၄ ႏွစ္အ႐ြယ္ကေလးငယ္ ထိုင္လွ်က္လိုက္ပါသြားသည္ကို ေတြ႕ရသူမ်ားက ထိတ္လန႔္တၾကားျဖစ္ကာ အဆိုပါကားေနာက္သို႔ လိုက္လံတားဆီးခဲ့ၾကသည္။

ကားေမာင္းသူ အမ်ိဳးသမီးမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ကေလးရဲ႕ မိခင္ျဖစ္ၿပီး ကားအမိုးေပၚမွာ ကေလးပါလာတာကိုမသိပဲ ၁၀ မိနစ္ခန႔္ ၿမိဳ႕ထဲလမ္းတစ္ခ်ိဳ႕ကို အရွိန္နဲ႔ ေမာင္းႏွင္ခဲ့တာကို လမ္းတစ္ေလွ်ာက္တပ္ဆင္ထားတဲ့ လုံၿခဳံေရးကင္မရာေတြကေန ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ကားအမိုးေပၚမွာ အႏွီးဝတ္ေလးနဲ႔ ကေလး ပါသြားတာကို ျမင္ၾကတဲ့ သူေတြက သူမရဲ႕ကားေနာက္ကို လိုက္လာ ေက်ာ္တက္ၿပီး ကားရပ္ခိုင္းခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ထိ သူမရဲ႕ ကားေခါင္မိုးေပၚမွာ ကေလးပါလာတာကို မသိခဲ့ပါဘူးလို႔ ဆိုပါတယ္။ သူမကားရဲ႕ေနာက္ခန္းထဲမွာလည္း ေနာက္ထပ္ ကေလးႏွစ္ေယာက္ကို ထိုင္ခုံမွာ ခါးပတ္ပတ္လွ်က္ေတြ႕ရတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ သူမက အမိုးေပၚက ကေလးကို ေပြ႕ခ်ီၿပီး ကားထဲထည့္ကာ ကားေမာင္း ထြက္ေျပသြားခဲ့ပါတယ္။ ရဲေတြက ေနာက္ကလိုက္လာၿပီး ဓါတ္ဆီဆိုင္တစ္ခုနားမွာ သူမကို ပိတ္ဆို႔ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

အမ်ိဳးသမီးျဖစ္သူဟာ အမႈရင္ဆိုင္ရမွာျဖစ္ၿပီး ကေလးကားအမိုးေပၚမွာ ရွိေနတာကို သိရက္သားနဲ႔ အႏၲရာယ္ျဖစ္ေစႏိုင္ေလာက္ေအာင္ ေမာင္းႏွင္ခဲ့မႈအတြက္ ေထာင္ဒဏ္အျပစ္ေပးခံရဖို႔ရွိေနၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
 သြတြေးလျနိုင်ငံ ပါ့သ်မြို့တွင် အရှိန်ဖြင့် မောင်းနှင်သွားသော SUV အမျိုးအစား ကားအမိုးပေါ်တွင် အနှီးလေးခါးတောင်ကျိုက်ထားသော အသက် ၄ နှစ်အရွယ်ကလေးငယ် ထိုင်လျှက်လိုက်ပါသွားသည်ကို တွေ့ရသူများက ထိတ်လန့်တကြားဖြစ်ကာ အဆိုပါကားနောက်သို့ လိုက်လံတားဆီးခဲ့ကြသည်။

ကားမောင်းသူ အမျိုးသမီးမှာ အသက် ၃၆ နှစ်အရွယ် ကလေးရဲ့ မိခင်ဖြစ်ပြီး ကားအမိုးပေါ်မှာ ကလေးပါလာတာကိုမသိပဲ ၁၀ မိနစ်ခန့် မြို့ထဲလမ်းတစ်ချို့ကို အရှိန်နဲ့ မောင်းနှင်ခဲ့တာကို လမ်းတစ်လျှောက်တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကနေ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

ကားအမိုးပေါ်မှာ အနှီးဝတ်လေးနဲ့ ကလေး ပါသွားတာကို မြင်ကြတဲ့ သူတွေက သူမရဲ့ကားနောက်ကို လိုက်လာ ကျော်တက်ပြီး ကားရပ်ခိုင်းခဲ့ကြပါတယ်။ အဲဒီအချိန်ထိ သူမရဲ့ ကားခေါင်မိုးပေါ်မှာ ကလေးပါလာတာကို မသိခဲ့ပါဘူးလို့ ဆိုပါတယ်။ သူမကားရဲ့နောက်ခန်းထဲမှာလည်း နောက်ထပ် ကလေးနှစ်ယောက်ကို ထိုင်ခုံမှာ ခါးပတ်ပတ်လျှက်တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် သူမက အမိုးပေါ်က ကလေးကို ပွေ့ချီပြီး ကားထဲထည့်ကာ ကားမောင်း ထွက်ပြေသွားခဲ့ပါတယ်။ ရဲတွေက နောက်ကလိုက်လာပြီး ဓါတ်ဆီဆိုင်တစ်ခုနားမှာ သူမကို ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အမျိုးသမီးဖြစ်သူဟာ အမှုရင်ဆိုင်ရမှာဖြစ်ပြီး ကလေးကားအမိုးပေါ်မှာ ရှိနေတာကို သိရက်သားနဲ့ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် မောင်းနှင်ခဲ့မှုအတွက် ထောင်ဒဏ်အပြစ်ပေးခံရဖို့ရှိနေကြာင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top