ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ဧရာ၀တီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္၌ ႏြားထီးတစ္ေကာင္ေရာင္းခ်ခဲ့ရာမွရရွိေသာ တစ္ေသာင္းတန္က်ပ္ ၁၅ သိန္း ၈ ေသာင္း အနက္ အစစ္တစ္ရြက္တည္းသာပါရွိၿပီး က်န္အားလံုးမွာေငြစကၠဴအတုမ်ားျဖစ္ေနသျဖင့္ ငါးသိုင္းေခ်ာင္း နယ္ေျမရဲစခန္းသို႔ သြားေရာက္အပ္ႏွံတိုင္ၾကားထားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္န၀ါရီလ ၆ ရက္၊ ညပိုင္းအခ်ိန္က ေရၾကည္ၿမိဳ႕နယ္၊ မအူကုန္ေက်းရြာအုပ္စုေန ဦးကိုျမင့္က ၎၏ ႏြားထီးကို အမည္မသိ အမ်ိဳးသားတစ္ဦးက ေငြ ၁၅၈၀၀၀၀ က်ပ္ျဖင့္၀ယ္ယူသည့္အတြက္ ဇရပ္လွေက်းရြာ ရထားသံလမ္းအနီး အထိ ကိုယ္တိုင္လိုက္ပါ ပို႔ေဆာင္ခဲ့ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။


ထို႔ေနာက္ အိမ္သို႔ျပန္လာၿပီး ရရွိေငြ အားလံုးကို ေရတြက္ၾကည့္လိုက္ရာ တစ္ေသာင္းတန္အစစ္ တစ္ရြက္တည္းသာ ပါရွိၿပီး က်န္အားလံုးမွာ အတုမ်ားျဖစ္ေနသည့္ အတြက္ေၾကာင့္ ဇန္န၀ါရီလ ၇ ရက္တြင္ ငါးသိုင္းေခ်ာင္း နယ္ေျမရဲစခန္းသို႔ သြားေရာက္ အပ္ႏွံတိုင္တန္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ကြ်န္ေတာ္တို႔က အမႈကိုလက္ခံၿပီး ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥပေဒပုဒ္မနဲ႔ အမႈဖြင့္ေပးထားပါတယ္။ တရားခံကိုေတာ့ စံုစမ္းေဆာင္ရြက္ေနဆဲ ျဖစ္ၿပီး ဒီကိစၥျဖစ္စဥ္ကို အမႈစစ္ကိုယ္တိုင္ပိုသိပါလိမ့္မယ္။ ကြ်န္ေတာ္ကေတာ့ ဒီေလာက္ပဲ အတည္ျပဳ ေျပာျပေပးလို႔ရတယ္” ဟု ငါးသိုင္းေခ်ာင္းနယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။


အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူအား ဗဟိုဘဏ္အက္ဥပေဒပုဒ္မ-၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္လွစ္ကာ ဖမ္းဆီး ရမိေရး ေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းေဇာ္ဦး (ေရၾကည္)၊ စုိးမင္းဦး(ငါးသုိင္းေခ်ာင္း) ဒါးဇ(အကုန္သိသတင္းဌာန)

#Unicode Version#

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ နွားထီးတစ်ကောင်ရောင်းချခဲ့ရာမှရရှိသော တစ်သောင်းတန်ကျပ် ၁၅ သိန်း ၈ သောင်း အနက် အစစ်တစ်ရွက်တည်းသာပါရှိပြီး ကျန်အားလုံးမှာငွေစက္ကူအတုများဖြစ်နေသဖြင့် ငါးသိုင်းချောင်း နယ်မြေရဲစခန်းသို့ သွားရောက်အပ်နှံတိုင်ကြားထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက်၊ ညပိုင်းအချိန်က ရေကြည်မြို့နယ်၊ မအူကုန်ကျေးရွာအုပ်စုနေ ဦးကိုမြင့်က ၎င်း၏ နွားထီးကို အမည်မသိ အမျိုးသားတစ်ဦးက ငွေ ၁၅၈၀၀၀၀ ကျပ်ဖြင့်ဝယ်ယူသည့်အတွက် ဇရပ်လှကျေးရွာ ရထားသံလမ်းအနီး အထိ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

ထို့နောက် အိမ်သို့ပြန်လာပြီး ရရှိငွေ အားလုံးကို ရေတွက်ကြည့်လိုက်ရာ တစ်သောင်းတန်အစစ် တစ်ရွက်တည်းသာ ပါရှိပြီး ကျန်အားလုံးမှာ အတုများဖြစ်နေသည့် အတွက်ကြောင့် ဇန်နဝါရီလ ၇ ရက်တွင် ငါးသိုင်းချောင်း နယ်မြေရဲစခန်းသို့ သွားရောက် အပ်နှံတိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့က အမှုကိုလက်ခံပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မနဲ့ အမှုဖွင့်ပေးထားပါတယ်။ တရားခံကိုတော့ စုံစမ်းဆောင်ရွက်နေဆဲ ဖြစ်ပြီး ဒီကိစ္စဖြစ်စဉ်ကို အမှုစစ်ကိုယ်တိုင်ပိုသိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလောက်ပဲ အတည်ပြု ပြောပြပေးလို့ရတယ်” ဟု ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဗဟိုဘဏ်အက်ဥပဒေပုဒ်မ-၁၀၅/၁၀၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top