ရွယ္ယာရွင္မ်ားထံမွ က်ပ္သိန္းေသာင္းခ်ီ လိမ္လည္ခဲ့ေသာ ဂ်ဴးဂ်ဴး(ခ) သက္သက္ၿမိဳင္ကို ဖမ္းဆီး ထိန္းသိမ္းထားၿပီး ဇန္နဝါရီ၂၅ရက္တြင္ ဗဟန္းတရား႐ံုး၌ ပထမအႀကိမ္႐ံုးထုတ္ခဲ့သည္။

Jude Jude လုပ္ငန္းစု နာ မည္ျဖင့္ ရွယ္ယာထည့္ဝင္သူမ်ား ဖိတ္ေခၚခဲ့ေသာ ဂ်ဴးဂ်ဴးသည္ရွယ္ ယာဝင္ ၁,၆၀၀ ေက်ာ္ထံမွ က်ပ္ သိန္း ရွစ္ေသာင္းခန္႔လိမ္လည္ တိမ္းေရွာင္ခဲ့သည္ဆိုကာ နစ္နာ သူမ်ားက ၂၀၁၇ ႏိုဝင္ဘာကစ၍ တရားစြဲဆိုခဲ့သည္။

၂၀၁၈ အတြင္း ရန္ကင္း၊ ဗဟန္း၊ သဃၤန္းကြၽန္းႏွင့္ ခ႐ိုင္ တ ရား႐ံုးမ်ားတြင္ နစ္နာသူမ်ားက တရားမမႈ၊ လိမ္လည္မႈမ်ားျဖင့္ တရားစြဲဆိုမႈေပါင္း ၄၀ ခန္႔ရွိေသာ္ လည္း ဂ်ဴးဂ်ဴးသည္ တရား႐ံုးအ သီးသီးမွ အာမခံရၿပီး ျပင္ပမွ အမႈ ရင္ဆိုင္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ နစ္နာသူတစ္ဦးကေငြေၾကးဆိုင္ ရာ အထူးဥပေဒပုဒ္မ ၁၇၁ ျဖင့္ တရားစြဲဆိုခဲ့ရာ ထုိပုဒ္မသည္ အာမခံေပး၍မရေသာ ပုဒ္မျဖစ္ သျဖင့္ ဂ်ဴးဂ်ဴးကို ဇန္နဝါရီ ၁၈ ရက္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး အင္းစိန္အခ်ဳပ္သို႔ ပို႔ေဆာင္ခဲ့ သည္။

‘‘တျခားအမႈတစ္ခုရင္ဆိုင္ ၿပီး တရား႐ံုးက အထြက္မွာပဲတစ္ ခါတည္းဖမ္းၿပီး အခ်ဳပ္ပို႔လိုက္ တာပါ’’ ဟု တရားလိုဘက္မွလိုက္ ပါေဆာင္ရြက္ေနေသာ တရား လႊတ္ေတာ္ေရွ႕ေန ဦးေနစည္သူ ေဇာ္က ေျပာသည္။

၎ကို ဖမ္းဆီးထားေသာ ပုဒ္မ ၁၇၁ သည္ ဗဟိုဘဏ္၏ တ ရားဝင္ခြင့္ျပဳခ်က္မရွိဘဲ အစုရွယ္ ယာမ်ား လက္ခံသျဖင့္ အေရးယူ သည့္ပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္ ၂ ႏွစ္မွ ၅ ႏွစ္အထိ က်ႏိုင္ကာ ဒဏ္ေငြက်ပ္သိန္းငါးေထာင္ပါ တစ္ပါတည္း ခ်မွတ္ခံရ ႏိုင္သည္။

ဂ်ဴးဂ်ဴးသည္ လိမ္လည္မႈ မ်ားေၾကာင့္ တရားစြဲဆိုခံရၿပီး အာမခံျဖင့္ အမႈရင္ဆိုင္ေနစဥ္ မွာပင္ အစုရွယ္ယာမ်ား ထပ္မံ ေခၚယူခဲ့ၿပီး လုပ္ငန္းအခ်ိဳ႕ကို ဆက္လက္လည္ပတ္ခဲ့ေသးသည္ ဟု ရွယ္ယာရွင္အခ်ိဳ႕က ေျပာ သည္။ ေနာက္ထပ္ေခၚယူသည့္ ရွယ္ယာမ်ားကိုလည္း မရွင္းေပး ေၾကာင္း ရွယ္ယာရွင္ အမ်ိဳးသမီး တစ္ဦးက ေျပာသည္။

‘‘သူက ဒီလိုေတြျဖစ္လာေပ မယ့္ အမႈရင္ဆိုင္ေနလည္း သူ႔ လုပ္ငန္းေတြကို ျပန္လုပ္မယ္။ သူ လုပ္ႏိုင္ပါတယ္။ ညႇိႏႈိင္းၿပီး ေငြ ျပန္ေပးမယ္ေပါ့။ ပိုက္ဆံထပ္ ထည့္ဖို႔ ရွယ္ယာထပ္ေခၚတယ္။ ၿပီးေတာ့ ျပန္လည္းမရဘူး။ ႏွစ္ခါ လိမ္သြားတာေပါ့’’ ဟု ေငြေၾကး ထည့္ဝင္သူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ဂ်ဴးဂ်ဴးကို တရား႐ံုးအသီးသီး၌ လိမ္လည္မႈ၊ တရားမနစ္နာမႈမ်ားျဖင့္ တရားစြဲ ဆိုမႈေပါင္း ၅၀ ခန္႔ရွိေနၿပီး ဗဟန္း တရား႐ံုး၌ အမႈ ၂၀ ခန္႔ရွိေန သည္။ ယခုစြဲဆိုထားသည့္ ပုဒ္မ ၁၇၁ အျပင္ အျခားပုဒ္မမ်ားကို တရားရင္ဆိုင္ရန္ ဗဟန္းတရား႐ုံး ၌ ေဖေဖာ္ဝါရီ ၁ ရက္သုိ႔ ျပန္လည္ ခ်ိန္းဆိုထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7 Day
#Unicode Version#
ရှယ်ယာရှင်များထံမှ ကျပ်သိန်းသောင်းချီ လိမ်လည်ခဲ့သော ဂျူးဂျူး(ခ) သက်သက်မြိုင်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဇန်နဝါရီ၂၅ရက်တွင် ဗဟန်းတရားရုံး၌ ပထမအကြိမ်ရုံးထုတ်ခဲ့သည်။

Jude Jude လုပ်ငန်းစု နာ မည်ဖြင့် ရှယ်ယာထည့်ဝင်သူများ ဖိတ်ခေါ်ခဲ့သော ဂျူးဂျူးသည်ရှယ် ယာဝင် ၁,၆၀၀ ကျော်ထံမှ ကျပ် သိန်း ရှစ်သောင်းခန့်လိမ်လည် တိမ်းရှောင်ခဲ့သည်ဆိုကာ နစ်နာ သူများက ၂၀၁၇ နိုဝင်ဘာကစ၍ တရားစွဲဆိုခဲ့သည်။

၂၀၁၈ အတွင်း ရန်ကင်း၊ ဗဟန်း၊ သင်္ဃန်းကျွန်းနှင့် ခရိုင် တ ရားရုံးများတွင် နစ်နာသူများက တရားမမှု၊ လိမ်လည်မှုများဖြင့် တရားစွဲဆိုမှုပေါင်း ၄၀ ခန့်ရှိသော် လည်း ဂျူးဂျူးသည် တရားရုံးအ သီးသီးမှ အာမခံရပြီး ပြင်ပမှ အမှု ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် နစ်နာသူတစ်ဦးကငွေကြေးဆိုင် ရာ အထူးဥပဒေပုဒ်မ ၁၇၁ ဖြင့် တရားစွဲဆိုခဲ့ရာ ထိုပုဒ်မသည် အာမခံပေး၍မရသော ပုဒ်မဖြစ် သဖြင့် ဂျူးဂျူးကို ဇန်နဝါရီ ၁၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်အချုပ်သို့ ပို့ဆောင်ခဲ့ သည်။

‘‘တခြားအမှုတစ်ခုရင်ဆိုင် ပြီး တရားရုံးက အထွက်မှာပဲတစ် ခါတည်းဖမ်းပြီး အချုပ်ပို့လိုက် တာပါ’’ ဟု တရားလိုဘက်မှလိုက် ပါဆောင်ရွက်နေသော တရား လွှတ်တော်ရှေ့နေ ဦးနေစည်သူ ဇော်က ပြောသည်။

၎င်းကို ဖမ်းဆီးထားသော ပုဒ်မ ၁၇၁ သည် ဗဟိုဘဏ်၏ တ ရားဝင်ခွင့်ပြုချက်မရှိဘဲ အစုရှယ် ယာများ လက်ခံသဖြင့် အရေးယူ သည့်ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ ကျနိုင်ကာ ဒဏ်ငွေကျပ်သိန်းငါးထောင်ပါ တစ်ပါတည်း ချမှတ်ခံရ နိုင်သည်။

ဂျူးဂျူးသည် လိမ်လည်မှု များကြောင့် တရားစွဲဆိုခံရပြီး အာမခံဖြင့် အမှုရင်ဆိုင်နေစဉ် မှာပင် အစုရှယ်ယာများ ထပ်မံ ခေါ်ယူခဲ့ပြီး လုပ်ငန်းအချို့ကို ဆက်လက်လည်ပတ်ခဲ့သေးသည် ဟု ရှယ်ယာရှင်အချို့က ပြော သည်။ နောက်ထပ်ခေါ်ယူသည့် ရှယ်ယာများကိုလည်း မရှင်းပေး ကြောင်း ရှယ်ယာရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

‘‘သူက ဒီလိုတွေဖြစ်လာပေ မယ့် အမှုရင်ဆိုင်နေလည်း သူ့ လုပ်ငန်းတွေကို ပြန်လုပ်မယ်။ သူ လုပ်နိုင်ပါတယ်။ ညှိနှိုင်းပြီး ငွေ ပြန်ပေးမယ်ပေါ့။ ပိုက်ဆံထပ် ထည့်ဖို့ ရှယ်ယာထပ်ခေါ်တယ်။ ပြီးတော့ ပြန်လည်းမရဘူး။ နှစ်ခါ လိမ်သွားတာပေါ့’’ ဟု ငွေကြေး ထည့်ဝင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ဂျူးဂျူးကို တရားရုံးအသီးသီး၌ လိမ်လည်မှု၊ တရားမနစ်နာမှုများဖြင့် တရားစွဲ ဆိုမှုပေါင်း ၅၀ ခန့်ရှိနေပြီး ဗဟန်း တရားရုံး၌ အမှု ၂၀ ခန့်ရှိနေ သည်။ ယခုစွဲဆိုထားသည့် ပုဒ်မ ၁၇၁ အပြင် အခြားပုဒ်မများကို တရားရင်ဆိုင်ရန် ဗဟန်းတရားရုံး ၌ ဖေဖော်ဝါရီ ၁ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7 Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top