



(၂) ဘာပုံကို မြင်ရသလဲ



source : brightside.me


# Unicode Version ဖြင့် ဖတ်ပါ #

အခုဖော်ပြထားတဲ့ ပဟေဠိဓာတ်ပုံလေးတွေထဲမှာ သင် ဘာမြင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ လက်ရှိ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘာလဲဆိုတာကို Brightside က ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို MyanmarNote ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

(၁) ဘာပုံကို အရင်မြင်သလဲ

မြင်းကျား – တကယ်လို့ သင်က မြင်းကျားပုံကို မြင်ရတယ်ဆိုရင်တော့ သင်ဟာ ချစ်စဖွယ်စကားတွေကိုသာ ဆိုတတ်သူ၊ ပျော်ပွဲရွှင်ပွဲတွေကို ခုံမင်နှစ်သက်သူ၊ သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရတာကို သဘောကျသူ ဖြစ်ပါတယ်။ အတွေ့အကြုံအသစ်တွေကို သဘောကျပြီး ဘဝမှာ လွတ်လပ်စွာ ရပ်တည်နေသူပါ။

ခြင်္သေ့ – တကယ်လို့ သင်က ခြင်္သေ့ကို မြင်ရတယ်ဆိုရင်တော့ သင်ဟာ အားလပ်ချိန်တွေဆိုရင် တစ်ယောက်တည်း နေရတာကို သဘောကျသူ၊ စိတ်သဘောထား ပြတ်သားသူ၊ ကြိုက်နှစ်သက်ရာတွေကို မဖြစ်ဖြစ်အောင် လုပ်တတ်သူ၊ သီချင်းတွေကို သဘောကျပြီး၊ ကိုယ်နဲ့မဆိုင်ရင် ဘာသိဘာသာ နေတတ်သူပါ။

(၂) ဘာပုံကို မြင်ရသလဲ

သစ်ပင် – တကယ်လို့ သစ်ပင်ကို သင်ကအရင်ဆုံး မြင်ရတယ်ဆိုရင်တော့ သင်ဟာ အရာကို အလိုလိုသိမြင်တတ်သူ၊ အရာရာကို ယုံကြည်မှုရှိစွာ ရင်ဆိုင်တတ်ပြီး၊ သူတစ်ပါးကို ကူညီတတ်သူ၊ ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းရတာမျိုး သဘောကျသူပါ။

ကျား – တကယ်လို့ သင်က ကျားကို မြင်တယ်ဆိုရင်တော့ သင်ဟာ ဒုက္ခတွေ၊ လောကဓံတရားတွေကို ခံနိုင်ရည်ရှိသူဖြစ်ပြီး၊ အလွန်စိတ်ဓာတ်မာကျောသူ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေကလည်း ခိုင်မာပြီး၊ အများကို ဦးဆောင်နိုင်သူ၊ အရာရာကို အေးအေးဆေးဆေးနဲ့ ရင်ဆိုင်တတ်သူ ဖြစ်ပါတယ်။

source : brightside.me

ဖိုးသူတော် (www.phothutaw.com)
Credit: နေသူရိန် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top