ဒီေန႔(ဇန္နဝါရီလ ၂၂ )ရက္ေန႔ မနက္မွာ ကြယ္လြန္ခဲ့တဲ့ လူ႐ႊင္ေတာ္ ကင္းေကာင္အတြက္ ႐ုပ္ရွင္ဇာတ္ကားအတူတူ႐ိုက္ကူးေနၾကတဲ့ သ႐ုပ္ေဆာင္ေတြက သက္ေပ်ာက္ဆြမ္းကပ္ရင္း အမွ်ေဝခဲ့ၾကပါတယ္။

ဟာသလူ႐ႊင္ေတာ္၊ ဇာတ္ပို႔ သ႐ုပ္ေဆာင္ ဦးကင္းေကာင္ဟာ ဇန္နဝါရီလ ၂၂ ရက္ေန႔ မနက္ ၇ နာရီက ပုပၸါးမွာ ဇာတ္ကား႐ိုက္ေနရင္း ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။ ဒီအတြက္ ဇာတ္ကားအတူတူ႐ိုက္ေနၾကတဲ့ သ႐ုပ္ေဆာင္ေတြ က ဦးကင္းေကာင္အတြက္ သက္ေပ်ာက္ဆြမ္းကပ္ တရားနာခဲ့ၾကတယ္လို႔ လူ႐ႊင္ေတာ္ ၾကာစိက ေျပာျပထားပါတယ္။

‘’ ဦးကင္း ရဲ႕ ေနာက္ဆုံးထြက္သက္ အခန္းေလးမွာ သက္ေပ်ာက္ဆြမ္းကပ္တရားနာ အမွ်ေပးေဝပါသည္... ဦးကင္းၾကားပါေစ သိပါေစ ျမင္ပါေစ ေနာ္’’ ဆိုၿပီးေတာ့ လူ႐ႊင္ေတာ္ၾကာစိရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ဇန္နဝါရီလ ၂၂ ရက္ေန႔ မနက္ ၁၁ နာရီ ၁၀ မိနစ္က ေရးသားခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ၾကာစိက ႐ိုက္ကြင္းေပၚမွာ ကင္းေကာင္ ေျပာေနၾက စကားေတြကိုလည္း တမ္းတလြမ္းဆြတ္ရင္း ေျပာျပခဲ့ပါတယ္။

‘’ ငါေၾကာက္တယ္ ေနာ္။ ခဏခဏေျပာခဲ့တဲ့ ဦးကင္းဘယ္သူမွေၾကာက္စရာမလို႔ေတာ့ပါဘူး။ ေလာကႀကီးထဲက ထြက္သြားလိုက္ၿပီပဲ။ အခုဇာတ္လမ္းေလးကိုေတာင္ မ႐ိုက္သြားႏိုင္ရွာဘူးဗ်ာ’’ ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၂ ရက္ေန႔ မနက္ ၁၀နာရီ ၁၇ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူ႐ႊင္ေတာ္ ၾကာစိနဲ႔ လူ႐ႊင္ေတာ္ ကင္းေကာင္ တို႔ဟာ ႐ုပ္ရွင္ဇာတ္ကားႀကီး အတူတူ ႐ိုက္ကူးေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ပုပၸါးမွာ ႐ိုက္ကူးေနတာပါ။ ဦးကင္းေကာင္အတြက္ အႏုပညာရွင္မ်ားသာမက သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြကလည္းမိသားစုဝင္ေတြနဲ႔ ထပ္တူ ဝမ္းနည္းေၾကကြဲေနၾကတာျဖစ္ပါတယ္။

ဦးကင္းေကာင္ဟာ အႏုပညာေလာကမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈေတြရရွိထားတဲ့ ဦးကင္းေကာင္ဟာ ပရိသတ္ခ်စ္ခင္ရတဲ့ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဒီနေ့(ဇန်နဝါရီလ ၂၂ )ရက်နေ့ မနက်မှာ ကွယ်လွန်ခဲ့တဲ့ လူရွှင်တော် ကင်းကောင်အတွက် ရုပ်ရှင်ဇာတ်ကားအတူတူရိုက်ကူးနေကြတဲ့ သရုပ်ဆောင်တွေက သက်ပျောက်ဆွမ်းကပ်ရင်း အမျှဝေခဲ့ကြပါတယ်။

ဟာသလူရွှင်တော်၊ ဇာတ်ပို့ သရုပ်ဆောင် ဦးကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၇ နာရီက ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဒီအတွက် ဇာတ်ကားအတူတူရိုက်နေကြတဲ့ သရုပ်ဆောင်တွေ က ဦးကင်းကောင်အတွက် သက်ပျောက်ဆွမ်းကပ် တရားနာခဲ့ကြတယ်လို့ လူရွှင်တော် ကြာစိက ပြောပြထားပါတယ်။

‘’ ဦးကင်း ရဲ့ နောက်ဆုံးထွက်သက် အခန်းလေးမှာ သက်ပျောက်ဆွမ်းကပ်တရားနာ အမျှပေးဝေပါသည်... ဦးကင်းကြားပါစေ သိပါစေ မြင်ပါစေ နော်’’ ဆိုပြီးတော့ လူရွှင်တော်ကြာစိရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ကြာစိက ရိုက်ကွင်းပေါ်မှာ ကင်းကောင် ပြောနေကြ စကားတွေကိုလည်း တမ်းတလွမ်းဆွတ်ရင်း ပြောပြခဲ့ပါတယ်။

‘’ ငါကြောက်တယ် နော်။ ခဏခဏပြောခဲ့တဲ့ ဦးကင်းဘယ်သူမှကြောက်စရာမလို့တော့ပါဘူး။ လောကကြီးထဲက ထွက်သွားလိုက်ပြီပဲ။ အခုဇာတ်လမ်းလေးကိုတောင် မရိုက်သွားနိုင်ရှာဘူးဗျာ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၀နာရီ ၁၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လူရွှင်တော် ကြာစိနဲ့ လူရွှင်တော် ကင်းကောင် တို့ဟာ ရုပ်ရှင်ဇာတ်ကားကြီး အတူတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ပုပ္ပါးမှာ ရိုက်ကူးနေတာပါ။ ဦးကင်းကောင်အတွက် အနုပညာရှင်များသာမက သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်းမိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

ဦးကင်းကောင်ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ ဦးကင်းကောင်ဟာ ပရိသတ်ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top