သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံမွာ ဆယ္ေက်ာ္သက္မိန္းကေလးရဲ႕ ႐ုပ္အေလာင္းကို အုတ္ဂူ ေျမပုံကေန တူးေဖာ္ၿပီး ခုိးယူသြားမႈ ျဖစ္ပြားတာေၾကာင့္ ဒါဟာ ၀ိညာဥ္မဂၤလာေဆာင္ေၾကာင့္ ခုလို ႐ုပ္အေလာင္းကို တူးေဖာ္ခုိးယူသြားတာလို႔ ထင္ျမင္ယူဆေနၾကပါတယ္။

Minghun လို႔ ေခၚၾကတဲ့ ၀ိညာဥ္မဂၤလာေဆာင္ဟာ ေသဆုံးသူကို ေနာင္ဘ၀မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိေရးအတြက္ ႐ုပ္အေလာင္းကို သက္ရွိလူသားတစ္ဦးနဲ႔ အခမ္းအနားျပဳလုပ္ၿပီး မဂၤလာေဆာင္ေပးတဲ့ ဓေလ့ပဲ ျဖစ္ပါတယ္။ဒီဓေလ့ထုံးစံကို လက္ထပ္ကာစ သတို႔သား၊ သတို႔သမီး တစ္ဦးဦး ေသဆုံးရင္၊ ဒါမွမဟုတ္ ဆယ္ေက်ာ္သက္ လူပ်ဳိလူလြတ္တစ္ဦး ေသဆုံးရင္ အဓိကထား လုပ္ေပးတတ္ၾကတဲ့ ဓေလ့ထုံးစံတစ္ရပ္ပဲ ျဖစ္ပါတယ္။

ရွန္ရွီျပည္နယ္က ရြာတစ္ရြာမွာဆုိရင္ ၂၀၁၅ တစ္ႏွစ္တည္းမွာ အမ်ဳိးသမီး ႐ုပ္အေလာင္းေပါင္း ၁၄ ေလာင္းအထိ စံခ်ိန္တင္ ေပ်ာက္ဆုံးခဲ့ေၾကာင္း ဘီဘီစီသတင္းတစ္ရပ္က ေဖာ္ျပဖူးပါတယ္။အခု ေပ်ာက္ဆုံးတဲ့ ႐ုပ္အေလာင္းဟာ ၁၈ အရြယ္ မိန္းမပ်ဳိရဲ႕ ႐ုပ္အေလာင္းျဖစ္ၿပီး ၀ိညာဥ္လက္ထပ္ပြဲအတြက္ ခိုးယူခံရတာလို႔ မိသားစုေတြကပါ ယုံၾကည္ယူဆထားလ်က္ ရွိပါတယ္။

မိန္းကေလးရဲ႕ အုတ္ဂူမွာ ဘာတန္ဖိုးႀကီးတာ တစ္ခုမွ ထည့္မျမဳပ္ခဲ့ေၾကာင္း ၎ရဲ႕ မိသားစုေတြက ေျပာပါတယ္။တူးေဖာ္ခံထားရတဲ့ အဲဒီ အုတ္ဂူမွာ လက္အိတ္တစ္စုံေတြ႔တာေၾကာင့္ တူးေဖာ္သူေတြထဲက တစ္ေယာက္ေယာက္ရဲ႕ လက္အိတ္ျဖစ္မယ္ဆိုၿပီး ရဲက သက္ေသခံအျဖစ္ သိမ္းဆည္းထားပါတယ္။

မိသားစုေတြကေတာ့ ဒီမိန္းေကလးရဲ႕ ႐ုပ္အေလာင္းကို ၀ိညာဥ္လက္ထပ္ပြဲ က်င္းပေပးဖို႔ လူစိမ္းတစ္သိုက္ အိမ္ကိုေရာက္လာၿပီး လာ၀ယ္ဖူးေၾကာင္း ေျပာၾကပါတယ္။ ဒါေပမယ့္ သူတို႔က ျငင္းပယ္ခဲ့တာပါ။အခု အေလာင္းေပ်ာက္ဆုံးတဲ့ အမႈကိစၥကို ေဒသခံအာဏာပိုင္ေတြက စုံစမ္းစစ္ေဆးလ်က္ ရွိေနပါၿပီ။

တ႐ုတ္မွာ တာ၀န္ရွိသူေတြဟာ အေလာင္းအေရာင္းအ၀ယ္လုပ္တာကို ၂၀၀၆ ခုႏွစ္ ၾသဂုတ္လမွာ ဥပေဒမဲ့ လုပ္ရပ္အျဖစ္ ျပဌာန္းထားခဲ့တာ ျဖစ္ပါတယ္။ဒီဥပေဒကို ခ်ဳိးေဖာက္တယ္လို႔ ယူဆရသူကို ေထာင္ဒဏ္သုံးႏွစ္နဲ႔ အထက္ အျပစ္ေပးတာလည္း ျဖစ္ပါတယ္။

Rf; Mirror
ဖိုးသူေတာ္(www.phothutaw.com)
Credit: ေမာင္သံဆင့္(Daily Hot News)

#Unicode Version#
တရုတ်နိုင်ငံမှာ ဆယ်ကျော်သက်မိန်းကလေးရဲ့ ရုပ်အလောင်းကို အုတ်ဂူမြေပုံကနေ တူးဖော်ပြီး ခိုးယူသွားမှု ဖြစ်ပွားတာကြောင့် ဒါဟာ ဝိညာဉ်မင်္ဂလာဆောင်ကြောင့် ခုလို ရုပ်အလောင်းကို တူးဖော်ခိုးယူသွားတာလို့ ထင်မြင်ယူဆနေကြပါတယ်။

Minghun လို့ ခေါ်ကြတဲ့ ဝိညာဉ်မင်္ဂလာဆောင်ဟာ သေဆုံးသူကို နောင်ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိရေးအတွက် ရုပ်အလောင်းကို သက်ရှိလူသားတစ်ဦးနဲ့ အခမ်းအနားပြုလုပ်ပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ဒီဓလေ့ထုံးစံကို လက်ထပ်ကာစ သတို့သား၊ သတို့သမီး တစ်ဦးဦး သေဆုံးရင်၊ ဒါမှမဟုတ် ဆယ်ကျော်သက် လူပျိုလူလွတ်တစ်ဦး သေဆုံးရင် အဓိကထား လုပ်ပေးတတ်ကြတဲ့ ဓလေ့ထုံးစံတစ်ရပ်ပဲ ဖြစ်ပါတယ်။

ရှန်ရှီပြည်နယ်က ရွာတစ်ရွာမှာဆိုရင် ၂၀၁၅ တစ်နှစ်တည်းမှာ အမျိုးသမီး ရုပ်အလောင်းပေါင်း ၁၄ လောင်းအထိ စံချိန်တင် ပျောက်ဆုံးခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြဖူးပါတယ်။အခု ပျောက်ဆုံးတဲ့ ရုပ်အလောင်းဟာ ၁၈ အရွယ် မိန်းမပျိုရဲ့ ရုပ်အလောင်းဖြစ်ပြီး ဝိညာဉ်လက်ထပ်ပွဲအတွက် ခိုးယူခံရတာလို့ မိသားစုတွေကပါ ယုံကြည်ယူဆထားလျက် ရှိပါတယ်။

မိန်းကလေးရဲ့ အုတ်ဂူမှာ ဘာတန်ဖိုးကြီးတာ တစ်ခုမှ ထည့်မမြုပ်ခဲ့ကြောင်း ၎င်းရဲ့ မိသားစုတွေက ပြောပါတယ်။တူးဖော်ခံထားရတဲ့ အဲဒီ အုတ်ဂူမှာ လက်အိတ်တစ်စုံတွေ့တာကြောင့် တူးဖော်သူတွေထဲက တစ်ယောက်ယောက်ရဲ့ လက်အိတ်ဖြစ်မယ်ဆိုပြီး ရဲက သက်သေခံအဖြစ် သိမ်းဆည်းထားပါတယ်။

မိသားစုတွေကတော့ ဒီမိန်းကေလးရဲ့ ရုပ်အလောင်းကို ဝိညာဉ်လက်ထပ်ပွဲ ကျင်းပပေးဖို့ လူစိမ်းတစ်သိုက် အိမ်ကိုရောက်လာပြီး လာဝယ်ဖူးကြောင်း ပြောကြပါတယ်။ ဒါပေမယ့် သူတို့က ငြင်းပယ်ခဲ့တာပါ။အခု အလောင်းပျောက်ဆုံးတဲ့ အမှုကိစ္စကို ဒေသခံအာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိနေပါပြီ။

တရုတ်မှာ တာဝန်ရှိသူတွေဟာ အလောင်းအရောင်းအဝယ်လုပ်တာကို ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ဥပဒေမဲ့ လုပ်ရပ်အဖြစ် ပြဌာန်းထားခဲ့တာ ဖြစ်ပါတယ်။ဒီဥပဒေကို ချိုးဖောက်တယ်လို့ ယူဆရသူကို ထောင်ဒဏ်သုံးနှစ်နဲ့ အထက် အပြစ်ပေးတာလည်း ဖြစ်ပါတယ်။

Rf; Mirror
ဖိုးသူတော်(www.phothutaw.com)
Credit: မောင်သံဆင့်(Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top